Apple ဟာ iPhone 13 Series စမတ်ဖုန်းအသစ်တွေကို ပုံမှန်အတိုင်း လာမယ့်စက်တင်ဘာလအတွင်းမှာ မိတ်ဆက်ဖို့ရှိနေတာဖြစ်ပါတယ်။ အဆိုပါ iPhone 13 Series ဖုန်းတွေဟာ Design ပိုင်းကြီးမားတဲ့ပြောင်းလဲမှုတွေရှိမှာမဟုတ်ပေမယ့် Camera ပိုင်းနဲ့ Feature ပိုင်းတွေမှာ အဆင့်မြှင့်တင်မှုတွေပါဝင်လာဦးမှာဖြစ်ပါတယ်။

အခုလည်း Leaker တစ်ဦးဖြစ်တဲ့ Max Weinbach ကနေ Apple iPhone 13 Series တွေမှာပါဝင်လာမယ့် Feature တစ်ခုကို ထုတ်ဖော်ပြောကြားခဲ့လိုက်ပါတယ်။ ဒါကတော့ iPhone 13 Series မှာပါဝင်တဲ့ Wireless Charging Coil ဟာ လက်ရှိ iPhone 12 Series ထက် အရွယ်အစားကြီးမားနေတာပဲဖြစ်ပါတယ်။

ဒါက ဖြစ်နိုင်ခြေ ၂ မျိုးရှိနေပြီးတော့ ပထမတစ်မျိုးကတော့ Apple အနေနဲ့ iPhone 13 Series တွေမှာ ပိုမိုမြန်ဆန်တဲ့ Wireless Charging Speed ကို Support ပြုလုပ်လာတာဖြစ်ပါတယ်။ ဒုတိယတစ်မျိုးကတော့ လက်ရှိ Android စမတ်ဖုန်းအများအပြားမှာ ပါဝင်တဲ့ Reverse Wireless Charging ကို Support ပြုလုပ်ဖို့အတွက်ဖြစ်ပါတယ်။

လောလောဆယ်မှာ iPhone 12 Series ဟာ Apple MagSafe Charger နဲ့ တွဲဖက်အသုံးပြုမယ်ဆိုရင် အမြင့်ဆုံး 15W အထိအားသွင်းနိုင်ပြီးတော့ Cable နဲ့သွင်းမယ်ဆိုရင်တောင် အမြင့်ဆုံး 20W ကိုပဲ Support ပြုလုပ်တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Apple အနေနဲ့ 20W အထိ Wireless Charging Support ပေးဖို့ စီစဥ်နေတာထက် Reverse Wireless Charging နည်းပညာကို ထည့်သွင်းဖို့စီစဥ်နေတာက ပိုပြီးဖြစ်နိုင်ခြေများနေပါတယ်။

ဘာပဲဖြစ်ဖြစ် Apple ဟာ လာမယ့်နှစ်ပိုင်းမှာ Charging Port မပါဝင်တဲ့ iPhone ကို မိတ်ဆက်ဖို့ရှိနေတဲ့အတွက် Wireless Charging ပိုင်းကို ပိုပြီးကောင်းမွန်အောင် ဆောင်ရွက်နေတာကတော့ သေချာနေပါပြီ။

Ref – GSM Arena