Zawgyi
Unbox Therapy ရဲ့ လက်တွေ့စမ်းသပ်ချက်များအရ တချို့သော iPhone XS နဲ့ iPhone XS Max တွေက Lightning cable ကို စတပ်တဲ့အချိန်မှာ အားသွင်းစနစ်က အလုပ်မလုပ်သေးပဲ Screen ကို Wake Up လုပ်မှသာ အားသွင်းစနစ် စတင်အလုပ်လုပ်တာကို တွေ့ရပါတယ်။ တချို့ iPhone တွေမှာတော့ Screen ကို Wake Up လုပ်တာတောင် အားသွင်းစနစ်က အလုပ်မလုပ်တာကို တွေ့ရမှာပါ။
Ref: engadget
Unicode
တချိူ့ iPhone XS တွေမှာ Screen မဖွင့်မချင်း အားစမသွင်းတဲ့ ပြဿနာ ဖြစ်ပေါ်နေ
iPhone XS တချိူ့မှာ Screen ကို Wakes Up လုပ်မှ အားစသွင်းတဲ့ ပြဿနာ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ iPhone XS နဲ့ iPhone XS စမတ်ဖုန်းတွေကို ဝယ်ယူ အသုံးပြုခဲ့ကြတဲ့ ပိုင်ရှင်တချိူ့က အားသွင်းစနစ်နဲ့ ပတ်သတ်ပြီး အဆိုပါ ပြဿနာ ဖြစ်ပေါ်နေကြာင်း Reddit နဲ့ Apple’s Forums တွေမှာ သူတို့ရဲ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် Unbox Therapy ကလည်း အခုဖြစ်ပွားနေတဲ့ ပြဿနာများအတွက် လက်တွေ့ စမ်းသပ်မှုများ ပြုလုပ်ခဲ့ပါတယ်။
Unbox Therapy ရဲ့ လက်တွေ့စမ်းသပ်ချက်များအရ တချိူ့သော iPhone XS နဲ့ iPhone XS Max တွေက Lightning cable ကို စတပ်တဲ့အချိန်မှာ အားသွင်းစနစ်က အလုပ်မလုပ်သေးပဲ Screen ကို Wake Up လုပ်မှသာ အားသွင်းစနစ် စတင်အလုပ်လုပ်တာကို တွေ့ရပါတယ်။ တချိူ့ iPhone တွေမှာတော့ Screen ကို Wake Up လုပ်တာတောင် အားသွင်းစနစ်က အလုပ်မလုပ်တာကို တွေ့ရမှာပါ။
အခု ဖြစ်ပွားနေတဲ့ အားသွင်းစနစ် ပြဿနာဟာ Software ကြောင့်လား၊ Hardware ကြောင့်လားဆိုတာ အတိအကျ မသိရသေးသလို Apple ဘက်ကလည်း အဆိုပါ ပြဿနာနဲ့ ပတ်သတ်ပြီး တုန့်ပြန်ကြေငြာထားခြင်း မရှိသေးပါဘူး။
Ref: engadget