Kia ကားကုမ္ပဏီဟာ ပြီးခဲ့တဲ့ Consumer Electric Show – CES ပွဲမှာ Niro EV concept ကားကို ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက Kia ဟာ အဆိုပါ Niro EV ကားကို တကယ် Production ထုတ်လုပ်မယ့်အချိန်ကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။

ဒါပေမယ့် အခုအချိန်မှာတော့ Kia ကနေ Niro EV ကားကို ရောင်းချဖို့အတွက် စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်းနဲ့ အချို့သော အချက်အလက်တွေကိုပါ ဖော်ပြခဲ့ပါတယ်။ Kia ရဲ့ အဆိုအရတော့ အခု Niro EV က လျှပ်စစ်ကားဖြစ်ပေမယ့် Hybrid ကား တစ်စီးကို မောင်းနှင်နေရသလို ခံစားရမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Kia ရဲ့ ယခု Niro EV ကားဟာ 64kWh battery ကို အဓိကအသုံးပြုသွားမှာဖြစ်ပြီးတော့ တစ်ခါအားသွင်းပြီးရင် မိုင်ပေါင်း ၂၈၀ အထိ မောင်းနှင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အခု ရလဒ်ဟာ WLTP စစ်ဆေးမှုရလဒ်တစ်ခုဖြစ်ပြီးတော့ တကယ်မောင်းနှင်တဲ့အချိန်ကြရင်တော့ မိုင် ၂၄၀ ဝန်းကျင်ပဲ ရရှိနိုင်လောက်မှာပါ။

Kia Niro EV ဟာ Standard အနေနဲ့တော့ အဆိုပါ 64kWh Battery နဲ့ပဲ ရောင်းချသွားမှာဖြစ်ပေမယ့် တကယ်လို့ ဈေးသက်သာတဲ့အမျိုးအစားလိုချင်တယ်ဆိုရင် Battery ကို 39.2kWh Battery အစားထိုးလို့ရတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း သွားနိုင်တဲ့ အကွာအဝေးကတော့ မိုင် ၂၃၀ ဝန်းကျင်လောက်ပဲရှိတော့မှာဖြစ်ပါတယ်။

Kia ဟာ အခု Niro EV ကားနဲ့ ပတ်သတ်ပြီး အသေးစိတ်အချက်အလက်တွေ၊ မြင်းကောင်ရေ စွမ်းဆောင်ရည်နဲ့အတူ အခြားသော ဈေးနှုန်းတွေကို ဖော်ပြခဲ့ခြင်းမရှိပေမယ့် လက်ရှိ ဈေးကွက်ထဲမှာရှိနေတဲ့ Crossover ကားတွေထက် ဈေးသက်သာမယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် နည်းပညာပိုင်းဆိုင်ရာတွေလည်း အပြည့်အစုံပါဝင်မှာဖြစ်ပြီးတော့ Google Assistant ကိုပါ Support ပြုလုပ်ဦးမှာပါ။

ဘာပဲဖြစ်ဖြစ် အခု Kia Niro EV ကားက လျှပ်စစ်ကားတွေကို တစ်ခေတ်ဆန်းသစ်စေနိုင်ဦးမလား?