ရက်ပါ Jay-Z နဲ့ တွစ်တာ တည်ထောင်သူ Jack Dorsey တို့ဟာ Bitcoin နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို မျှဝေပေးမယ့် Bitcoin Academy ကို တည်ထောင်လိုက်ပါတယ်။  အဲဒီစီမံကိန်းမှာ အပတ်စဉ် သင်တန်းတွေ၊ အွန်လိုင်းသင်တန်းတွေကို သင်ကြားပေးမှာ ဖြစ်ပါတယ်။

Why are Jay-Z and Jack Dorsey teaching bitcoin to poor kids? - Business News

Jay-Z နဲ့ Jack Dorsey တို့ဟာ စီးပွားရေး လုပ်ငန်းတွေနဲ့ Bitcoin နယ်ပယ်မှာ ဟိုးအရင်ကတည်းက ပူးပေါင်းလုပ်ကိုင်မှုတွေ ရှိခဲ့တဲ့ သမိုင်းကြောင်း ရှိပါတယ်။ Dorsey ရဲ့ ဒစ်ဂျစ်တယ် ငွေပေးချေတဲ့ ကုမ္ပဏီ Block ဟာ ၂၀၂၁ ခုနှစ်မှာ Jay-Z ရဲ့ Tidal Streaming ဝန်ဆောင်မှုမှာ ရှယ်ယာများစွာကို ဝယ်ယူခဲ့ပြီး သူတို့ ၂ ယောက်ဟာ အာဖရိကနဲ့ အိန္ဒိယမှာ Cryptocurrency အသုံးပြုမှု တိုးတက်အောင် သူတို့ရဲ့ Bitcoin ပိုင်ဆိုင်မှုတွေနဲ့ ကူညီထောက်ပံ့ခဲ့ပါတယ်။

Jay-Z and Jack Dorsey criticized for launching 'Bitcoin Academy' in rapper's childhood home - The Verge

Bitcoin Academy Website မှာ သင်တန်းတွေကနေ Bitcoin နဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို သင်ကြားပေးမှာ ဖြစ်ပြီး Bitcoin အကြောင်း လေ့လာသင်ယူဖို့ ခက်ခဲနေသူတွေကို ကူညီပေးသွားမယ်လို့ ရေးသားထားပါတယ်။ နာမည်ကြီး Bitcoin Influencer ၂ ယောက် ဖြစ်တဲ့ Lamr Wilson နဲ့ Najah J. Roberts တို့က သင်ကြားပေးမှာ ဖြစ်ပြီး Bitcoin ရဲ့ အလုပ်လုပ်ပုံနဲ့ ဂရုစိုက်ရမယ့် အရာတွေကို လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။

Bitcoin Academy ရဲ့ သင်ရိုးညွှန်းတမ်းတွေကို မသိရသေးပေမယ့် Rolling Stone က “ ငွေကြေးဆိုတာ ဘာလဲ?” ၊ “ Cryptocurrency ဆိုတာ ဘာလဲ?” ၊ “ Blockchain ဆိုတာ ဘာလဲ?” စတဲ့ သင်တန်းတွေ ပါဝင်မယ်လို့ ပြောပါတယ်။ သင်တန်းတက်သူတွေကို MiFi Device၊ စမတ်ဖုန်းတွေကို အခမဲ့ ပေးသွားမှာပါ။

Ref : theverge