[Zawgyi]

ဂ်ပန္ အီလက္ထေရာနစ္ ကုမၸဏီႀကီး NEC Corp က ကားပ်ံကို ေအာင္ျမင္စြာ စမ္းသပ္ ပ်ံသန္းျပႏုိင္ခဲ့ပါတယ္။ ကုမၸဏီဟာ ခရီးသည္တင္ ဒရုန္း နယ္ပယ္မွာ ဂ်ပန္ႏုိင္ငံကို ထိပ္တန္းေရာက္ေအာင္ ကူညီေပးေနပါတယ္။ ကုမၸဏီက ကားပ်ံကို ေျမျပင္အထက္ ၁၀ ေပ အျမင့္မွာ ၁ မိနစ္ၾကာ ပ်ံသန္းျပခဲ့ပါတယ္။ ကားပ်ံဟာ ဘက္ထရီနဲ႔ ေမာင္းနွင္တာ ျဖစ္ၿပီး ပန္ကာ ၄ လံုးတပ္ အႀကီးစား ဒရုန္းလို႔လည္း ေျပာႏုိင္ပါတယ္။

ခရီးသည္ေတြကို သယ္ယူပို႔ေဆာင္ေပးဖို႔ ဒီဇိုင္းထုတ္ထားတာ ျဖစ္ၿပီး ၿပီးခဲ့တဲ့ တနလၤာေန႔က တိုက်ိဳမွာ စမ္းသပ္ပ်ံသန္းခဲ့တာပါ။ စမ္းသပ္ပ်ံသန္းခ်ိန္မွာ ခရီးသည္ေတာ့ မပါပါဘူး။ Bloomberg က ဂ်ပန္ဟာ  Electric Cars နဲ႔ Ride-hailing Services တို႔လို နည္းပညာေတြမွာ ေနာက္က်က်န္ခဲ့တာေၾကာင့္ ကားပ်ံ နည္းပညာမွာ ထိပ္တန္းေရာက္ေအာင္ ႀကိဳးစားေနတယ္လို႔ ေရးသားထားပါတယ္။ ဂ်ပန္က ေငြေၾကး ခ်မ္းသာသူေတြက ေမာင္းသူမဲ့ ေလယာဥ္နဲ႔ ကားပ်ံေတြ ဖန္တီးဖို႔ Drone Fund စီမံကိန္းမွာ ေငြေၾကး ကူညီေပးေနၾကပါတယ္။

NEC Corp ရဲ႕ စီမံကိန္း အႀကီးအကဲ Kouji Okada က “ ဂ်ပန္ဟာ လူဦးေရ အရမ္း ထူထပ္တဲ့အတြက္ ကားပ်ံေတြဟာ ကားလမ္းပိတ္တာကို ထိထိေရာက္ေရာက္ ေျဖရွင္းေပးႏုိင္ပါတယ္။ ကားပ်ံေတြအတြက္ တည္ေနရာ ေဒတာေတြကို ေထာက္ပံ့ေပးမွာ ျဖစ္ၿပီး ဆက္သြယ္ေရး အေျခခံ အေဆာက္အဦးေတြကို တည္ေဆာက္မွာ ျဖစ္ပါတယ္။ “ လို႔ ေျပာပါတယ္။

NEC Corp ဟာ ဂ်ပန္ရဲ႕ Startup တစ္ခုျဖစ္တဲ့ Cartivator နဲ႔ ပူးေပါင္းၿပီး ဘက္ထရီ စြမ္းအင္သံုး ကားပ်ံေတြကို ဖန္တီးေနတာ ၁ ႏွစ္ေလာက္ရွိပါၿပီ။ ၂၀၂၆ ခုႏွစ္မွာ ကားပ်ံေတြကို အေျမာက္အမ်ား ထုတ္လုပ္ဖို႔ ရည္မွန္းထားပါတယ္။ လက္ရွိ နမူနာ ကားပ်ံရဲ႕ အေလးခ်ိန္ဟာ ၁၅၀ ကီလိုဂရမ္ရွိပါတယ္။ အရွည္က ၃.၉ မီတာ၊ အက်ယ္က ၃.၇ မီတာနဲ႔ အျမင့္က ၁.၃ မီတာ ရွိပါတယ္။

Ref : designboom

[Unicode]

ဂျပန်က ကားပျံကို အောင်မြင်စွာ စမ်းသပ် ပျံသန်းပြ

ဂျပန် အီလက်ထရောနစ် ကုမ္ပဏီကြီး NEC Corp က ကားပျံကို အောင်မြင်စွာ စမ်းသပ် ပျံသန်းပြနိုင်ခဲ့ပါတယ်။ ကုမ္ပဏီဟာ ခရီးသည်တင် ဒရုန်း နယ်ပယ်မှာ ဂျပန်နိုင်ငံကို ထိပ်တန်းရောက်အောင် ကူညီပေးနေပါတယ်။ ကုမ္ပဏီက ကားပျံကို မြေပြင်အထက် ၁၀ ပေ အမြင့်မှာ ၁ မိနစ်ကြာ ပျံသန်းပြခဲ့ပါတယ်။ ကားပျံဟာ ဘက်ထရီနဲ့ မောင်းနှင်တာ ဖြစ်ပြီး ပန်ကာ ၄ လုံးတပ် အကြီးစား ဒရုန်းလို့လည်း ပြောနိုင်ပါတယ်။

ခရီးသည်တွေကို သယ်ယူပို့ဆောင်ပေးဖို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်ပြီး ပြီးခဲ့တဲ့ တနင်္လာနေ့က တိုကျိုမှာ စမ်းသပ်ပျံသန်းခဲ့တာပါ။ စမ်းသပ်ပျံသန်းချိန်မှာ ခရီးသည်တော့ မပါပါဘူး။ Bloomberg က ဂျပန်ဟာ Electric Cars နဲ့ Ride-hailing Services တို့လို နည်းပညာတွေမှာ နောက်ကျကျန်ခဲ့တာကြောင့် ကားပျံ နည်းပညာမှာ ထိပ်တန်းရောက်အောင် ကြိုးစားနေတယ်လို့ ရေးသားထားပါတယ်။ ဂျပန်က ငွေကြေး ချမ်းသာသူတွေက မောင်းသူမဲ့ လေယာဉ်နဲ့ ကားပျံတွေ ဖန်တီးဖို့ Drone Fund စီမံကိန်းမှာ ငွေကြေး ကူညီပေးနေကြပါတယ်။

NEC Corp ရဲ့ စီမံကိန်း အကြီးအကဲ Kouji Okada က “ ဂျပန်ဟာ လူဦးရေ အရမ်း ထူထပ်တဲ့အတွက် ကားပျံတွေဟာ ကားလမ်းပိတ်တာကို ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်ပါတယ်။ ကားပျံတွေအတွက် တည်နေရာ ဒေတာတွေကို ထောက်ပံ့ပေးမှာ ဖြစ်ပြီး ဆက်သွယ်ရေး အခြေခံ အဆောက်အဦးတွေကို တည်ဆောက်မှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

NEC Corp ဟာ ဂျပန်ရဲ့ Startup တစ်ခုဖြစ်တဲ့ Cartivator နဲ့ ပူးပေါင်းပြီး ဘက်ထရီ စွမ်းအင်သုံး ကားပျံတွေကို ဖန်တီးနေတာ ၁ နှစ်လောက်ရှိပါပြီ။ ၂၀၂၆ ခုနှစ်မှာ ကားပျံတွေကို အမြောက်အများ ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။ လက်ရှိ နမူနာ ကားပျံရဲ့ အလေးချိန်ဟာ ၁၅၀ ကီလိုဂရမ်ရှိပါတယ်။ အရှည်က ၃.၉ မီတာ၊ အကျယ်က ၃.၇ မီတာနဲ့ အမြင့်က ၁.၃ မီတာ ရှိပါတယ်။

Ref : designboom