100W အားသွင်းစနစ် ပြိုင်ပွဲကတော့ အရှိန်ရလာပါပြီ။ ဩဂုတ်လအတွင်း မိတ်ဆက်လာမယ်လို့ ယူဆရတဲ့ iQOO 5 စီးရီးမှာ မော်ဒယ်နှစ်ခု ပါဝင်မှာဖြစ်ပြီး ရိုးရိုး Vanilla ဗားရှင်းနဲ့ စျေးပိုကြီးတဲ့ မော်ဒယ်တစ်ခုပါ။

ယခင်က မော်ဒယ်နံပါတ် V2024A နဲ့ Vivo ဖုန်းတစ်လုံးဟာ တရုတ်ပြည်တွင်းက 3C အတည်ပြုချက်ကို ရယူထားပြီး သူ့မှာ 55W အားသွင်းစနစ်နဲ့ တွေ့ခဲ့ရသလို JD.com မှာလည်း ဒီဖုန်းကိုပဲ iQOO 5 အဖြစ် ထားရှိတာ မြင်တွေ့ပြီးသားပါ။

ယနေ့မှာ မော်ဒယ်နံပါတ် V2025A နဲ့ ဟန်းဆက်အသစ်ကလည်း 3C ပလက်ဖောင်းပေါ် ထပ်ရောက်လာပြီး သူ့မှာ 120W Charger တစ်ခု ပါဝင်ခဲ့တာကြောင့် iQOO 5 Pro ဗားရှင်းလို့ ယူဆရပါတယ်။ ဒီဖုန်းဟာ 5G ဟန်းဆက် တစ်ခု ဖြစ်ပြီး သူ့ Charger ရဲ့မော်ဒယ်နံပါတ်က V12060L0C0-CN နဲ့ 20V/6A (120W) အမြင့်ဆုံး ထောက်ပံ့ပေးနိုင်စွမ်း ပါဝင်ပါတယ်။

တရုတ်ပြည်တွင်း Leak တွေကတော့ ဒီဖုန်းဟာ iQOO 5 Pro လို့ ကြေညာနေပြီး 55W/45W အားသွင်းစနစ် တွေကိုလည်း Backward ထောက်ပံ့သုံးစွဲနိုင်စွမ်း ရှိမယ်လို့ ဆိုနေကြပါတယ်။ 120W အားသွင်းစနစ်ကတော့ သူတို့ ကုမ္ပဏီက ပြောထားတဲ့အတိုင်းဆိုရင် ဘက္ထရီ အပြည့် အားသွင်းဖို့ ၁၅ မိနစ်ခန့်သာ လိုမှာပါ။

iQOO 5 စီးရီးမှာ Snapdragon 865 ချစ်ပ်ဆက် အသုံးပြုလာမယ်လို့ iQOO ကုမ္ပဏီက ကြေညာပြီးသားပါ။ သူ့ကို LPDDR5 RAM နဲ့ UFS 3.1 Storage နည်းပညာတွေနဲ့ တွဲဖက်လာမှာ ဖြစ်ပါတယ်။ AMOLE Display မှာတော့ Punch-hole ဒီဇိုင်းကို မြင်ရမှာဖြစ်ပြီး ဘေးဘက်တွေမှာ Curved Style ပါ။120Hz Refresh Rate နဲ့ အသုံးပြုနိုင်ပြီး 240Hz Sampling Rate ပါမယ်လို့လည်း ဆိုပါတယ်။

ကုမ္ပဏီက ယနေ့ ထုတ်ပြန်လာတဲ့ ပိုစတာမှာတော့ iQOO 5 ဖုန်းမှာ 120db Hi-Fi Audio ချစ်ပ်ဆက်နဲ့ စပီကာတွေ ပါမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဗီဒီယိုထဲမှာ 3.5mm Audio Jack မပါတာတွေ့ရပြီး နောက်ဘက်မှာ Vivo X50 Pro နဲ့တူတဲ့ ကင်မရာ ဒီဇိုင်းမျိုး ပါဝင်ပါတယ်။

Ref – GizmoChina