Apple iPhone 12 Series နဲ့ ပတ်သက်ပြီး သတင်းအမျိုးမျိုး ထွက်နေပါတယ်။ Apple က iPhone 12 Series ရောင်းချတာကို နောက်ဆုတ်မယ်လို့ Nikkei က မကြာခင်က ရေးသားထားပြီး အခုတော့ Digitimes က အဲဒီ သတင်းကို ငြင်းဆိုလိုက်ပါတယ်။

နောက်ထုတ်မယ့် 5G iPhone တွေအတွက် PCB Suppliers တွေကို ထုတ်လုပ်တာ နောက်ဆုတ်ဖို့ Apple က မညွှန်ကြားထားဘူးလို့ စမတ်ဖုန်း နယ်ပယ် အတွင်းပိုင်းက သတင်းထွက်လာပါတယ်။ 5G iPhone လို့ ပြောထားပြီး iPhone 9 ရောင်းချတာတော့ နောက်ကျဖို့ သေချာသလောက်ရှိပါတယ်။

ထိုင်ဝမ် အခြေစိုက် PCB ထုတ်လုပ်သူ Tripod က ကိုရိုနာဗိုင်းရက်စ်ကြောင့် လုပ်ငန်းထိခိုက်မှာ စိုးရိမ်နေပါတယ်။ တရုတ်က စက်ရုံတွေဟာ ပြန်လည် လည်ပတ်နေပြီ ဖြစ်ပေမယ့် ဝယ်လိုအားတွေ မသေမချာဖြစ်နေသလို အလုပ်သမားတွေ ပြန်ခေါ်ရာမှာလည်း အခက်အခဲတွေ ရင်ဆိုင်နေရတဲ့အတွက် ကုန်ကျစားရိတ် မြင့်မားလာနိုင်ပါတယ်။

ကိုရိုနာဗိုင်းရက်စ်ကြောင့် ကမ္ဘာအဝန်းမှာ စက်ရုံ၊ အလုပ်ရုံနဲ့ စီးပွားရေး လုပ်ငန်းများစွာ ပိတ်ထားရပါတယ်။ အဲဒီအတွက် တစ်ကမ္ဘာလုံး စီးပွားရေး ကျဆင်းနေကြပြီး ဒီကပ်ရောဂါဆိုးကို တိုက်ထုတ်နိုင်မှပဲ စီးပွားရေးတွေ ပြန်လည် ဦးမော့လာကြမှာ ဖြစ်ပါတယ်။

Ref : gsmarena