[Unicode]

၂၀၂၀ ဟာ 5G နှစ်တစ်နှစ်ပါ။ 5G ကွန်ရက်တွေ ပိုပြီးကျယ်ပြန့်လာဖို့၊ 5G စမတ်ဖုန်းတွေ ပိုပြီးသုံးစွဲလာကြစေဖို့ နည်းပညာကုမ္ပဏီတွေ၊ Carrier တွေက အရှိန်အဟုန်ပြင်းပြင်းနဲ့ လုပ်ဆောင်နေကြပါပြီ။ ဘာပဲဖြစ်ဖြစ် 5G နည်းပညာကတော့ လာမယ့်နှစ်တွေမှာ ကြီးမားတဲ့ကွန်ရက်ကြီးတစ်ခုအသွင် ရောက်ရှိသွားမှာပါ။

နည်းပညာဆိုတာ ရပ်တန့်နေလို့မရပါဘူး။ ဒါကြောင့် ဂုရုကြီးတွေက 5G ထက်ပိုပြီးသာလွန်ကောင်းမွန်မယ့် 6G နည်းပညာကို အကောင်အထည်ဖော်နိုင်ဖို့ လုပ်ဆောင်နေကြပါပြီ။ တရုတ်နည်းပညာကုမ္ပဏီကြီး Huawei ဟာ 6G နည်းပညာကို သုတေသနပြုလုပ်နေပြီဖြစ်သလို တောင်ကိုရီးယားရဲ့ ဦးဆောင်ကုမ္ပဏီကြီး Samsung ကလည်း 6G နည်းပညာမှာနောက်ကျမကျန်ဖို့ ခြေလှမ်းတွေစနေပြီလို့ သတင်းတွေ ထွက်ပေါ်ထားပါတယ်။

ဒါပေမယ့် ဒီကုမ္ပဏီတွေအနေနဲ့ လာမယ့် ၂၀၃၀ မတိုင်မီအထိ စီးပွားဖြစ်ဝန်ဆောင်နိုင်မှာမဟုတ်ဘူးလို့ ခန့်မှန်းရပါတယ်။ 6G ခေတ်ကိုထူထောင်နိုင်ဖို့ ကြိုးစားနေတဲ့ပြိုင်ပွဲထဲ ဝင်လာတာကတော့ ဂျပန်ပါ။ Nikkei ကဖော်ပြတဲ့သတင်းအရ ဂျပန်ကလည်း 5G ထက် ဆယ်ဆပိုပြီးမြန်ဆန်တဲ့ 6G နည်းပညာကို ၂၀၃၀ မှာ လက်တွေ့အသုံးပြုနိုင်ဖို့ အစီအစဉ်တွေချမှတ်နေပြီလို့ သိရပါတယ်။

4G ကနေ 5G နည်းပညာဆီ ကူးပြောင်းမှုမှာ ဂျပန်အနေနဲ့ အံ့သြစရာကောင်းလောက်အောင် နှေးကွေးနေပေမယ့် 6G နည်းပညာအတွက်တော့ အစောပိုင်းကတည်းက တွန်းအားပေးဆောင်ရွက်နေတဲ့ အနေအထားတစ်ရပ်ကို မြင်တွေ့နေရတာပါ။ ဂျပန်ဟာ 6G သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အမေရိကန်ဒေါ်လာ ၂.၀၃ ဘီလီယံကို ရင်းနှီးမြုပ်နှံမယ်လို့လည်း သိရပါတယ်။

Ref: Gizmochina

[Zawgyi]

5G ထက္ ဆယ္ဆျမန္မယ့္ 6G ကို ၂၀၃၀ မွာလက္ေတြ႕အသုံးျပဳႏိုင္ဖို႔ စီစဥ္ေနတဲ့ ဂ်ပန္ႏိုင္ငံ

၂၀၂၀ ဟာ 5G ႏွစ္တစ္ႏွစ္ပါ။ 5G ကြန္ရက္ေတြ ပိုၿပီးက်ယ္ျပန႔္လာဖို႔၊ 5G စမတ္ဖုန္းေတြ ပိုၿပီးသုံးစြဲလာၾကေစဖို႔ နည္းပညာကုမၸဏီေတြ၊ Carrier ေတြက အရွိန္အဟုန္ျပင္းျပင္းနဲ႔ လုပ္ေဆာင္ေနၾကပါၿပီ။ ဘာပဲျဖစ္ျဖစ္ 5G နည္းပညာကေတာ့ လာမယ့္ႏွစ္ေတြမွာ ႀကီးမားတဲ့ကြန္ရက္ႀကီးတစ္ခုအသြင္ ေရာက္ရွိသြားမွာပါ။

နည္းပညာဆိုတာ ရပ္တန႔္ေနလို႔မရပါဘူး။ ဒါေၾကာင့္ ဂု႐ုႀကီးေတြက 5G ထက္ပိုၿပီးသာလြန္ေကာင္းမြန္မယ့္ 6G နည္းပညာကို အေကာင္အထည္ေဖာ္ႏိုင္ဖို႔ လုပ္ေဆာင္ေနၾကပါၿပီ။ တ႐ုတ္နည္းပညာကုမၸဏီႀကီး Huawei ဟာ 6G နည္းပညာကို သုေတသနျပဳလုပ္ေနၿပီျဖစ္သလို ေတာင္ကိုရီးယားရဲ႕ ဦးေဆာင္ကုမၸဏီႀကီး Samsung ကလည္း 6G နည္းပညာမွာေနာက္က်မက်န္ဖို႔ ေျခလွမ္းေတြစေနၿပီလို႔ သတင္းေတြ ထြက္ေပၚထားပါတယ္။

ဒါေပမယ့္ ဒီကုမၸဏီေတြအေနနဲ႔ လာမယ့္ ၂၀၃၀ မတိုင္မီအထိ စီးပြားျဖစ္ဝန္ေဆာင္ႏိုင္မွာမဟုတ္ဘူးလို႔ ခန႔္မွန္းရပါတယ္။ 6G ေခတ္ကိုထူေထာင္ႏိုင္ဖို႔ ႀကိဳးစားေနတဲ့ၿပိဳင္ပြဲထဲ ဝင္လာတာကေတာ့ ဂ်ပန္ပါ။ Nikkei ကေဖာ္ျပတဲ့သတင္းအရ ဂ်ပန္ကလည္း 5G ထက္ ဆယ္ဆပိုၿပီးျမန္ဆန္တဲ့ 6G နည္းပညာကို ၂၀၃၀ မွာ လက္ေတြ႕အသုံးျပဳႏိုင္ဖို႔ အစီအစဥ္ေတြခ်မွတ္ေနၿပီလို႔ သိရပါတယ္။

4G ကေန 5G နည္းပညာဆီ ကူးေျပာင္းမႈမွာ ဂ်ပန္အေနနဲ႔ အံ့ၾသစရာေကာင္းေလာက္ေအာင္ ေႏွးေကြးေနေပမယ့္ 6G နည္းပညာအတြက္ေတာ့ အေစာပိုင္းကတည္းက တြန္းအားေပးေဆာင္႐ြက္ေနတဲ့ အေနအထားတစ္ရပ္ကို ျမင္ေတြ႕ေနရတာပါ။ ဂ်ပန္ဟာ 6G သုေတသနနဲ႔ ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အေမရိကန္ေဒၚလာ ၂.၀၃ ဘီလီယံကို ရင္းႏွီးျမဳပ္ႏွံမယ္လို႔လည္း သိရပါတယ္။

Ref: Gizmochina