Apple ရဲ့ လက်ရှိအကောင်းဆုံးသော စမတ်ဖုန်းတစ်ခုဖြစ်တဲ့ iPhone X ဟာ အခုအချိန်မှာ ပြဿနာတစ်ခုတက်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ ပြဿနာဟာ အချို့သောသူများအတွက် ကြီးမားတဲ့ပြဿနာတစ်ခုဖြစ်နေပါတယ်။

အခုပြဿနာဟာ iPhone X ကို ဖုန်းဝင်လာတဲ့အချိန်မှာ ဖုန်းရဲ့ Screen က မလင်းလာပဲ ပိတ်နေမှာဖြစ်ပြီးတော့ ဖုန်းကိုင်လို့မရအောင် တားဆီးထားသလိုဖြစ်နေတာပဲဖြစ်ပါတယ်။ အခုပြဿနာဟာ Apple Forum မှာ အရင်ဆုံးတွေ့ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ အဆိုပါ ပြဿနာက iPhone X အသုံးပြုသူအတော်များများမှာ ဖြစ်ပွားနေတယ်လို့ သိရှိရပါတယ်။

အခုလိုမျိုး ဖြစ်ပွားတဲ့အချိန်မှာ Apple iPhone X ကို Reset ချတာ (သို့) iOS ကို Latest Version တင်တာတွေပြုလုပ်ပေမယ့်လည်း အဆင်မပြေသေးဘူးလို့သိရပါတယ်။ Apple ကတော့ ဘာကြောင့်အခုလိုမျိုး ဖြစ်ပွားရသလဲဆိုတာကို စတင်စစ်ဆေးမှုတွေပြုလုပ်နေပြီးလို့လည်း ပြောကြားထားပါသေးတယ်။