Huawei ကနေ Mid Range Processor အသစ်ဖြစ်တဲ့ Kirin 820 ကို လာမယ့် ရက်ပိုင်းမှာ Honor 30S စမတ်ဖုန်းမှာ ပထဆုံးအနေနဲ့ထည့်သွင်းလာတော့မှာပါ။ အခုအချိန်မှာလည်း အဆိုပါ Kirin 820 5G ရဲ့ Geekbench Benchmark တွေထွက်ပေါ်လာပြီး စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ဘာကြောင့်လည်းဆိုရင် Kirin 820 5G Chipset ဟာ Mid Range ဖုန်းတွေအတွက်အဓိကထုတ်လုပ်ထားတာဖြစ်ပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာ Huawei P30 Pro လိုမျိုးဖုန်းမှာထည့်သွင်းထားတဲ့ Flagship Kirin 980 ထက်တောင် ပိုကောင်းနေပြီး Snapdragon 855 နီးပါး ရှိနေတာကြောင့်ဖြစ်ပါတယ်။ ဒါကတော့ Geekbench Benchmark တွေကနေ တစ်ဆင့်သိရှိလာရတာဖြစ်ပါတယ်။

အဆိုပါ Geekbench Benchmark အရ Single-core Score တွေမှာ Kirin 820 5G ဟာ Kirin 980 အပြင် Snapdragon 855 တို့ထက် ပိုပြီးသာလွန်နေပြီး Mulit-core Score မှာလည်း Kirin 980 ကိုကျော်တက်ပြီး Snapdragon 855 နဲ့ အမှတ်တူတူရရှိထားခဲ့တာဖြစ်ပါတယ်။ ဒါက လုံးဝကို Mid Range Chipset တစ်ခုအနေနဲ့ အထင်ကြီးဖို့ကောင်းနေပါတယ်။

Kirin 820 5G Chipset ဟာ 7nm Architecture ကို အခြေခံထားတာဖြစ်ပြီး Cortex-A76 Cores နဲ့ Cortex-A55 Cores တွေပါဝင်လာဖို့များနေပါတယ်။ GPU အနေနဲ့လည်း Samsung Galaxy S20 Series တွေလိုမျိုး Mali-G77 GPU ပါဝင်မှာဖြစ်တဲ့အတွက် Gaming ပိုင်းကလည်း အားရစရာကောင်းနေဦးမှာပါ။ ဒါတင်မဟုတ်သေးဘဲ NPU နဲ့ ISP တွေကိုလည်း အဆင့်မြှင့်တင်လာဦးမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China