[Zawgyi]

Apple ရဲ႕ Q3 ဝင္ေငြ အစီရင္ခံစာဟာ ဇူလိုင္လ ၃၀ အထိ ထြက္ေပၚလာျခင္း မရွိေသးပါဘူး။ ဒါေပမယ့္လည္း လြတ္လပ္ေသာ ရင္းႏွီးျမႇဳပ္ႏွံမႈကုမၸဏီ ISI ကေတာ့ Apple ဟာ ဝန္ေဆာင္မႈပိုင္းကေန ပိုၿပီးေကာင္းမြန္တဲ့ ဝင္ေငြရရွိေနသလို တ႐ုတ္စားသုံးသူ (သုံးစြဲသူ) ေတြရဲ႕ ဝယ္လိုအား ျမင့္မားမႈကိုလည္း ရရွိထားတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

Q3 အတြက္ ဝန္ေဆာင္မႈကရတဲ့ ဝင္ေငြပိုင္းကို ေျခရာခံတဲ့အခါ အေစာပိုင္းကထက္ ၁၈% တိုးလာတယ္လို႔ ဆိုပါတယ္။ ေနာက္တစ္ပိုင္းကေတာ့ တ႐ုတ္ သုံးစြဲသူေတြဟာ iPhone ဝယ္လိုအားပိုင္းမွာ အေျပာင္းအလဲ မရွိခဲ့ဘူးလို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ႏွစ္တုန္းကေတာ့ Apple ဟာ $37.1 ဘီလီယံကို App Store ကတစ္ဆင့္ ရရွိခဲ့တာ ျဖစ္ပါတယ္။

၂၀၁၉ ရဲ႕ ဒုတိယသုံးလပတ္မွာေတာ့ iPhone ေရာင္းခ်ရမႈဟာ ေႏွးေကြးသြားတာကို ေတြ႕ရေပမယ့္ ျမင့္မားတဲ့ ဝန္ေဆာင္မႈဝင္ေငြအျဖစ္ $11.45 ဘီလီယံ ရရွိခဲ့တယ္လို႔ သိရပါတယ္။ Apple ရဲ႕ ထုတ္ျပန္မႈမွာေတာ့ ဝင္ေငြဟာ $58 ဘီလီယံကေန $52.5 နဲ႔ $54.5 ဘီလီယံ ဝန္းက်င္ၾကား က်ဆင္းသြားႏိုင္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

ဒါေပမယ့္လည္း Apple ဟာ အျခား ဝန္ေဆာင္မႈေတြကို တိုးျမႇင့္လုပ္ကိုင္ခဲ့ၿပီး ကုမၸဏီရဲ႕ လည္ပတ္မႈအရွိန္ကို ျမႇင့္တင္ခဲ့ပါတယ္။ Video Streaming နဲ႔ Gaming Subscription ေတြကေတာ့ ကုမၸဏီရဲ႕ မွီခိုအားထားရာ အခန္းက႑သစ္ေတြျဖစ္လာပါတယ္။ ဒါအျပင့္ တ႐ုတ္ေဈးကြက္ရဲ႕ ဝယ္လိုအားကလည္း အမ်ားထင္ထားသေလာက္ က်ဆင္းသြားျခင္းမရွိဘဲ တည္ၿငိမ္ေနတာေၾကာင့္ Apple ရဲ႕ Q3 ဝင္ေငြဟာ ျမင့္တက္လာဖြယ္ရွိတယ္လို႔ သုံးသပ္ရပါတယ္။

Ref: GSMArena

[Unicode]

တရုတ်ဈေးကွက် ဝယ်လိုအားနဲ့ ဝန်ဆောင်မှုကဏ္ဍတွေကြောင့် Q3 ဝင်ငွေ မြင့်တက်လာနိုင်တဲ့ Apple

Apple ရဲ့ Q3 ဝင်ငွေ အစီရင်ခံစာဟာ ဇူလိုင်လ ၃၀ အထိ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။ ဒါပေမယ့်လည်း လွတ်လပ်သော ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ISI ကတော့ Apple ဟာ ဝန်ဆောင်မှုပိုင်းကနေ ပိုပြီးကောင်းမွန်တဲ့ ဝင်ငွေရရှိနေသလို တရုတ်စားသုံးသူ (သုံးစွဲသူ) တွေရဲ့ ဝယ်လိုအား မြင့်မားမှုကိုလည်း ရရှိထားတယ်လို့ ဖော်ပြခဲ့ပါတယ်။

Q3 အတွက် ဝန်ဆောင်မှုကရတဲ့ ဝင်ငွေပိုင်းကို ခြေရာခံတဲ့အခါ အစောပိုင်းကထက် ၁၈% တိုးလာတယ်လို့ ဆိုပါတယ်။ နောက်တစ်ပိုင်းကတော့ တရုတ် သုံးစွဲသူတွေဟာ iPhone ဝယ်လိုအားပိုင်းမှာ အပြောင်းအလဲ မရှိခဲ့ဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကတော့ Apple ဟာ $37.1 ဘီလီယံကို App Store ကတစ်ဆင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

၂၀၁၉ ရဲ့ ဒုတိယသုံးလပတ်မှာတော့ iPhone ရောင်းချရမှုဟာ နှေးကွေးသွားတာကို တွေ့ရပေမယ့် မြင့်မားတဲ့ ဝန်ဆောင်မှုဝင်ငွေအဖြစ် $11.45 ဘီလီယံ ရရှိခဲ့တယ်လို့ သိရပါတယ်။ Apple ရဲ့ ထုတ်ပြန်မှုမှာတော့ ဝင်ငွေဟာ $58 ဘီလီယံကနေ $52.5 နဲ့ $54.5 ဘီလီယံ ဝန်းကျင်ကြား ကျဆင်းသွားနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း Apple ဟာ အခြား ဝန်ဆောင်မှုတွေကို တိုးမြှင့်လုပ်ကိုင်ခဲ့ပြီး ကုမ္ပဏီရဲ့ လည်ပတ်မှုအရှိန်ကို မြှင့်တင်ခဲ့ပါတယ်။ Video Streaming နဲ့ Gaming Subscription တွေကတော့ ကုမ္ပဏီရဲ့ မှီခိုအားထားရာ အခန်းကဏ္ဍသစ်တွေဖြစ်လာပါတယ်။ ဒါအပြင့် တရုတ်ဈေးကွက်ရဲ့ ဝယ်လိုအားကလည်း အများထင်ထားသလောက် ကျဆင်းသွားခြင်းမရှိဘဲ တည်ငြိမ်နေတာကြောင့် Apple ရဲ့ Q3 ဝင်ငွေဟာ မြင့်တက်လာဖွယ်ရှိတယ်လို့ သုံးသပ်ရပါတယ်။

Ref: GSMArena