[Zawgyi]

အသက္ ၁၁ ႏွစ္အရြယ္ Kayla Ramos က သူမ ညီမရဲ႕ အိပ္ခန္းထဲမွာ သူမရဲ႕ iPhone 6 ဟာ မီးေလာင္သြားတယ္လို႔ ေျပာပါတယ္။ “ သမီး အိုင္ဖုန္းကို လက္မွာ ကိုင္ၿပီး ထိုင္ေနရင္းကေန မီးထေလာင္သြားပါတယ္။ အဲဒါနဲ႔ အိပ္ယာခင္းေပၚ ပစ္ခ်ခဲ့ပါတယ္။ “ လို႔ သူမက ေျပာပါတယ္။  iPhone 6 ကို YouTube Videos မ်ားၾကည့္ဖုို႔ သူမက သံုးၿပီး သူမ ညီမေလးက ဂိမ္းကစားေလ့ရွိတယ္လို႔ သူမက ေျပာပါတယ္။

သူမရဲ႕ မိခင္ Maria Adata က “ ေနာက္ေန႔မွာ Apple Support ကို ဆက္သြယ္ခဲ့ၿပီး ကုမၸဏီက ဓါတ္ပံုမ်ား ေပးပို႔ခိုင္းပါတယ္။ ဖုန္းကိုလည္း အေရာင္းဆိုင္ကို ပို႔ခိုင္းပါတယ္။ ကေလးဟာ မီးေလာင္ၿပီး ဒဏ္ရာရသြားႏုိင္ပါတယ္။ သူ ဘာမွမျဖစ္လို႔ ေတာ္ပါေသးတယ္။ ကုမၸဏီက ဖုန္း မီးေလာင္မႈကို စစ္ေဆးေနၿပီး ဖုန္း အသစ္တစ္လံုး ပို႔ေပးမွာပါ။ “ လို႔ ေျပာပါတယ္။

 

Ramos က ဖုန္း မီးေလာင္မႈေၾကာင့္ အိပ္ယာခင္းနဲ႔ ေမြ႕ယာမွာ အေပါက္ ျဖစ္သြားတယ္လို႔ ေျပာပါတယ္။ Adata က “ အိုင္ဖုန္းကို ကြ်န္မတို႔ အားအလြန္ သြင္းတတ္ၾကပါတယ္။ အပူလြန္ကဲမႈေၾကာင့္ ဒီလို မီးေလာင္သြားတာ ျဖစ္ႏိုင္ပါတယ္။  တကယ္ေတာ့ ဖုန္း အပူလြန္ကဲရတဲ့ အေၾကာင္းအရင္းမ်ားစြာ ရွိပါတယ္။

တစ္ခုက အားသြင္းႀကိဳးလို Apple က ထုတ္လုပ္တဲ့ ကုန္ပစၥည္း မဟုတ္တာမ်ားကို အသံုးျပဳလို႔ ျဖစ္ပါတယ္။ ေနာက္အခ်က္က Apple မဟုတ္တဲ့ ဖုန္းျပင္ဆိုင္မ်ားကေန ျပဳျပင္ၿပီး ဖုန္းကို အျပင္ပိုင္းထိခိုက္မိရင္ ဖုန္း မီးေလာင္ႏုိင္ပါတယ္။ Apple က သူ႔ရဲ႕ ထုတ္ကုန္မ်ားမွာ ခြ်တ္ယြင္းမႈ တစ္စံုတစ္ခု ျဖစ္ပြားရင္ Customer Service ကို ဆက္သြယ္ဖို႔နဲ႔ နီးစပ္ရာ Apple Service Provider ထံ ပစၥည္းကို ယူေဆာင္သြားဖို႔ေျပာထားပါတယ္။

Ref : turnto23

[Unicode]

ကယ်လီဖိုးနီးယားမှာ iPhone 6 တစ်လုံး ပေါက်ကွဲမှု ဖြစ်ပွား

အသက် ၁၁ နှစ်အရွယ် Kayla Ramos က သူမ ညီမရဲ့ အိပ်ခန်းထဲမှာ သူမရဲ့ iPhone 6 ဟာ မီးလောင်သွားတယ်လို့ ပြောပါတယ်။ “ သမီး အိုင်ဖုန်းကို လက်မှာ ကိုင်ပြီး ထိုင်နေရင်းကနေ မီးထလောင်သွားပါတယ်။ အဲဒါနဲ့ အိပ်ယာခင်းပေါ် ပစ်ချခဲ့ပါတယ်။ “ လို့ သူမက ပြောပါတယ်။ iPhone 6 ကို YouTube Videos များကြည့်ဖို့ သူမက သုံးပြီး သူမ ညီမလေးက ဂိမ်းကစားလေ့ရှိတယ်လို့ သူမက ပြောပါတယ်။

သူမရဲ့ မိခင် Maria Adata က “ နောက်နေ့မှာ Apple Support ကို ဆက်သွယ်ခဲ့ပြီး ကုမ္ပဏီက ဓါတ်ပုံများ ပေးပို့ခိုင်းပါတယ်။ ဖုန်းကိုလည်း အရောင်းဆိုင်ကို ပို့ခိုင်းပါတယ်။ ကလေးဟာ မီးလောင်ပြီး ဒဏ်ရာရသွားနိုင်ပါတယ်။ သူ ဘာမှမဖြစ်လို့ တော်ပါသေးတယ်။ ကုမ္ပဏီက ဖုန်း မီးလောင်မှုကို စစ်ဆေးနေပြီး ဖုန်း အသစ်တစ်လုံး ပို့ပေးမှာပါ။ “ လို့ ပြောပါတယ်။

 

Ramos က ဖုန်း မီးလောင်မှုကြောင့် အိပ်ယာခင်းနဲ့ မွေ့ယာမှာ အပေါက် ဖြစ်သွားတယ်လို့ ပြောပါတယ်။ Adata က “ အိုင်ဖုန်းကို ကျွန်မတို့ အားအလွန် သွင်းတတ်ကြပါတယ်။ အပူလွန်ကဲမှုကြောင့် ဒီလို မီးလောင်သွားတာ ဖြစ်နိုင်ပါတယ်။ တကယ်တော့ ဖုန်း အပူလွန်ကဲရတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။

တစ်ခုက အားသွင်းကြိုးလို Apple က ထုတ်လုပ်တဲ့ ကုန်ပစ္စည်း မဟုတ်တာများကို အသုံးပြုလို့ ဖြစ်ပါတယ်။ နောက်အချက်က Apple မဟုတ်တဲ့ ဖုန်းပြင်ဆိုင်များကနေ ပြုပြင်ပြီး ဖုန်းကို အပြင်ပိုင်းထိခိုက်မိရင် ဖုန်း မီးလောင်နိုင်ပါတယ်။ Apple က သူ့ရဲ့ ထုတ်ကုန်များမှာ ချွတ်ယွင်းမှု တစ်စုံတစ်ခု ဖြစ်ပွားရင် Customer Service ကို ဆက်သွယ်ဖို့နဲ့ နီးစပ်ရာ Apple Service Provider ထံ ပစ္စည်းကို ယူဆောင်သွားဖို့ပြောထားပါတယ်။

Ref : turnto23