Apple ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းက လက်ရှိ iPhone 11 Series စမတ်ဖုန်းတွေမှာ အသုံးပြုထားတဲ့ A13 Bionic Chip ပါဝင်တဲ့ iPhone SE ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ iPhone SE ဟာ စျေးနှုန်းအနေနဲ့လည်း $399 ကနေ စတင်တဲ့အတွက် ပေးရတဲ့စျေးနဲ့ယှဥ်ရင် စွမ်းဆောင်ရည်က အရမ်းကိုမြင့်မားတယ်ဆိုပြီး ချီးကျူးမှုတွေကို ခံနေရတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် Benchmarking App တစ်ခုဖြစ်တဲ့ AnTuTu မှာ iPhone SE ရဲ့ Benchmark ထွက်ပေါ်လာပြီး စွမ်းဆောင်ရည်ပိုင်းမှာ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။ ဒါက A13 Bionic Chip ကို အသုံးပြုထားတာမှန်ကန်တယ်ဆိုပေမယ့် Antutu Benchmark မှာတော့ ရမှတ် ၄၉၀,၀၀၀ ကျော်ပဲရရှိခဲ့လို့ပါ။

ပုံမှန် A13 Bionic Chip ကို အသုံးပြုထားတဲ့ iPhone 11 Series ဖုန်းတွေဟာ အနည်းဆုံး Antutu ရမှတ် ၅၁၀,၀၀၀ ကျော်ရရှိထားတဲ့အတွက် iPhone SE ဟာ သိသိသာသာကို ရမှတ်ကလျော့နည်းနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက်အဖြစ်နိုင်ဆုံးကတော့ Apple ကနေ iPhone SE ကို A13 Bionic Chip ထည့်ပေးထားပေမယ့် iPhone 11 Series နဲ့ မတူညီအောင် တမင် Underclock ပြုလုပ်ခဲ့တယ်လို့ ယူဆရပါတယ်။

အဲ့ဒီအတွက် iPhone SE မှာ A13 Bionic Chip ပါဝင်တာမှန်ကန်ပေမယ့် တကယ်တမ်းစွမ်းဆောင်ရည်ပိုင်းမှာတော့ iPhone 11 Series ဖုန်းတွေထက် A12 Bionic Chip ကိုပဲ သုံးထားတဲ့ iPhone XS ဖုန်းတွေနဲ့ ပိုပြီးဆင်တူနေပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Underclock ပြုလုပ်ထားပေမယ့်လည်း Apple iPhone SE ဟာ ပေးရတဲ့စျေးမှာတော့ စွမ်းဆောင်ရည်အကောင်းဆုံးစမတ်ဖုန်းဖြစ်နေဆဲဆိုတာကိုတော့ ငြင်းလို့မရသေးပါဘူး။

Ref – GSM Arena