စွမ်းဆောင်ရည်မြင့် iQOO 11 နဲ့ 11 Pro ကို ကြေညာလိုက်ပြီ ဖြစ်ပြီး Qualcomm ရဲ့ နောက်ဆုံးထုတ် စွမ်းရည်မြင့် Snapdragon 8 Gen 2 ထည့်သွင်းထားပါတယ်။

iQOO

ဖုန်း ၂ လုံးစလုံးမှာ ၆.၇၈ လက်မ E6 AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး 144Hz Refresh Rate နဲ့ 2K Resolution ပါပါတယ်။ ကွာခြားချက်က iQOO 11 မှာ မျက်နှာပြင်ပြားနဲ့ Pro မှာ မျက်နှာပြင်ကွေး တပ်ဆင်ထားတာပါ။ မျက်နှာပြင် အထက် အလယ်မှာ Punch Hole ၁ ခု ထည့်သွင်းထားပြီး 144Hz PWM Dimming နဲ့ HDR10+ ထောက်ပံ့ထားပါတယ်။

The iQOO 11 and 11 Pro are official with Snapdragon 8 Gen 8, UFS 4.0 storage

ဖုန်း ၂ လုံးစလုံးမှာ Snapdragon 8 Gen 2 SoC မောင်းနှင်ထားပြီး LPDDR5x RAM နဲ့ UFS 4.0 Storage ပါပါတယ်။ 8GB Virtual RAM သုံးနိုင်တဲ့ စွမ်းရည် ပါပြီး vivo က ဖန်တီးထားတဲ့ V2 Customized Image Signal Processor (ISP) ထည့်သွင်းထားပါတယ်။ အဲဒီ ISP က Portrait ဓါတ်ပုံနဲ့ ဗီဒီယိုတွေကို Low Light မှာ ရိုက်ကူးစဉ် စွမ်းရည်ကို ပိုကောင်းစေပါတယ်။

Pro ရဲ့ အနောက်ဘက်မှာ 50MP Main, 50MP Ultrawide နဲ့ 13MP Portrait-Telephoto ကင်မရာ ၃ လုံးနဲ့ iQOO 11 ရဲ့ အနောက်ဘက်မှာ 50MP Main, 8MP Ultrawide နဲ့ 13MP Telephoto ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။ ဖုန်း ၂ လုံးစလုံးရဲ့ အရှေ့ဘက်မှာ 16MP ဆဲလ်ဖီး ကင်မရာ ပါပါတယ်။

iQOO 11 မှာ 120W Fast Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီနဲ့ Pro မှာ 200W Fast Charging, 50W Wireless Charging, 10W Reverse Wireless Charging  ထောက်ပံ့တဲ့  4,700mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။

ဖုန်း ၂ လုံးစလုံးမှာ Android 13 အခြေပြု Origin OS Forest မောင်းနှင်ထားပြီး  Track Edition (Grey), Isle of Man Edition (Gree), နဲ့ Legend Edition (White) အရောင်တွေ ထုတ်လုပ်ထားပါတယ်။

ဈေးနှုန်း

iQOO 11 Pro

  • 8GB RAM + 256GB storage – 4,999 Yuan (၇၁၆ဒေါ်လာ)
  • 12GB RAM + 256GB storage – 5,499 Yuan (၇၈၇ဒေါ်လာ)
  • 16GB RAM + 512GB storage – 5,999 Yaun (၈၅၉ဒေါ်လာ)

iQOO 11

  • 8GB RAM + 128GB storage – 3,799 Yuan (၅၄၄ဒေါ်လာ)
  • 8GB RAM + 256GB storage – 4,099 Yuan (၅၈၇ဒေါ်လာ)
  • 12GB RAM + 256GB storage – 4,399 Yuan (၆၃၀ဒေါ်လာ)
  • 16GB RAM + 256GB storage – 4,699 Yuan (၆၇၃ဒေါ်လာ)
  • 16GB RAM + 512GB storage – 4,999 Yuan (၇၁၆ဒေါ်လာ)

တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီလ ၁၂ ရက်နေ့ ရောင်းမှာပါ။

Ref : gizmochina