vivo ရဲ့ Sub-brand iQOO က တက်ဘလက် ဈေးကွက်ထဲ ဝင်ရောက်တော့မှာ ဖြစ်ပြီး ပထမဆုံး တက်ဘလက် အမည်က iQOO Pad ဖြစ်ပါတယ်။ မိတ်ဆက်ပွဲနေ့ကို မပြောသေးပေမယ့် မကြာခင်က Specs တွေ ပေါက်ကြားလာပါတယ်။

iQOO Pad wordt getipt voor lancering als Dimensity 9000 Plus-powered, 144Hz  display tablet - Notebookcheck.nl Nieuws

3C မှာ “PA2373” မော်ဒယ်နံပါတ်နဲ့ မှတ်ပုံတင်ထားပြီး iQOO Pad မှာ vivo ရဲ့ 44W FlashCharge ပါလာမှာပါ။ အရင်ပေါက်ကြားခဲ့တဲ့ သတင်းတွေအရ iQOO Pad ဟာ vivo Pad2 ကို အမည်ပြောင်းထားတာ ဖြစ်ပြီး အဆင့်မြှင့်ထားတဲ့ Chipset ပါလာမှာပါ။ Dimensity 9000+ Chipset မောင်းနှင်ထားပြီး Dimensity 9000 ကို Overclocked လုပ်ထားတာပါ။

iQOO Pad exposure: equipped with Dimensity 9000+ chip and 12.1-inch LCD  screen - TechGoing

TSMC ရဲ့ 4nm Process နဲ့ တည်ဆောက်ထားတဲ့ Dimensity 9000+ Chipset ဟာ စွမ်းရည်မြင့်မားပါတယ်။ iQOO Pad မှာ 12.1 Inch LCD မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး 144Hz Refresh Rate နဲ့ ကြည်လင်ပြတ်သားတဲ့ 2.8K Resolution ပါလာမှာပါ။

အနောက်ဘက်မှာ 13MP Main ၊ 2MP Macro ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး တပ်ဆင်ထားမှာပါ။ 10,000mAh Battery ထည့်သွင်းထားမှာပါ။ မေလ ၂၃ ရက်နေ့ ကြေညာမယ်လို့ ထင်ရပြီး ကုမ္ပဏီဟာ အဲဒီနေ့မှာပဲ Neo 8 Series ကို မိတ်ဆက်မှာပါ။

Ref : gizmochina