Apple ဟာ 4,000mAh ထက် ပိုကြီးတဲ့ ဘက်ထရီ ပါတဲ့ ပထမဆုံး iPhone ကို မကြာခင်က ကြေညာခဲ့ပါတယ်။ အဲဒါက iPhone 13 Pro Max ဖြစ်ပြီး 4,352mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။ Android ဖုန်းတွေမှာ 5,000mAh နဲ့အထက် ဘက်ထရီတွေကိုတောင် ထည့်သွင်းနေတာနဲ့ ယှဉ်ရင် အများကြီး ကွာနေပါသေးတယ်။ ဒါပေမယ့် Apple ဟာ ဘက်ထရီ သက်တမ်းပိုကောင်းအောင် Hardware နဲ့ Software တွေကို ဖန်တီးထားတဲ့အတွက် Apple ရဲ့ 4,352mAh ဘက်ထရီဟာ Android ရဲ့ 6,000mAh ဘက်ထရီနဲ့ တူညီတယ်လို့ ပြောနိုင်ပါတယ်။

PhoneArena က iPhone 13 Pro Max ရဲ့ ဘက်ထရီကို စမ်းသပ်ခဲ့ပြီး ၃ ရက် အသုံးပြုပြီးနောက်မှာ ၇ ရာခိုင်နှုန်း ကျန်သေးတယ်လို့ ပြောပါတယ်။ ၃ ရက်အတွင်းမှာ ၁ ရက်ကို ၃ နာရီလောက်ပဲ အသုံးပြုခဲ့တာပါ။ စမ်းသပ်မှုအရ Website တွေကြည့်ရင် ၁၈ နာရီနဲ့ ၅၂ မိနစ်၊ ဗီဒီယိုတွေကြည့်ရင် ၁၀ နာရီနဲ့ ၂၃ မိနစ်နဲ့ 3D Mobile Game တွေ ကစားရင် ၁၀ နာရီနဲ့ ၂၉ မိနစ် အသုံးခံပါတယ်။

iPhone 13 Pro Max

သာမာန် သုံးရင် ၃ ရက်လောက် အသုံးခံတယ်ဆိုပေမယ့် Weekend Trip သွားရင် Charger ယူဆောင်သွားဖို့ PhoneArena က အကြံပေးထားပါတယ်။ ဘက်ထရီ သက်တမ်း ဒီထက် ပိုကောင်းချင်ရင် iPhone 13 Pro Max မှာ Power-saving Mode ပါပါသေးတယ်။ အဲဒီ Mode ကို သုံးရင် 60Hz Refresh Rate နဲ့ Run ပေးမှာ ဖြစ်ပြီး ဘက်ထရီ သက်တမ်း ပိုကောင်းစေမှာပါ။

iPhone 13 Pro Max ရဲ့ ဘက်ထရီ သက်တမ်း ကောင်းစေတဲ့ အကြောင်းအရင်းတွေ ရှိပါတယ်။ ပထမ ၁ ခုက ဘက်ထရီစားသုံးတာ သက်သာစေတဲ့ A15 Bionic Chip ကို သုံးထားတာဖြစ်ပြီး ဒုတိယ ၁ ခုက 1Hz ကနေ 120Hz အတွင်း ပြောင်းသုံးနိုင်တဲ့ Dynamic Refresh Rate ဖြစ်ပါတယ်။ နောက်ဆုံး ၁ ခုက အရွယ်ကြီးတဲ့ 4,352mAh ဘက်ထရီကို သုံးထားလို့ ဖြစ်ပါတယ်။

ref : gizchina