[Zawgyi]

ၿပီးခဲ့တဲ့ႏွစ္တုန္းက iPhone သစ္ေတြထုတ္လိုက္ၿပီးတဲ့ေနာက္ iPhone XR ဟာ ပထမသုံးလပတ္နဲ႔ ဒုတိယသုံးလပတ္ေတြမွာ Apple အတြက္ အေရာင္းရဆုံး အမ်ိဳးအစား ျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ ဒီ ၂၀၁၉ မွာ အဆင့္ျမႇင့္တင္ၿပီး ထုတ္လုပ္မယ့္ ဆက္ခံသူကလည္း အလားတူ ေရာင္းအားကို ျဖစ္ေစမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ၿပီးခဲ့တဲ့ရက္တုန္းက ၂၀၁၉ မွာထုတ္မယ့္ iPhone XR ရဲ႕ ပထမဆုံး 3D render ထြက္ေပၚလာခဲ့ပါတယ္။ ဒီ Render မွာ ျမင္ေတြ႕ရတာကေတာ့ ၂၀၁၉ iPhone XR ရဲ႕ပုံစံဟာ အရင္ပုံစံေဟာင္းတစ္ဝက္ကို ျပန္ယူထားၿပီး ျပဳျပင္ေျပာင္းလဲမႈ တစ္ဝက္ကို ျပဳလုပ္ထားတဲ့ ပုံစံျဖစ္ပါတယ္။

ေက်ာဘက္ဒီဇိုင္းကို ၾကည့္မယ္ဆိုရင္ေတာ့ တစ္ဝက္ေလာက္က အသစ္ပါ။ ေက်ာဘက္ကင္မရာႏွစ္လုံးကို ေလးေထာင့္ ေဘာင္ထဲမွာ ထည့္သြင္းေပးထားတဲ့ပုံ ျဖစ္ပါတယ္။ ဒီပုံစံက iPhone XI render ထြက္ေပၚခဲ့တုန္းက ေတြ႕ျမင္ရတာနဲ႔ ဆင္တူပါတယ္။ မ်က္ႏွာျပင္ပိုင္းကေတာ့ 6.1-inch အ႐ြယ္အစားအျပင္ အျခားအတိုင္းအတာေတြလည္း အရင္အတိုင္းပဲ က်န္ရွိေနတယ္လို႔ ဆိုရမွာပါ။ ဖုန္းတစ္ခုလုံးရဲ႕ အတိုင္းအတာအားျဖင့္ေတာ့ ေမာ္ဒယ္သစ္က ပိုၿပီးပါးသြားတယ္လို႔ ဆိုရပါမယ္။

ကင္မရာပိုင္းဆိုင္ရာနဲ႔ ပတ္သက္ၿပီး အေသးစိတ္အခ်က္အလက္ကိုေတာ့ သိရွိရျခင္းမရွိေသးပါဘူး။ ဒါေပမယ့္ ပုံမွန္ကင္ရာနဲ႔ တယ္လီကင္မရာေတြ တပ္ဆင္ထားဖြယ္ရွိၿပီး 12MP ဆင္ဆာနဲ႔ ျဖစ္ႏိုင္တယ္လို႔ ခန႔္မွန္းရပါတယ္။ Notch ကေတာ့ ပုံစံေဟာင္းအတိုင္း ခပ္ႀကီးႀကီးပဲျဖစ္ၿပီး LCD panel ပဲ ဆက္ၿပီးသုံးသြားမွာ ျဖစ္ပါတယ္။

ေကာလာဟလသတင္းအခ်ိဳ႕မွာေတာ့ Apple ဟာ USB-C ကို ေျပာင္းသုံးေတာ့မယ္လို႔ ဆိုထားၾကပါတယ္။ ဒါေပမယ့္ Render မွာေတာ့ ေတြ႕ျမင္ရျခင္းမရွိပါဘူး။ ဒါေၾကာင့္ ဒီ Render ကလည္း အျပည့္အဝယုံၾကည္ရတယ္လို႔ မဆိုႏိုင္ပါဘူး။ အကယ္၍ USB-C သုံးလာမယ္ဆိုရင္ေတာ့ 18W အားသြင္းစနစ္ကို သုံးႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

လေးထောင့်ဘောင်ထဲမှာ ကျောဘက်ကင်မရာနှစ်လုံး ရှိနေမယ့် ၂၀၁၉ထုတ် iPhone XR

ပြီးခဲ့တဲ့နှစ်တုန်းက iPhone သစ်တွေထုတ်လိုက်ပြီးတဲ့နောက် iPhone XR ဟာ ပထမသုံးလပတ်နဲ့ ဒုတိယသုံးလပတ်တွေမှာ Apple အတွက် အရောင်းရဆုံး အမျိုးအစား ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီ ၂၀၁၉ မှာ အဆင့်မြှင့်တင်ပြီး ထုတ်လုပ်မယ့် ဆက်ခံသူကလည်း အလားတူ ရောင်းအားကို ဖြစ်စေမယ်လို့ မျှော်လင့်ရပါတယ်။

ပြီးခဲ့တဲ့ရက်တုန်းက ၂၀၁၉ မှာထုတ်မယ့် iPhone XR ရဲ့ ပထမဆုံး 3D render ထွက်ပေါ်လာခဲ့ပါတယ်။ ဒီ Render မှာ မြင်တွေ့ရတာကတော့ ၂၀၁၉ iPhone XR ရဲ့ပုံစံဟာ အရင်ပုံစံဟောင်းတစ်ဝက်ကို ပြန်ယူထားပြီး ပြုပြင်ပြောင်းလဲမှု တစ်ဝက်ကို ပြုလုပ်ထားတဲ့ ပုံစံဖြစ်ပါတယ်။

ကျောဘက်ဒီဇိုင်းကို ကြည့်မယ်ဆိုရင်တော့ တစ်ဝက်လောက်က အသစ်ပါ။ ကျောဘက်ကင်မရာနှစ်လုံးကို လေးထောင့် ဘောင်ထဲမှာ ထည့်သွင်းပေးထားတဲ့ပုံ ဖြစ်ပါတယ်။ ဒီပုံစံက iPhone XI render ထွက်ပေါ်ခဲ့တုန်းက တွေ့မြင်ရတာနဲ့ ဆင်တူပါတယ်။ မျက်နှာပြင်ပိုင်းကတော့ 6.1-inch အရွယ်အစားအပြင် အခြားအတိုင်းအတာတွေလည်း အရင်အတိုင်းပဲ ကျန်ရှိနေတယ်လို့ ဆိုရမှာပါ။ ဖုန်းတစ်ခုလုံးရဲ့ အတိုင်းအတာအားဖြင့်တော့ မော်ဒယ်သစ်က ပိုပြီးပါးသွားတယ်လို့ ဆိုရပါမယ်။

ကင်မရာပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်ကိုတော့ သိရှိရခြင်းမရှိသေးပါဘူး။ ဒါပေမယ့် ပုံမှန်ကင်ရာနဲ့ တယ်လီကင်မရာတွေ တပ်ဆင်ထားဖွယ်ရှိပြီး 12MP ဆင်ဆာနဲ့ ဖြစ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။ Notch ကတော့ ပုံစံဟောင်းအတိုင်း ခပ်ကြီးကြီးပဲဖြစ်ပြီး LCD panel ပဲ ဆက်ပြီးသုံးသွားမှာ ဖြစ်ပါတယ်။

ကောလာဟလသတင်းအချို့မှာတော့ Apple ဟာ USB-C ကို ပြောင်းသုံးတော့မယ်လို့ ဆိုထားကြပါတယ်။ ဒါပေမယ့် Render မှာတော့ တွေ့မြင်ရခြင်းမရှိပါဘူး။ ဒါကြောင့် ဒီ Render ကလည်း အပြည့်အဝယုံကြည်ရတယ်လို့ မဆိုနိုင်ပါဘူး။ အကယ်၍ USB-C သုံးလာမယ်ဆိုရင်တော့ 18W အားသွင်းစနစ်ကို သုံးနိုင်တော့မှာ ဖြစ်ပါတယ်။

Ref: GSMArena