အမေရိကန် ပြည်ထောင်စု Texas တရားရုံး ၁ ခုက Patent ကော်ပီ ကူးမှုကြောင့် Apple ဟာ Optis Wireless Technology Patent Company နဲ့ သက်ဆိုင်တဲ့ Company တွေကို နစ်နာကြေး ဒေါ်လာ သန်း ၃၀၀ ပေးဆောင်ရန် ပြီးခဲ့တဲ့ သောကြာနေ့က ဆုံးဖြတ်လိုက်ပါတယ်။ Apple ဟာ အဲဒီ Patent တွေကို iPhone, iPad နဲ့ Watch တွေမှာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်မှာ တရားရုံးက Patent ကော်ပီ ကူးမှုကြောင့် Apple ဟာ Optis Wireless Technology Patent Company ကို နစ်နာကြေး ဒေါ်လာ ၅၀၆ သန်း ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် ဧပြီလမှာတော့ အဲဒီ ဆုံးဖြတ်ချက်ကို ရုပ်သိမ်းခဲ့ပြီး အခုမှသာ တရားရုံးက ဆုံးဖြတ်ချက် အသစ်ကို ချမှတ်လိုက်တာ ဖြစ်ပါတယ်။

Apple ရဲ့ ပြောရေးဆိုခွင့်ရှိသူ ၁ ယောက်က “ တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ စိတ်ပျက်စရာကောင်းပြီး အယူခံဝင်ဖို့ စီစဉ်ထားပါတယ်။ Optis ဟာ ဘာထုတ်ကုန်မှ ထုတ်လုပ်တဲ့ ကုမ္ပဏီ မဟုတ်ဘဲ Optis ရဲ့ အဓိက စီးပွားရေး လုပ်ငန်းဟာ သူတို့ မှတ်ပုံတင်ထားတဲ့ Patent တွေကို အသုံးပြုတဲ့ ကုမ္ပဏီတွေကို တရားစွဲဆိုတာ ဖြစ်ပါတယ်။ မတရားသဖြင့် တောင်းဆိုထားတဲ့ နစ်နာကြေး လျော့ကျအောင် Apple က ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။” လို့  တနင်္ဂနွေနေ့က The Verge ကို ပြောပါတယ်။

U.S. Trade Commission now investigating Apple in Qualcomm patent dispute | TechCrunch

နည်းပညာ နယ်ပယ်မှာ Patent ခိုးယူမှုနဲ့ ပတ်သက်တဲ့ အမှုအခင်းများစွာ ရှိနေပါတယ်။ Apple နဲ့ Samsung ၊ Apple နဲ့ Qualcomm တို့ဟာလည်း Patent အငြင်းပွားမှုကြောင့် နှစ်များစွာကြာ တရားရင်ဆိုင်ခဲ့ကြရပါတယ်။

Apple, Samsung agree to mediation in ongoing patent dispute

တချို့ ကုမ္ပဏီတွေကလည်း Patent များစွာကို မှတ်ပုံတင်ထားပြီး ဘာထုတ်ကုန်မှ မထုတ်လုပ်ဘဲ သူတို့ Patent တွေကို အသုံးပြုတဲ့ နာမည်ကြီး ကုမ္ပဏီတွေကို တရားစွဲဆိုကာ နစ်နာကြေးတောင်းတာကို စီးပွားဖြစ် လုပ်ဆောင်နေကြပါတယ်။

Ref : theverge