Unicode

Huawei စမတ်ဖုန်းတွေအကုန်လုံးနီးပါးက Huawei ကနေ ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ Kirin Processor တွေကိုပဲ အသုံးပြုနေတာဖြစ်ပါတယ်။ အဲ့ဒီထဲမှာ Flagship ဖုန်းတွေမှာအသုံးပြုတဲ့ Kirin Flagship Chipset တွေကလည်း တခြားသော Snapdragon ၊ Exynos လိုမျိုး Chipset တွေနဲ့ ကောင်းကောင်းယှဥ်ပြိုင်နိုင်တဲ့ စွမ်းဆောင်ရည်ရှိနေတာပါ။

ပြီးခဲ့တဲ့ Huawei Mate 30 Series ဖုန်းတွေမှာ အသုံးပြုထားတဲ့ Kirin 990 Chipset ဆိုရင်လည်း 5G ကို သီးသန့် Modem မပါတဲ့ Integrated ထည့်သွင်းထားတာဖြစ်သလို 7nm EUV နည်းပညာနဲ့ 10.3 Billion Transistor တွေပါဝင်တဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာ Flagship Level ရှိတဲ့ Chipset လို့ ပြောလို့ရပါတယ်။ အဆိုပါ Kirin 990 Chipset ကနေ သိသိသာသာကိုပိုမိုမြန်ဆန်လာမယ့် Kirin 1020 Chipset နဲ့ ပတ်သတ်တဲ့သတင်းတွေက အခုပေါက်ကြားလာပါတယ်။

လက်ရှိသိရတဲ့သတင်းတွေအရတော့ Kirin 1020 Processor ရဲ့ Codename ကို “Baltimore” လို့ ပေးထားပြီးတော့ TSMC ရဲ့ 5nm Architecture ကို အခြေခံထားမှာလည်းဖြစ်ပါတယ်။

ဒီ Kirin 1020 Processor ဟာ ဆိုရင် 5nm Architecture အပြင် MediaTek 1000 Dimensity Chipset မှာ အသုံးပြုနေတဲ့ Cortex-A77 Core တွေထက်ပိုပြီး စွမ်းဆောင်ရည်ကောင်းတဲ့ Cortex-A78 Core တွေကို အသုံးပြုလာမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Kirin 990 Chipset နဲ့ ယှဥ်ရင် ၅၀ ရာခိုင်နှုန်းကျော်အထိ ပိုပြီး မြန်ဆန်လာမယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

Huawei Kirin 1020 Chipset နဲ့ ပတ်သတ်တဲ့သတင်းတွေက ထွက်ပေါ်လာပြီဆိုပေမယ့် လာမယ့် ၂၀၂၀ ခုနှစ် နှစ်စပိုင်းမှာမိတ်ဆက်လာမယ့် Huawei P40 Series ဖုန်းတွေမှာတော့ အသုံးပြုလာဦးမှာမဟုတ်ဘဲ နှစ်ကုန်ပိုင်းမှ မိတ်ဆက်လာမယ့် Mate 40 Series ဖုန်းတွေမှာပဲ အသုံးပြုဖို့များနေပါတယ်။

Ref – Gizmo China

Zawgyi

Huawei စမတ္ဖုန္းေတြအကုန္လုံးနီးပါးက Huawei ကေန ကိုယ္တိုင္ထုတ္လုပ္ထားတဲ့ Kirin Processor ေတြကိုပဲ အသုံးျပဳေနတာျဖစ္ပါတယ္။ အဲ့ဒီထဲမွာ Flagship ဖုန္းေတြမွာအသုံးျပဳတဲ့ Kirin Flagship Chipset ေတြကလည္း တျခားေသာ Snapdragon ၊ Exynos လိုမ်ိဳး Chipset ေတြနဲ႔ ေကာင္းေကာင္းယွဥ္ၿပိဳင္ႏိုင္တဲ့ စြမ္းေဆာင္ရည္ရွိေနတာပါ။

ၿပီးခဲ့တဲ့ Huawei Mate 30 Series ဖုန္းေတြမွာ အသုံးျပဳထားတဲ့ Kirin 990 Chipset ဆိုရင္လည္း 5G ကို သီးသန္႔ Modem မပါတဲ့ Integrated ထည့္သြင္းထားတာျဖစ္သလို 7nm EUV နည္းပညာနဲ႔ 10.3 Billion Transistor ေတြပါဝင္တဲ့အတြက္ စြမ္းေဆာင္ရည္ပိုင္းမွာ Flagship Level ရွိတဲ့ Chipset လို႔ ေျပာလို႔ရပါတယ္။ အဆိုပါ Kirin 990 Chipset ကေန သိသိသာသာကိုပိုမိုျမန္ဆန္လာမယ့္ Kirin 1020 Chipset နဲ႔ ပတ္သတ္တဲ့သတင္းေတြက အခုေပါက္ၾကားလာပါတယ္။

လက္ရွိသိရတဲ့သတင္းေတြအရေတာ့ Kirin 1020 Processor ရဲ႕ Codename ကို “Baltimore” လို႔ ေပးထားၿပီးေတာ့ TSMC ရဲ႕ 5nm Architecture ကို အေျခခံထားမွာလည္းျဖစ္ပါတယ္။

ဒီ Kirin 1020 Processor ဟာ ဆိုရင္ 5nm Architecture အျပင္ MediaTek 1000 Dimensity Chipset မွာ အသုံးျပဳေနတဲ့ Cortex-A77 Core ေတြထက္ပိုၿပီး စြမ္းေဆာင္ရည္ေကာင္းတဲ့ Cortex-A78 Core ေတြကို အသုံးျပဳလာမွာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Kirin 990 Chipset နဲ႔ ယွဥ္ရင္ ၅၀ ရာခိုင္ႏႈန္းေက်ာ္အထိ ပိုၿပီး ျမန္ဆန္လာမယ္လို႔ သတင္းေတြထြက္ေပၚေနတာျဖစ္ပါတယ္။

Huawei Kirin 1020 Chipset နဲ႔ ပတ္သတ္တဲ့သတင္းေတြက ထြက္ေပၚလာၿပီဆိုေပမယ့္ လာမယ့္ ၂၀၂၀ ခုႏွစ္ ႏွစ္စပိုင္းမွာမိတ္ဆက္လာမယ့္ Huawei P40 Series ဖုန္းေတြမွာေတာ့ အသုံးျပဳလာဦးမွာမဟုတ္ဘဲ ႏွစ္ကုန္ပိုင္းမွ မိတ္ဆက္လာမယ့္ Mate 40 Series ဖုန္းေတြမွာပဲ အသုံးျပဳဖို႔မ်ားေနပါတယ္။

Ref – Gizmo China