Apple က iPhone 13 Series ကို ကြေညာထားတာမှ မကြာသေးခင်မှာပဲ iPhone 14 Series ရဲ့ သတင်းတွေ စတင်ထွက်ပေါ်လာနေပါပြီ။ နောက်နှစ်ထွက်မယ့် iPhone အသစ်တွေမှာ Storage ဟာ ၂ ဆများလာမယ်လို့ သိရပါတယ်။

 FrontPageTech)

Apple ဟာ iPhone 13 မှာ အမြင့်ဆုံး Storage ကို ၂ ဆ တိုးမြှင့်ပေးခဲ့ပြီး Pro နဲ့ Pro Max မှာ 1TB Storage အထိ ရွေးချယ်ခွင့်ပေးခဲ့ပါတယ်။ အခုထွက်လာတဲ့ သတင်း မှန်မယ်ဆိုရင် iPhone 14 Series မှာ 2TB Storage အထိ ပါလာနိုင်ပါတယ်။

Apple Could Introduce a 2TB Storage Option With the iPhone 14 Release Next  Year | thefastnewz

2TB Storage ပါလာမယ့် မော်ဒယ်တွေကို အသေးစိတ် မသိရသေးပေမယ့် Pro နဲ့ Pro Max မော်ဒယ်တွေမှာ ထည့်ထားနိုင်ပါတယ်။ ကျန်တဲ့ မော်ဒယ်တွေမှာတော့ 512GB ကနေ 1TB အထိ တိုးမြှင့်ပေးထားနိုင်ပါတယ်။ လာမယ့်နှစ်ထွက်မယ့် iPhone တွေမှာ Apple ဟာ အမြင့်ဆုံး Storage ကို ၂ ဆ တိုးမြှင့်ပေးတာ ဘာကြောင့်လဲ ဆိုတာ မသိရသေးပါဘူး။ ကင်မရာ လုပ်ဆောင်ချက် အသစ်တွေဟာ အကြောင်းအရင်း ၁ ခု ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ ဒီနှစ်ထုတ် Pro နဲ့ Pro Max မှာ အနည်းဆုံး 256GB Storage ပါမှသာ 4K 30fps ProRes ဗီဒီယိုတွေ ရိုက်ကူးဖို့ အဆင်ပြေမှာပါ။ 128GB Version မှာ 1080p 30fps ProRes ဗီဒီယိုတွေပဲ ရိုက်ကူးနိုင်ပါတယ်။

iPhone 14 Series ကို ကြေညာဖို့ လပေါင်းများစွာ လိုသေးတဲ့အတွက် အခုသတင်းဟာ သိပ်တော့ ရေရာသေချာမှု မရှိပါဘူး။ ဒီကြားထဲမှာ အဲဒီဖုန်းတွေရဲ့ သတင်းတွေ များစွာ ထွက်လာဦးမှာပါ။

ref : gsmarena