စတုတ္ထမျိုးဆက် iPhone SE မှာ ၆.၁ လက်မ LCD မျက်နှာပြင်နဲ့ Notch ပါလာနိုင်တယ်လို့ Display Supply Chain Consultants (DSCC) ရဲ့ လေ့လာဆန်းစစ်သူ Ross Young က ပြောပါတယ်။ သူဟာ အရင်က iPhone SE အသစ်ကို ၂၀၂၄ ခုနှစ်မှာ ရောင်းချမှာ ဖြစ်တယ်လို့ ပြောဖူးပါတယ်။

iphone xr black

iPhone SE အသစ်မှာ တခြား iPhone မော်ဒယ်တွေမှာလို Face ID ကို အသုံးပြုနိုင်ဖို့ TrueDepth ကင်မရာ ပါလာမလားဆိုတာ မသိရသေးပါဘူး။ တခြား သတင်းတွေအရ iPhone SE မှာ Face ID မပါလာဘဲ ကုန်ကျစားရိတ် သက်သာစေဖို့ အရင် မော်ဒယ်တွေမှာလို Touch ID ပဲ ပါလာမယ်လို့ သိရပါတယ်။

New iPhone SE 3 details emerge: Projected for 2024 launch with 5G iPhone SE model incoming for 2022 instead - NotebookCheck.net News

မျက်နှာပြင် အပြည့် ဒီဇိုင်းကို သုံးထားမယ့်အတွက် Touch ID Home Button ကို ဖယ်ရှားထားနိုင်ပြီး iPad Air နဲ့ iPad mini တို့မှာလို Touch ID Button ကို ဘေးဘက်မှာ တပ်ဆင်ထားနိုင်ပါတယ်။ iPhone SE ရဲ့ အရွယ်အစားကို မသိရသေးပေမယ့် Face ID အတွက် Dot Projector မပါလာဘဲ Touch ID ပဲ ပါလာမယ့်အတွက် iPhone XR ထက် ကျဉ်းမြောင်းသွားနိုင်ပါတယ်။

iPhone SE ရဲ့ ဒီဇိုင်းဟာ iPhone XR နဲ့ တူညီနိုင်တယ်လို့ သတင်းထွက်နေပြီး Apple ရဲ့ SE စမတ်ဖုန်းတွေဟာ အရင် ဖုန်းအဟောင်းတွေရဲ့ ဒီဇိုင်းကို အမြဲတမ်း အသုံးပြုလေ့ရှိတဲ့ ထုံးစံအတိုင်း ဖြစ်လာနိုင်ပါတယ်။

ref : macrumors