[Zawgyi]

iPhone 11 Series ေတြကို မိတ္ဆက္ထားတာ ပူပူေႏြးေႏြးပဲရွိပါေသးတယ္။ အခုေတာ့ iPhone 12 ရဲ႕ သတင္းအခ်က္အလက္ေတြ စတင္ ထြက္ေပၚလာပါၿပီ။ Apple က လာမယ့္ႏွစ္ထုတ္ ဖုန္းေတြကို iPhone 12 လို႔ နာမည္ေပးထားမယ္လို႔ သတင္းထြက္လာပါတယ္။ Apple အေရး ကြ်မ္းက်င္တဲ့ Ming-Chi Kuo က ဒီသတင္းကို ဖြင့္ခ်လိုက္တာပါ။ သူဟာ ေနာက္ထုတ္မယ့္ iPhone ေတြနဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြကို ႀကိဳတင္ေဟာကိန္းထုတ္ရာမွာ မွန္ကန္တဲ့ သမိုင္းေၾကာင္းရွိပါတယ္။

Kuo က ၂၀၂၀ ခုႏွစ္ စက္တင္ဘာလမွာ iPhone မ်ိဳးဆက္သစ္ေတြကို ေၾကညာမယ္လို႔ ေျပာပါတယ္။ လက္ရွိမွာ iPhone 12 ရဲ႕ တျခား သတင္းအခ်က္အလက္ေတြ မ်ားမ်ားစားစား ထြက္ေပၚျခင္းေတာ့ မရွိေသးပါဘူး။ iPhone 11, 11 Pro နဲ႔ 11 Pro Max ေတြကို မၾကာခင္ကမွ ေရာင္းေပးထားတာ ျဖစ္ပါတယ္။ ထြက္ေပၚေနတဲ့ သတင္းေတြအရ iPhone 12 မွာ ဒီဇိုင္းကို လံုး၀ ဆန္းသစ္ထားၿပီး မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ အာရံုခံ ကိရိယာ ပါလာႏုိင္ပါတယ္။ 5G iPhone 12 ကိုလည္း ထုတ္လုပ္မွာ ျဖစ္တဲ့အတြက္ လာမယ့္နွစ္မွာေတာ့ 5G Android Phone ေတြကို လိုက္ဖိုက္ႏုိင္ေတာ့မွာပါ။

ဒီႏွစ္ထုတ္ iPhone ေတြကို iPhone 11 လို႔ နာမည္ေပးထားတဲ့ အတြက္ လာမယ့္ႏွစ္မွာ iPhone 12 နာမည္နဲ႔ထြက္လာမယ္လို႔ ရိုးရိုးရွင္းရွင္း တြက္ဆလို႔ရပါတယ္။ ဒါေပမယ့္ အဲဒီလိုေတြးရင္ေတာ့ မဟုတ္ေသးပါဘူး။ Apple ဟာ နာမည္ေတြကို အေျပာင္းအလဲလုပ္ေလ့ရွိပါတယ္။ iPhone X ရဲ႕ မ်ိဳးဆက္ကို iPhone XS လို႔ နာမည္ေပးခဲ့ပါတယ္။ အဲဒီအတြက္ လာမယ့္ႏွစ္ထုတ္ iPhone ကို iPhone 11S လို႔လည္း နာမည္ေပးထားႏုိင္ပါတယ္။

ဒါေပမယ့္ Apple ဆရာႀကီး Kuo က iPhone 12 လို႔ ေျပာတဲ့အတြက္ အဲဒီနာမည္အတိုင္းထြက္လာဖို႔ မ်ားပါတယ္။ iPhone 12 ရဲ႕ သတင္းေတြ အခုကတည္းက ထြက္လာၿပီ ျဖစ္ၿပီး လာမယ့္ႏွစ္ စက္တင္ဘာလ မတိုင္ခင္အထိ ေျဗာင္းဆန္ေအာင္ ၾကားရဦးမွာပါ။

Ref : techradar

[Unicode]

Apple ရဲ့ လာမယ့်နှစ်ထုတ် ဖုန်းတွေကို iPhone 12 လို့ နာမည်ပေးထားမယ်လို့ ဆို

iPhone 11 Series တွေကို မိတ်ဆက်ထားတာ ပူပူနွေးနွေးပဲရှိပါသေးတယ်။ အခုတော့ iPhone 12 ရဲ့ သတင်းအချက်အလက်တွေ စတင် ထွက်ပေါ်လာပါပြီ။ Apple က လာမယ့်နှစ်ထုတ် ဖုန်းတွေကို iPhone 12 လို့ နာမည်ပေးထားမယ်လို့ သတင်းထွက်လာပါတယ်။ Apple အရေး ကျွမ်းကျင်တဲ့ Ming-Chi Kuo က ဒီသတင်းကို ဖွင့်ချလိုက်တာပါ။ သူဟာ နောက်ထုတ်မယ့် iPhone တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ကြိုတင်ဟောကိန်းထုတ်ရာမှာ မှန်ကန်တဲ့ သမိုင်းကြောင်းရှိပါတယ်။

Kuo က ၂၀၂၀ ခုနှစ် စက်တင်ဘာလမှာ iPhone မျိုးဆက်သစ်တွေကို ကြေညာမယ်လို့ ပြောပါတယ်။ လက်ရှိမှာ iPhone 12 ရဲ့ တခြား သတင်းအချက်အလက်တွေ များများစားစား ထွက်ပေါ်ခြင်းတော့ မရှိသေးပါဘူး။ iPhone 11, 11 Pro နဲ့ 11 Pro Max တွေကို မကြာခင်ကမှ ရောင်းပေးထားတာ ဖြစ်ပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရ iPhone 12 မှာ ဒီဇိုင်းကို လုံး၀ ဆန်းသစ်ထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ ပါလာနိုင်ပါတယ်။ 5G iPhone 12 ကိုလည်း ထုတ်လုပ်မှာ ဖြစ်တဲ့အတွက် လာမယ့်နှစ်မှာတော့ 5G Android Phone တွေကို လိုက်ဖိုက်နိုင်တော့မှာပါ။

ဒီနှစ်ထုတ် iPhone တွေကို iPhone 11 လို့ နာမည်ပေးထားတဲ့ အတွက် လာမယ့်နှစ်မှာ iPhone 12 နာမည်နဲ့ထွက်လာမယ်လို့ ရိုးရိုးရှင်းရှင်း တွက်ဆလို့ရပါတယ်။ ဒါပေမယ့် အဲဒီလိုတွေးရင်တော့ မဟုတ်သေးပါဘူး။ Apple ဟာ နာမည်တွေကို အပြောင်းအလဲလုပ်လေ့ရှိပါတယ်။ iPhone X ရဲ့ မျိုးဆက်ကို iPhone XS လို့ နာမည်ပေးခဲ့ပါတယ်။ အဲဒီအတွက် လာမယ့်နှစ်ထုတ် iPhone ကို iPhone 11S လို့လည်း နာမည်ပေးထားနိုင်ပါတယ်။

ဒါပေမယ့် Apple ဆရာကြီး Kuo က iPhone 12 လို့ ပြောတဲ့အတွက် အဲဒီနာမည်အတိုင်းထွက်လာဖို့ များပါတယ်။ iPhone 12 ရဲ့ သတင်းတွေ အခုကတည်းက ထွက်လာပြီ ဖြစ်ပြီး လာမယ့်နှစ် စက်တင်ဘာလ မတိုင်ခင်အထိ ဗြောင်းဆန်အောင် ကြားရဦးမှာပါ။

Ref : techradar