ထွက်ပေါ်လာတဲ့ စာရင်းတစ်ခုအရ Apple iPhone 12 Pro နဲ့ 12 Pro Max တို့ဟာလည်း 120Hz Refresh Rate Display ပါဝင်တဲ့ ဖုန်းတွေဖြစ်ကြောင်း ထပ်မံတွေ့ရှိခဲ့ရပါတယ်။

၂၀၂၀ ခုနှစ်အတွင်းမှာ 120Hz Screen နဲ့ထွက်လာမယ့် စမတ်ဖုန်းစာရင်းထဲမှာ ထွက်ရှိဖို့ အတော်လိုသေးတဲ့ Huawei Mate 40 ကိုလည် တွေ့ရပြီး လာမယ့်ဆောင်းရာသီလောက်မှ အိုင်ဖုန်းအသစ်တွေနဲ့ အတူတူလောက် ဈေးကွက်ထဲ ရောက်လာနိုင်မှာပါ။

Refresh Rate အမြင့်စားဖုန်းစာရင်းထဲမှာ iPhone 12 ရဲ့ Pro မော်ဒယ်တွေကိုသာတွေ့ရတဲ့အတွက် ရိုးရိုး iPhone 12 ဟာ 60Hz Refresh Rate နဲ့ပဲ ထွက်လာနိုင်ပါတယ်။

ထုတ်လုပ်မှုပိုင်းနဲ့ပတ်သက်တဲ့ အခြားသတင်းတစ်ခုကတော့ iPhone 12 စီးရီးဟာ အရင်ထက် ပိုပါးလွှာတဲ့ ကိုယ်ထည်တွေနဲ့ ထွက်လာမယ်လို့ ဆိုလာပါတယ်။ 6.7” iPhone 12 Pro Max ဟာ 7.4mm အထူသာ ရှိမယ်လို့ ဆိုထားပြီး ရှေ့မျိုးဆက် iPhone 11 Pro Max တုန်းက 8.1mm ရှိခဲ့ပါတယ်။

ဒီလိုပါးလွှာသွားလို့ ဘက္ထရီကို လျော့ချမှာလည်း ပူစရာမလိုပါဘူး။ Apple ဟာ Multi-layer Stacked Motherboard စနစ်ကို အသုံးပြုလာမှာဖြစ်လို့ မျိုးဆက်သစ် iPhone တွေရဲ့ ဘက္ထရီစွမ်းအားကို အနည်းငယ်မြှင့်တင်ပေးမှာပါ။ iPhone 12 မော်ဒယ်တွေဟာ အမြင့်ဆုံး 4,400 mAh ထိသာ ပါမယ်ဆိုပေမယ့် iPhone 11 Pro Max ရဲ့ 3,969 mAh ဘက္ထရီထက်တော့ သာလွန်နေပါတယ်။

နောက်ဆုံးသတင်းကတော့ iPhone 12 စီးရီးမှာ  နားကြပ်တွေကို တစ်ပါတည်းထည့်ပေးတော့မှာ မဟုတ်ဘူး ဆိုတာပဲ ဖြစ်ပြီး AirPod ရောင်းအားကို မြှင့်တင်ဖို့ Apple ရဲ့ကြိုးစားမှုတစ်ခု ဖြစ်ပါတယ်။

Ref – GSMArena