Vivo ရဲ့ Devices တွေ ဖြစ်တဲ့ V2012A, V2019A, W2052/W2056 နဲ့ V2011A တို့ကို တရုတ်က 3C ကနေ ခွင့်ပြုချက်ပေးခဲ့ပါတယ်။ V2011A နဲ့ V2012A တို့ကို Vivo X50 Pro+ နဲ့ iQOO Z1x 5G အဖြစ် အသီးသီး ကြေညာခဲ့ပြီးပါပြီ။ W2052/W2056 ၂ လုံးက နောက်ထုတ်မယ့် Vivo Watch စမတ်နာရီတွေ ဖြစ်ပါတယ်။ V2019A ဟာ တန်ဖိုးနည်း 5G ဖုန်း ဖြစ်မယ်လို့ တရုတ်ကနေ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ အဲဒီဖုန်းဟာ iQOO V2019A ဖြစ်တယ်လို့ တရုတ်က TENAA ကနေ ဖော်ပြထားပြီး     ဈေးအသက်သာဆုံး 5G ဖုန်း ဖြစ်လာနိုင်ပါတယ်။

iQOO V2019A ရဲ့ အရွယ်အစားဟာ 162.07 x 76.61mm နဲ့ အထူဟာ 8.46mm ဖြစ်ပါတယ်။ မျက်နှာပြင် အရွယ်အစားက ၆.၅၃ လက်မ ရှိပြီး 4,420mAh ဘက်ထရီ ထည့်သွင်းထားမယ်လို့ ဖော်ပြထားတဲ့အတွက် 4,500mAh ဘက်ထရီ ဖြစ်နိုင်ပါတယ်။

V2019A ကို 3C မှာ 5G ဖုန်းလို့ ဖော်ပြထားပြီး 18W Fast Charger ပါလာနိုင်ပါတယ်။ 33W, 44W နဲ့ 55W Fast Charging ပါတဲ့ iQOO ဖုန်းတွေ ထွက်ခဲ့ပြီးပြီ ဖြစ်ပြီး ဒီလ အစောပိုင်းက ကြေညာခဲ့တဲ့ iQOO Z1x 5G မှာ 33W Rapid Charger ပါလာတာပါ။

iQOO V2019A ရဲ့ ဓါတ်ပုံတွေ TENAA ကနေ မထွက်လာသေးတဲ့အတွက် ဒီဇိုင်းကို မသိရသေးပါဘူး။ TENAA က စာရင်းမှာ Specs နဲ့ ဓါတ်ပုံတွေ မကြာခင် ထည့်သွင်းလာနိုင်ပါတယ်။

ref : gizmochina