အလိုအလျောက် စစ်ဆေးအတည်ပြုပေးသော နည်းစနစ်ဖြင့် ချေးငွေရယူသူတစ်ဦး၏ credit score နှင့် credit limit တို့ကို ဆုံးဖြတ်ပေးခြင်း

ချေးငွေအတည်ပြုခြင်း အဆင့်ကို ၂၄ နာရီအတွင်း လုပ်ဆောင်ပေးမည်ဖြစ်ပြီး လျှောက်ထားသူအတွက် သက်သောင့်သက်သာရှိသော ချေးငွေပြန်လည်ပေးဆပ်မှု ကာလအပိုင်းအခြားကို ရွေးချယ်နိုင်ခြင်း

KBZPay အသုံးပြုသူများမှာ KBZPay အသုံးပြု၍ ငွေကျပ် သိန်း (၅၀) အထိ ချေးငွေ လျှောက်ထားနိုင်ပြီး မြန်မာနိုင်ငံအတွင်း မြို့ကြီးများရှိ KBZPay မိတ်ဖက်ဈေးဆိုင်များ၌ အီလက်ထရောနစ်ပစ္စည်းများ ဝယ်ယူနိုင်ပြီ ဖြစ်သည်။

ဘဏ်သို့သွားရောက်ရခြင်း၊ အပေါင်ပစ္စည်းပြရခြင်း၊ လျှောက်လွာကြေးပေးရခြင်းတို့ မရှိသည့်အပြင် စာရွက်စာတမ်း အသုံးပြုရန် မလိုအပ်သည့် အလွန်လွယ်ကူသော ချေးငွေလျှောက်ထားမှု လုပ်ငန်းစဉ်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဦးဆောင် မိုဘိုင်းပိုက်ဆံအိတ်ဖြစ်သည့် KBZPay က ချေးငွေရယူလိုသူများ၏ ချေးငွေရသင့်၊ မရသင့်ဆိုသည့် အချက်အား စက်၏လေ့လာသင်ယူနိုင်စွမ်း နည်းပညာဖြင့် အလိုအလျောက် ဆုံးဖြတ်ပေးမည့် စနစ် (Automated Decision Machine) တစ်ခု ထည့်သွင်းအသုံးပြုထားသော ပထမဦးဆုံး ဒစ်ဂျစ်တယ်စနစ် ချေးငွေ ဝန်ဆောင်မှုအဖြစ် ဈေးဝယ်ချေးငွေ ကို စတင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ KBZPay ဈေးဝယ်ချေးငွေကို လခစား ဝန်ထမ်း၊ KBZPay အသုံးပြုသူများအနေဖြင့် ငွေကျပ်သိန်း (၅၀) အထိ လွယ်ယူလျင်မြန်စွာ ချေးငွေရယူပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ KBZPay မိတ်ဖက်ဈေးဆိုင်တိုင်းတွင် မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ် အိမ်အသုံးအဆောင်ပစ္စည်းများကို ဝယ်ယူနိုင်ရန် ဝန်ဆောင်မှုပေးသွားမည် ဖြစ်ပါသည်။

ဈေးဝယ်ချေးငွေ လျှောက်ထားမှု လုပ်ငန်းစဉ်တစ်ခုလုံးကို KBZPay မိုဘိုင်းအက်ပလီကေးရှင်းအတွင်း စာရွက်စာတမ်း အသုံးပြုရန်မလိုဘဲ မိုဘိုင်းစနစ်ဖြင့် အစ၊ အဆုံး စီမံဆောင်ရွက်နိုင်ပါသည်။ ချေးငွေရယူသူများမှာ အပေါင်ပစ္စည်း၊ အာမခံ ပုဂ္ဂိုလ်၊ လျှောက်လွှာကြေး စသည်တို့ ပေးအပ်ရန်မလိုအပ်ဘဲ ချေးငွေအတည်ပြုခြင်း အဆင့်ကို ၂၄ နာရီထက်မပိုသည့် ကာလအတွင်း ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ ချေးငွေရရှိကြောင်း အတည်ပြုပြီး နောက်နေ့မှစ၍ KBZPay မိုဘိုင်း ပိုက်ဆံအိတ်အတွင်းရှိ ဈေးဝယ်ချေးငွေကို အသုံးပြုကာ ၁၂ လ၊ ၁၈ လ၊ ၂၄ လ စသည်ဖြင့် နှစ်သက်ရာ လစဉ် ချေးငွေပြန်လည်ပေးဆပ်မှုများကို ရွေးချယ်ပြီး စတင် ဝယ်ယူနိုင်ပြီ ဖြစ်ပါသည်။

KBZPay ဈေးဝယ်ချေးငွေသည် ကမ္ဘောဇဘဏ်၏ အလိုအလျောက် စစ်ဆေးဆုံးဖြတ်ပေးသည့် နည်းပညာကို အသုံးချထားသော ပထမဦးဆုံး မိုဘိုင်း app အခြေပြု ချေးငွေဝန်ဆောင်မှု ထုတ်ကုန်တစ်ခု ဖြစ်ပါသည်။ အဆိုပါ ချေးငွေ ဝန်ဆောင်မှုထုတ်ကုန်များသည် KBZPay အသုံးပြုသူများအတွက် အာမခံချက်မရှိသော ပြင်ပနေရာများမှ ချေးငွေရယူရခြင်း၊ လပေါင်းများစွာ ငွေစုရန် ကြိုးစားရခြင်းတို့အစား နိုင်ငံ့အကြီးဆုံး ပုဂ္ဂလိကဘဏ် ဖြစ်သည့် ကမ္ဘောဇဘဏ်၏ လုံခြုံစိတ်ချရမှု၊ ခိုင်မာမှုတို့ဖြင့် ပံ့ပိုးပေးထားသည့် ကျယ်ပြန့်စွာ အသုံးပြုနိုင်သော ငွေကြေးဆိုင်ရာ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို အာမခံချက်ရှိရှိ ချက်ချင်း ရယူနိုင်ရန် ဖန်တီးထားခြင်း ဖြစ်ပါသည်။ ထို့အပြင် ချေးငွေရယူသူများမှာ မိမိတို့၏ KBZPay မိုဘိုင်းပိုက်ဆံအိတ်ဖြင့်ပင် ဝယ်ယူထားသည့် ပစ္စည်းများအတွက် ငွေပေးချေခြင်း၊ လစဉ် ချေးငွေပြန်လည်ပေးဆပ်ခြင်းတို့ ပြုလုပ်နိုင်သဖြင့် ဘဏ်ခွဲများသို့ သွားရောက်ရခြင်း၊ ငွေသားကိုင်တွယ်ရခြင်းများ ပြုလုပ်ရန် မလိုအပ်တော့ပါ။

ကမ္ဘောဇဘဏ်၏ Head of KBZPay and Unsecured Consumer Lending ဖြစ်သူ Mr. Chong Ho က “မြန်မာနိုင်ငံက ပြည်သူတွေ၊ အထူးသဖြင့် နိုင်ငံအတွင်းက လုပ်ငန်းခွင်ဝင်ရောက်နေတဲ့ လူဦးရေအတွက် ငွေကြေးဆိုင်ရာ အခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့ဆိုတဲ့ ကမ္ဘောဇဘဏ်ရဲ့ ကတိကဝတ်အတိုင်း KBZPay ဈေးဝယ်ချေးငွေ အပါအဝင် နောက်ထပ် ချေးငွေဝန်ဆောင်မှု ထုတ်ကုန်တွေကို KBZPay ကနေ မကြာခင် မိတ်ဆက်ပေးသွားတော့ပါ။ ကျွန်တော်တို့ရဲ့ KBZPay နဲ့ မိုဘိုင်းနည်းပညာပိုင်းဆိုင်ရာ ရင်းနှီးမြုပ်နှံမှုတွေကနေ အသုံးပြုသူတွေဟာ စာရွက်စာတမ်းတွေအသုံးပြုစရာ မလိုတဲ့ ချေးငွေဝန်ဆောင်မှုတစ်ခုကို ရယူနိုင်ပြီဖြစ်တဲ့အပြင် နောက်ပိုင်း ချေးငွေလျှောက်ထားရာမှာ အထောက်အကူဖြစ်မယ့် credit score တစ်ခုကိုလည်း ရရှိထားနိုင်ကြပြီ ဖြစ်ပါတယ်။ ချေးငွေအတည်ပြုပြီးတာနဲ့ ဈေးဝယ်သူတစ်ဦးဟာ ကျွန်တော်တို့ရဲ့ မိတ်ဖက်ဈေးဆိုင်တွေဆီသွားပြီး ကနဦး ချေးငွေပေးဖို့၊ လက်ထဲမှာ ငွေသားဆောင်ထားဖို့ စိတ်ပူစရာ မလိုတော့ဘဲ ချက်ချင်း ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်” ဟု ပြောသည်။

KBZPay ဈေးဝယ်ချေးငွေ၏ အလိုအလျောက် စစ်ဆေးဆုံးဖြတ်နိုင်သည့် နည်းပညာ

KBZPay ဈေးဝယ်ချေးငွေ အသစ်သည် ချေးငွေရယူလိုသူ၏ ချေးငွေရသင့်၊ မရသင့်ဆိုသည့် အချက်အား အလိုအလျောက် စစ်ဆေးဆုံးဖြတ်ပေးသည့် နည်းပညာကို အသုံးချထားသော မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဒစ်ဂျစ်တယ်စနစ် ချေးငွေဝန်ဆောင်မှုတစ်ခု ဖြစ်ပါသည်။ ပြည့်စုံမှုရှိသည့် အချက်အလက်ပေါင်းများစွာနှင့် အဆင့်မြင့် ခွဲခြမ်းစိတ်ဖြာနိုင်သည့် နည်းပညာတို့၏ ပေါင်းစပ်မှုစွမ်းရည်ကို တိကျသေချာစွာ တွက်ချက်တွေးခေါ်နိုင်သော စွမ်းရည်ဖြင့် တွဲယှက်၍ ချေးငွေရယူလိုသူတစ်ဦးချင်းစီ၏ credit score နှင့် credit limit တို့ကို ချက်ချင်း တွက်ချက်ဆုံးဖြတ်ပေးနိုင်မည် ဖြစ်ပါသည်။ တစ်ဦးချင်းစီ၏ ချေးငွေပြန်လည်ပေးဆပ်ရမည့် ကာလအပိုင်းအခြားကို စက်၏ လေ့လာသင်ယူနိုင်စွမ်းအား အသုံးချထားသည့် နည်းပညာဖြင့် အလိုအလျောက် စစ်ဆေးဆုံးဖြတ်နိုင်သည့် လုပ်ငန်းစဉ်ကြောင့် ပုဂ္ဂုလ်ရေးအရ အကဲဖြတ်သုံးသပ်မှုကြောင့် ဖြစ်ပွားလာနိုင်သည့် နောက်ဆက်တွဲပြဿနာများနှင့် လူကြောင့်ဖြစ်တတ်သည့် အမှားများကို လျှော့ချပေးနိုင်မည် ဖြစ်ပါသည်။ KBZPay ဈေးဝယ်ချေးငွေရယူပြီး တာဝန်သိစွာ အချိန်မှန် ပြန်လည်ပေးဆပ်သည့် ချေးငွေရယူသူများမှာ credit scores ရမှတ်ကောင်းများ ရရှိနိုင်သောကြောင့် နောက်ပိုင်း ချေးငွေဆိုင်ရာ ကိစ္စရပ်များအတွက် အကျိုးရှိနိုင်မည် ဖြစ်ပါသည်။

KBZPay ဈေးဝယ်ချေးငွေ လျှောက်ထားခြင်းနှင့် ဝန်ဆောင်မှု စည်းမျဉ်းများ

KBZPay ဈေးဝယ်ချေးငွေ ဝန်ဆောင်မှုကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များရှိ လစဉ်ဝင်ငွေ အနည်းဆုံး ကျပ် (၁၅၀,၀၀၀) ရှိသည့် KBZPay အဆင့် ၂ အသုံးပြုသူတိုင်း လျှောက်ထားနိုင်ပြီဖြစ်သည်။ ယခုချေးငွေဝန်ဆောင်မှုအား လာမည့် လများအတွင်း အခြားဒေသ နှင့် မြို့ကြီးများတွင် မိတ်ဆက်ပေးသွားမည် ဖြစ်သည်။

KBZPay ဈေးဝယ်ချေးငွေ ဝန်ဆောင်မှုအကြောင်း ပိုမိုသိရှိရန်နှင့် လျှောက်ထားလိုပါက KBZPay အက်ပလီကေးရှင်း ၏ ပင်မစာမျက်နှာပေါ်ရှိ “KBZPay ဈေးဝယ်ချေးငွေ” နေရာကို နှိပ်ပါ။ “ယခု လျှောက်ထားမည်” ကို နှိပ်ပြီး ချေးငွေပမာဏ နှင့် ပြန်လည်ပေးဆပ်ရန် အချိန်ဇယားအား ရွေးချယ်နိုင်ပါသည်။ လျှောက်ထားသူမှာ ချေးငွေလျှောက်ထားခြင်း လုပ်ငန်းစဉ် ဆက်လက်မပြုလုပ်မီ အတိုးပါထည့်သွင်းသည့် လစဉ် ချေးငွေပြန်ဆပ်မှုပမာဏကို တွက်ချက်ပြသပေးထားကြောင်း တွေ့မြင်ရမည် ဖြစ်ပါသည်။ နောက်ဆုံးအတည်ပြုလိုက်သောချေးငွေပမာဏသည် ချေးငွေတွက်ချက်ရာတွင် ပြသထားသော ပမာဏနှင့် ကွဲပြားမှုရှိနိုင်ပါသည်။

အချိန် ၁၅ မိနစ်အောက်သာ ကြာမြင့်သော ချေးငွေလျှောက်ထားမှု လုပ်ငန်းစဉ် ဆောင်ရွက်ရန် လျှောက်ထားလိုသူများအနေဖြင့် အောက်ပါ အချက်အလက်များ တင်ပြရန် လိုအပ်ပါသည်။

လိပ်စာထောက်ခံချက်နေထိုင်ကြောင်းရပ်ကွက်ထောက်ခံစာ (၁လထက်မကျော်သော)
မီတာခ စာရွက်
လစာစလစ် (သို့) HR မှ လွန်ခဲ့သော ၃လအတွင်း လစာထောက်ခံချက်

ချေးငွေလျှောက်ထားမှု ပြီးစီးသွားပါက လျှောက်ထားသူများသည် တာဝန်ခံမှုရှိရှိ ချေးငွေရယူခြင်းနှင့် ချေးငွေပြန်လည် ပေးဆပ်မှုကို စီမံခန့်ခွဲရာတွင် လိုက်နာရမည့် အလေ့အကျင့်ကောင်းများအကြောင်း ရိုက်ကူးထားသော ဗီဒီယိုတစ်ခုကို ကြည့်ရှုရန် လိုအပ်ပါသည်။

စစ်ဆေး အတည်ပြုခြင်း လုပ်ငန်းစဉ်အတွက် ၂၄ နာရီ ကြာမြင့်ပြီးနောက် ချေးငွေလျှောက်ထားမှု အောင်မြင်ပါက လျှောက်ထားသူများသည် အက်ပလီကေးရှင်းအတွင်း အသိပေးချက်တစ်ခု လက်ခံရရှိပါမည်။ အတည်ပြုပြီး ချေးငွေရရှိသူများသည် QR code တစ်ခု လက်ခံရရှိမည်ဖြစ်ပြီး KBZPay ၏ မိတ်ဖက်ဈေးဆိုင်တွင် အဆိုပါ QR code အား scan ဖတ်၍ ဝယ်ယူထားသည့် ပစ္စည်းများအတွက် ငွေပေးချေမှု ပြုလုပ်နိုင်မည် ဖြစ်ပါသည်။

ချေးငွေအား KBZPay ဈေးဝယ်ချေးငွေ ဝန်ဆောင်မှု၏ မိတ်ဖက်ဆိုင်ရှင်များကို ငွေပေးချေမှု ပြုလုပ်ရန်အတွက်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး အဓိကအားဖြင့် မိုဘိုင်းဖုန်းများ၊ အီလက်ထရောနစ်ပစ္စည်းများနှင့် အိမ်တွင်း အသုံးအဆောင်ပစ္စည်းများကို ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။ ချေးငွေရယူသူများသည် ချေးငွေအား အခြားတစ်စုံတစ်ယောက်ထံသို့ လွှဲပြောင်းခြင်းနှင့် ချေးငွေပမာဏကို ထုတ်ယူခြင်းများ ပြုလုပ်နိုင်မည် မဟုတ်ပါ။

ချေးငွေရယူသူများသည် ၎င်းတို့၏ KBZPay မိုဘိုင်းပိုက်ဆံအိတ်ထဲမှ ငွေများကို အသုံးပြု၍ လတစ်လအတွင်း သတ်မှတ်ထားသော နေ့တွင် ချေးငွေပြန်ဆပ်ရပါမည်။ ချေးငွေပြန်လည်ပေးဆပ်မှုအားလုံးကို ‘မှတ်တမ်း’ တွင် ပြန်လည် ကြည့်ရှုနိုင်ပါသည်။

KBZPay ဈေးဝယ်ချေးငွေ ဝန်ဆောင်မှု၏ မိတ်ဖက်ဈေးဆိုင်များတွင် Technoland ၊ Win Mobile World နှင့် Snoopy Mobile အစရှိသည့် အမြို့မြို့အနယ်နယ်တွင် ဆိုင်ခွဲများဖွင့်လှစ်ထားသော ထိပ်တန်း အီလက်ထရောနစ်ပစ္စည်း လက်လီအရောင်းဆိုင်များ ပါဝင်ပါသည်။ ရန်ကုန်မြို့မှအပ အခြားသော မြို့နယ်များတွင် KBZPay ဈေးဝယ်ချေးငွေကို မော်တော်ဆိုင်ကယ် ဝယ်ယူရန်အတွက် လျှောက်ထားနိုင်ပါသည်။

ကမ္ဘောဇဘဏ်မှ ချေးငွေဝန်ဆောင်မှု ရယူသူများအား တာဝန်ယူမှုရှိရှိ ချေးငွေရယူရန်နှင့် လိုအပ်သည့် ပစ္စည်းများအတွက်သာ ဦးစားပေးချေးယူရန် အကြံပြု တိုက်တွန်းလိုပါသည်။ တာဝန်ယူမှုရှိရှိ ချေးငွေရယူရန်အတွက် အကြံပြုချက်အချို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ပစ္စည်းဝယ်ယူရန် လိုအပ်သည့် ငွေပမာဏတစ်ခု သတ်မှတ်ထားပြီး သတ်မှတ်ထားသော ငွေပမာဏထပ်ကျော်၍ ချေးယူခြင်း မပြုလုပ်ခြင်း။

ချေးငွေပြန်လည်ပေးဆပ်ရန် မိမိ၏ လစဉ်ဝင်ငွေကို ခွဲတမ်းချထားခြင်း။
ဒဏ်ကြေးငွေ ပေးဆောင်ရခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် လစဉ်ပေးသွင်းရမည့် နောက်ဆုံးနေ့ရက် မတိုင်မီ ပြန်လည် ပေးဆပ်ခြင်း။
လက်ရှိ ဆပ်ရန်ကျန်သည့် ချေးငွေပမာဏကို ပုံမှန်စစ်ဆေးခြင်း။
အချိန်အပိုင်းအခြား တစ်ခုအတွင်း ချေးငွေ အများအပြား ရယူခြင်းကို ရှောင်ရှားခြင်း။

KBZPay ဈေးဝယ်ချေးငွေနှင့်ပတ်သက်ပြီး အများပြည်သူများအနေဖြင့် ပိုမိုသိရှိလိုပါက KBZPay Customer Service ဖုန်း – ၀၉ ၉၆၉၉၆၃၂၁၁ သို့ခေါ်ဆို၍ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Source – KBZPay