[Zawgyi]

အမည္ကို ခန႔္မွန္းလို႔မရတဲ့ Huawei ဟန္းဆက္တစ္ခုကို Geekbench မွာ ေတြ႕လာရပါတယ္။ ေမာ္ဒယ္နံပါတ္က Huawei NLE-AL00 ျဖစ္ၿပီး Kirin 990 chipset ကို အသုံးျပဳထားတာလည္း ျဖစ္ပါတယ္။ ဒီ ဟန္းဆက္၊ ဒီေမာ္ဒယ္နံပါတ္နဲ႔ပတ္သက္ၿပီး ဘာသတင္းအစအန တစ္ခုမွ မၾကားခဲ့ၾကရတာလည္း ထူးဆန္းေနပါတယ္။

Huawei Mate 30 ဒါမွမဟုတ္ Mate 30 Pro တို႔ မိတ္ဆက္ျဖန႔္ခ်ိမယ့္အခ်ိန္ကလည္း သိပ္ၿပီးနီးကပ္ေနၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ အခု Geekbench မွာ ျမင္ေတြ႕ရတဲ့ ဟန္းဆက္ဟာ ေနာက္ထပ္အမ်ိဳးအစားသစ္ ျဖစ္ႏိုင္တယ္လို႔ ဆိုရေတာ့မွာပါ။ Geekbench ရရမွတ္ေတြကလည္း စိတ္ဝင္စားစရာပိုၿပီးေကာင္းေအာင္ လုပ္ေဆာင္ေနသလိုပဲ ျဖစ္ပါတယ္။

Listing မွာေတြ႕ျမင္ေနရတာက ဒီဟန္းဆက္ဟာ Android 10 ေမာင္းႏွင္ထားတာ ျဖစ္ပါတယ္။ မန္မိုရီက 8GB of RAM ျဖစ္ေနတာကိုလည္း ေတြ႕ရပါတယ္။ Flagship ျဖစ္ေနတဲ့ ဒီဟန္းဆက္ဟာ Mate 30 Series ထဲမွာ ေနာက္ထပ္ မူကြဲအျဖစ္ ေပၚထြက္လာႏိုင္မလားလို႔ ေတြးရပါတယ္။ ဒါေပမယ့္ Mate 30 Series နဲ႔ပတ္သက္ၿပီး ထူးထူးဆန္းဆန္း သတင္းေတြ လုံးဝကို မထြက္ထားတာပါ။

တျခားတစ္ဘက္က ျပန္ေတြးၾကည့္ရင္ ဒီဟန္းဆက္ဟာ Honor အမွတ္တံဆိပ္ေအာက္ကမ်ား ထြက္သြားမလားလို႔ ထင္ရပါတယ္။ အထူးသျဖင့္ Honor V30 လည္း ျဖစ္လာႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ Honor V30 ဟာ Kirin 990 SoC သုံးထားၿပီး 5G ခ်ိတ္ဆက္ႏိုင္မယ္လို႔လည္း သတင္းထြက္ထားတာေၾကာင့္ ျဖစ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ သတင္းအစအန တစ္ခုထြက္လာၿပီျဖစ္တာေၾကာင့္ ေနာက္ထပ္ထြက္လာမယ့္သတင္းေတြကိုပဲ စိတ္ရွည္ရွည္နဲ႔ ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

Kirin 990 နဲ့ အမျိုးအမည်မသိ Huawei ဟန်းဆက်တစ်ခုကို Geekbench မှာတွေ့မြင်ရ

အမည်ကို ခန့်မှန်းလို့မရတဲ့ Huawei ဟန်းဆက်တစ်ခုကို Geekbench မှာ တွေ့လာရပါတယ်။ မော်ဒယ်နံပါတ်က Huawei NLE-AL00 ဖြစ်ပြီး Kirin 990 chipset ကို အသုံးပြုထားတာလည်း ဖြစ်ပါတယ်။ ဒီ ဟန်းဆက်၊ ဒီမော်ဒယ်နံပါတ်နဲ့ပတ်သက်ပြီး ဘာသတင်းအစအန တစ်ခုမှ မကြားခဲ့ကြရတာလည်း ထူးဆန်းနေပါတယ်။

Huawei Mate 30 ဒါမှမဟုတ် Mate 30 Pro တို့ မိတ်ဆက်ဖြန့်ချိမယ့်အချိန်ကလည်း သိပ်ပြီးနီးကပ်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် အခု Geekbench မှာ မြင်တွေ့ရတဲ့ ဟန်းဆက်ဟာ နောက်ထပ်အမျိုးအစားသစ် ဖြစ်နိုင်တယ်လို့ ဆိုရတော့မှာပါ။ Geekbench ရရမှတ်တွေကလည်း စိတ်ဝင်စားစရာပိုပြီးကောင်းအောင် လုပ်ဆောင်နေသလိုပဲ ဖြစ်ပါတယ်။

Listing မှာတွေ့မြင်နေရတာက ဒီဟန်းဆက်ဟာ Android 10 မောင်းနှင်ထားတာ ဖြစ်ပါတယ်။ မန်မိုရီက 8GB of RAM ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ Flagship ဖြစ်နေတဲ့ ဒီဟန်းဆက်ဟာ Mate 30 Series ထဲမှာ နောက်ထပ် မူကွဲအဖြစ် ပေါ်ထွက်လာနိုင်မလားလို့ တွေးရပါတယ်။ ဒါပေမယ့် Mate 30 Series နဲ့ပတ်သက်ပြီး ထူးထူးဆန်းဆန်း သတင်းတွေ လုံးဝကို မထွက်ထားတာပါ။

တခြားတစ်ဘက်က ပြန်တွေးကြည့်ရင် ဒီဟန်းဆက်ဟာ Honor အမှတ်တံဆိပ်အောက်ကများ ထွက်သွားမလားလို့ ထင်ရပါတယ်။ အထူးသဖြင့် Honor V30 လည်း ဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Honor V30 ဟာ Kirin 990 SoC သုံးထားပြီး 5G ချိတ်ဆက်နိုင်မယ်လို့လည်း သတင်းထွက်ထားတာကြောင့် ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သတင်းအစအန တစ်ခုထွက်လာပြီဖြစ်တာကြောင့် နောက်ထပ်ထွက်လာမယ့်သတင်းတွေကိုပဲ စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Ref: GSM Arena