iQOO က ပြီးခဲ့တဲ့ ၁ ပတ်ကပဲ Snapdragon 765G ပါတဲ့  iQOO Z1x ကို ကြေညာခဲ့ပြီး အခုလည်း ဖုန်း အသစ် ၁ လုံးကို ချပြလိုက်ပါတယ်။ iQOO U1 လို့ နာမည်ပေးထားပြီး ၆.၅၃ လက်မ LCD 2340x1080p မျက်နှာပြင် ထည့်ထားပါတယ်။ ဘယ်ဘက်အထက်က Punch Hole မှာ 8MP ကင်မရာနဲ့ အနောက်ဘက်မှာ 48MP Main , 2MP Macro ၊ 2MP Depth ကင်မရာ ၃ လုံး ပါလာပါတယ်။

iQOO U1 မှာ Snapdragon 720G SoC , 6GB or 8GB RAM ထည့်သွင်းထားပြီး Android 10 အခြေပြု iQOO UI မောင်းနှင်ထားပါတယ်။ 64GB နဲ့ 128GB Storage ၂ မျိုး ထုတ်လုပ်ထားပြီး microSD Card Slot တော့ မပါပါဘူး။ 18W Charging ပါတဲ့ 4,500mAh ဘက်ထရီနဲ့ microUSB Port ပါပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ၊ နားကြပ်ပေါက်၊ Game Space ၊ Multi-turbo နဲ့ Bluetooth 5.1 ထည့်ထားပါတယ်။

အနက်၊ အပြာနဲ့ အဖြူရောင် ထုတ်လုပ်ထားပြီး တန်ဖိုးအနည်းဆုံး 6/64GB  မော်ဒယ်ကို ၁,၁၉၈ ယွမ်နဲ့ 6/128GB မော်ဒယ်ကို ၁,၃၉၈ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၂ သိန်း ၃ သောင်းနဲ့ ၂ သိန်း ၇ သောင်းလောက် အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။ စွမ်းရည်အမြင့်ဆုံး 8/128GB ကို ၁,၅၉၈ ယွမ် သတ်မှတ်ထားပြီး ၃ သိန်း ၁ သောင်းလောက် ရှိပါတယ်။ တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ၂၃ ရက်နေ့ ရောင်းမှာပါ။

Ref: gsmarena