Vivo ရဲ့ ဂိမ်း အသားပေး iQOO Brand က iQOO Z1 ကို မေလမှာ ကြေညာခဲ့ပြီး အခုတော့ နောက်မျိုးဆက် iQOO Z1x ကို ဒီလ ၉ ရက်နေ့မှာ မိတ်ဆက်တော့မယ်လို့ ကုမ္ပဏီက အတည်ပြုလိုက်ပါတယ်။ iQOO က Z1x မှာ 5G ထောက်ပံ့ထားမှာ ဖြစ်ပြီး 120Hz မျက်နှာပြင် ပါလာမယ်လို့ သတင်းပေးလိုက်ပါတယ်။ ဒါ့အပြင် မျက်နှာပြင် ညာဘက်ထိပ်မှာ Punch Hole ထည့်သွင်းထားမှာပါ။

iQOO က Z1x ရဲ့  တခြား Specification တွေကို မပြောသေးပါဘူး။ TENAA က စာရင်းအရ ၆.၅၇ လက်မ FullHD+ TFT မျက်နှာပြင်နဲ့  စုစုပေါင်း ကင်မရာ ၄ လုံး ပါလာနိုင်ပါတယ်။ အရှေ့ဘက်မှာ 16MP နဲ့ အနောက်ဘက်မှာ 48MP , 2MP , 2MP ကင်မရာတွေ ထည့်ထားမှာပါ။

Snapdragon 765G SoC မောင်းနှင်ထားမှာ ဖြစ်ပြီး 6GB RAM နဲ့ 8GB RAM ပါလာမှာပါ။ Android 10 ထည့်ထားမှာ ဖြစ်ပြီး 64GB , 128GB နဲ့ 256GB Storage တွေ ရွေးချယ်နိုင်မှာပါ။ ဘေးဘက် လက်ဗွေရာ အာရုံခံ ကိရိယာ ပါလာမှာ ဖြစ်ပြီး  33W Fast Charging ထောက်ပံ့တဲ့ 4,880mAh ဘက်ထရီ ထည့်ထားမှာပါ။ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena