Zawgyi

Vivo ကုမၸဏီဟာ ၂၀၁၉ ခုႏွစ္ထဲမွာ iQOO အမွတ္တံဆိပ္ကို အရွိန္ျမွင့္မိတ္ဆက္လာခဲ့ၿပီး စြမ္းအားျမင့္ စမတ္ဖုန္း ထုတ္ကုန္လိုင္းကို တုိးခ်ဲ႕ခဲ့ပါတယ္။ Vivo ရဲ႕ iQOO Neo 855 စမတ္ဖုန္းအား ၿပီးခဲ့တဲ့ေအာက္တုိဘာမွာ မိတ္ဆက္ခဲ့တာ ျဖစ္ေပမယ့္ ကုမၸဏီဟာ ပိုျမင့္တဲ့ SD855+ ဗားရွင္းကို ထုတ္လုပ္မႈအၿပီးသတ္ေနၿပီလို႔ ယူဆရပါတယ္။

ေရွ႕ရက္ေတြမွာ iQOO Neo 855+ ကို တရုတ္ Database ျဖစ္တဲ့ TENAA မွာေတြ႕ခဲ့ရသလို Spec နဲ႔ ဒီဇုိင္းေတြလည္း ေပါက္ၾကားလာခဲ့ပါတယ္။ ယေန႔မွာေတာ့ AnTuTu ေပၚကိုပါ ေရာက္လာၿပီး အခ်က္အလက္ေတြကို ထပ္မံ အတည္ျပဳလာခဲ့ပါတယ္။

AnTuTu စာရင္းမွာေဖာ္ျပခ်က္အရ iQOO Neo 855+ ဖုန္းဟာ အမ်ားယူဆထားသလို SD855+ ခ်စ္ပ္ဆက္ အသစ္ကို အသုံးျပဳထားတယ္ဆုိတာ အတည္ျပဳေပးခဲ့ပါတယ္။ ဒါ့အျပင္ 12GB RAM နဲ႔ 128GB Storage မန္မုိရီတုိ႔ကိုလည္း ျမင္ေတြ႕ခြင့္ရခဲ့တယ္။

ဒီဖုန္းမွာ Android Pie ကိုအသုံးျပဳလာဦးမွာျဖစ္ၿပီး FHD+ (1080p) Display ဟာ TENAA မွာေဖာ္ျပထားတာေတာ့ 6.38” လက္မ အရွည္ရွိတယ္လို႔ ဆုိပါတယ္။ AnTuTu ရဲ႕ Benchmark မွာေတာ့ iQOO Neo 855+ ဖုန္းအသစ္ဟာ 503,734 ရမွတ္ထိ ရရွိခဲ့ၿပီး အျခား SD855+ သုံးထားတဲ့ စမတ္ဖုန္းအမ်ားစုထက္ကုိ ရလဒ္ပိုင္းပုိသာေနတာ ေတြ႕ရပါတယ္။

Vivo ကေတာ့ iQOO Neo 855+ ရဲ႕တည္ရွိမႈကို အခုထိ ထုတ္ေဖာ္ေျပာၾကားမလာေသးပါဘူး။ ဒါေပမယ့္ TENAA ရဲ႕ေထာက္ခံခ်က္ရရွိၿပီးျဖစ္တာေၾကာင့္ မၾကာခင္မွာ ေၾကညာလာေတာ့မယ္လို႔ ယူဆရပါတယ္။

Ref – GSM Arena

Unicode

Vivo ကုမ္ပဏီဟာ ၂၀၁၉ ခုနှစ်ထဲမှာ iQOO အမှတ်တံဆိပ်ကို အရှိန်မြှင့်မိတ်ဆက်လာခဲ့ပြီး စွမ်းအားမြင့် စမတ်ဖုန်း ထုတ်ကုန်လိုင်းကို တိုးချဲ့ခဲ့ပါတယ်။ Vivo ရဲ့ iQOO Neo 855 စမတ်ဖုန်းအား ပြီးခဲ့တဲ့အောက်တိုဘာမှာ မိတ်ဆက်ခဲ့တာ ဖြစ်ပေမယ့် ကုမ္ပဏီဟာ ပိုမြင့်တဲ့ SD855+ ဗားရှင်းကို ထုတ်လုပ်မှုအပြီးသတ်နေပြီလို့ ယူဆရပါတယ်။

ရှေ့ရက်တွေမှာ iQOO Neo 855+ ကို တရုတ် Database ဖြစ်တဲ့ TENAA မှာတွေ့ခဲ့ရသလို Spec နဲ့ ဒီဇိုင်းတွေလည်း ပေါက်ကြားလာခဲ့ပါတယ်။ ယနေ့မှာတော့ AnTuTu ပေါ်ကိုပါ ရောက်လာပြီး အချက်အလက်တွေကို ထပ်မံ အတည်ပြုလာခဲ့ပါတယ်။

AnTuTu စာရင်းမှာဖော်ပြချက်အရ iQOO Neo 855+ ဖုန်းဟာ အများယူဆထားသလို SD855+ ချစ်ပ်ဆက် အသစ်ကို အသုံးပြုထားတယ်ဆိုတာ အတည်ပြုပေးခဲ့ပါတယ်။ ဒါ့အပြင် 12GB RAM နဲ့ 128GB Storage မန်မိုရီတို့ကိုလည်း မြင်တွေ့ခွင့်ရခဲ့တယ်။

ဒီဖုန်းမှာ Android Pie ကိုအသုံးပြုလာဦးမှာဖြစ်ပြီး FHD+ (1080p) Display ဟာ TENAA မှာဖော်ပြထားတာတော့ 6.38” လက်မ အရှည်ရှိတယ်လို့ ဆိုပါတယ်။ AnTuTu ရဲ့ Benchmark မှာတော့ iQOO Neo 855+ ဖုန်းအသစ်ဟာ 503,734 ရမှတ်ထိ ရရှိခဲ့ပြီး အခြား SD855+ သုံးထားတဲ့ စမတ်ဖုန်းအများစုထက်ကို ရလဒ်ပိုင်းပိုသာနေတာ တွေ့ရပါတယ်။

Vivo ကတော့ iQOO Neo 855+ ရဲ့တည်ရှိမှုကို အခုထိ ထုတ်ဖော်ပြောကြားမလာသေးပါဘူး။ ဒါပေမယ့် TENAA ရဲ့ထောက်ခံချက်ရရှိပြီးဖြစ်တာကြောင့် မကြာခင်မှာ ကြေညာလာတော့မယ်လို့ ယူဆရပါတယ်။

Ref – GSM Arena