[Zawgyi]

Kim Kardashian West ဟာ  သူ႔ရဲ႕ ခြင့္ျပဳခ်က္ မရဘဲ အင္စတာဂရမ္မွာ သူ႔ကို Tag တြဲတဲ့ ဖက္ရွင္ ကုမၸဏီ Missguided ကို တရားစြဲခဲ့ပါတယ္။ ကုမၸဏီက သူ႔ကို Tag တြဲၿပီး ကုန္ပစၥည္းမ်ား ေရာင္းအားေကာင္းေအာင္ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ အခုေတာ့ သူမဟာ အမႈ ႏိုင္ခဲ့ၿပီး ကုမၸဏီထံကေန ေလ်ာ္ေၾကး ေဒၚလာ ၂.၈ သန္း ရရွိခဲ့ပါတယ္။

ကယ္လီဖိုးနီးယား ျပည္နယ္မွ တရားရံုးက ကုမၸဏီဟာ ကာဒါရွီရန္အား ေလ်ာ္ေၾကးေငြ ေဒၚလာ ၂.၇ သန္းနဲ႔ ေရွ႕ေနငွားရမ္းခ ေဒၚလာ ၅၉ ၆၀၀ ေပးေဆာင္ဖို႔ ဆံုးျဖတ္ခဲ့တာ ျဖစ္ပါတယ္။ ကုမၸဏီက သူ႔ကုန္ပစၥည္းမ်ား ေရာင္းအားေကာင္းေစဖို႔ သူမရဲ႕ ပံုရိပ္မ်ားအား မယူသံုးဖို႔ကိုလည္း ညႊန္ၾကားထားပါတယ္။ Missguided ဟာ သူမရဲ႕ ဓါတ္ပံုမ်ားကို သူ႔ရဲ႕ ၀က္ဘ္ဆိုက္နဲ႔ အင္စတာဂရမ္မွာ အသံုးျပဳခဲ့တာ ျဖစ္ပါတယ္။ စားသံုးသူမ်ားက သူမရဲ႕ ပံုကို ႏွိပ္ရင္ သူမ ၀တ္ထားတဲ့ အ၀တ္အစားနဲ႔ ပံုသ႑ာန္ တူတဲ့ အ၀တ္အစားကို ေရာင္းတဲ့ Missguided ရဲ႕ စာမ်က္ႏွာကို ေရာက္ရွိသြားတာ ျဖစ္ပါတယ္။

သူမက Instagram မွာ ေၾကာ္ညာပို႔စ္တစ္ခုတင္ရင္ ေဒၚလာ ၃ သိန္းကေန ၅ သိန္းရတယ္လို႔ တရားရံုးမွာ ဦးတိုက္ေလွ်ာက္ထားခဲ့ပါတယ္။ ႏွစ္ရွည္လက္တြဲၿပီး ေၾကာ္ညာေပးရတယ္ဆိုရင္ ေဒၚလာ သန္းေပါင္းမ်ားစြာ ရတယ္လို႔ ေျပာပါတယ္။

Missguided Fashion Company ဟာ ဆယ္လီမ်ားရဲ႕ ဖက္ရွင္ ဒီဇိုင္းမ်ားကို တုပ ျပဳလုပ္ၿပီး ေစ်းသက္သာစြာ ေရာင္းခ်လို႔ နာမည္ႀကီးပါတယ္။ ကာဒါရွီယန္က ကုမၸဏီဟာ သူမရဲ႕ ခြင့္ျပဳခ်က္ မယူဘဲ သူမရဲ႕ ဓါတ္ပံုမ်ားကို ကုမၸဏီရဲ႕ ၀က္ဘ္ဆိုက္နဲ႔ အင္စတာဂရမ္မွာ အသံုးျပဳျခင္း၊ သူမကို Tag တြဲျခင္းမ်ား ျပဳလုပ္ခဲ့တယ္လို႔ ေျပာပါတယ္။

Ref : theverge

[Unicode]

Instagram မှာ သူ့ကို Tag လုပ်တဲ့ ကုမ္ပဏီထံကနေ လျော်ကြေး ဒေါ်လာ ၂.၈ သန်း ရသွားတဲ့ Kim Kardashian

Kim Kardashian West ဟာ သူ့ရဲ့ ခွင့်ပြုချက် မရဘဲ အင်စတာဂရမ်မှာ သူ့ကို Tag တွဲတဲ့ ဖက်ရှင် ကုမ္ပဏီ Missguided ကို တရားစွဲခဲ့ပါတယ်။ ကုမ္ပဏီက သူ့ကို Tag တွဲပြီး ကုန်ပစ္စည်းများ ရောင်းအားကောင်းအောင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ သူမဟာ အမှု နိုင်ခဲ့ပြီး ကုမ္ပဏီထံကနေ လျော်ကြေး ဒေါ်လာ ၂.၈ သန်း ရရှိခဲ့ပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ်မှ တရားရုံးက ကုမ္ပဏီဟာ ကာဒါရှီရန်အား လျော်ကြေးငွေ ဒေါ်လာ ၂.၇ သန်းနဲ့ ရှေ့နေငှားရမ်းခ ဒေါ်လာ ၅၉ ၆၀၀ ပေးဆောင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီက သူ့ကုန်ပစ္စည်းများ ရောင်းအားကောင်းစေဖို့ သူမရဲ့ ပုံရိပ်များအား မယူသုံးဖို့ကိုလည်း ညွှန်ကြားထားပါတယ်။ Missguided ဟာ သူမရဲ့ ဓါတ်ပုံများကို သူ့ရဲ့ ဝက်ဘ်ဆိုက်နဲ့ အင်စတာဂရမ်မှာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ စားသုံးသူများက သူမရဲ့ ပုံကို နှိပ်ရင် သူမ ဝတ်ထားတဲ့ အဝတ်အစားနဲ့ ပုံသဏ္ဍာန် တူတဲ့ အဝတ်အစားကို ရောင်းတဲ့ Missguided ရဲ့ စာမျက်နှာကို ရောက်ရှိသွားတာ ဖြစ်ပါတယ်။

သူမက Instagram မှာ ကြော်ညာပို့စ်တစ်ခုတင်ရင် ဒေါ်လာ ၃ သိန်းကနေ ၅ သိန်းရတယ်လို့ တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့ပါတယ်။ နှစ်ရှည်လက်တွဲပြီး ကြော်ညာပေးရတယ်ဆိုရင် ဒေါ်လာ သန်းပေါင်းများစွာ ရတယ်လို့ ပြောပါတယ်။

Missguided Fashion Company ဟာ ဆယ်လီများရဲ့ ဖက်ရှင် ဒီဇိုင်းများကို တုပ ပြုလုပ်ပြီး ဈေးသက်သာစွာ ရောင်းချလို့ နာမည်ကြီးပါတယ်။ ကာဒါရှီယန်က ကုမ္ပဏီဟာ သူမရဲ့ ခွင့်ပြုချက် မယူဘဲ သူမရဲ့ ဓါတ်ပုံများကို ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်နဲ့ အင်စတာဂရမ်မှာ အသုံးပြုခြင်း၊ သူမကို Tag တွဲခြင်းများ ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။
Ref : theverge