Apple က ၂၀၂၀ ခုနှစ် အကုန်မှာ AirPods အသစ်တွေကို အမြောက်အများ စတင် ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။ Apple အရေး လေ့လာဆန်းစစ်သူ Ming-Chi Kuo က ဒီသတင်းကို ပြောလိုက်တာဖြစ်ပြီး ၂၀၂၁ ခုနှစ် ပထမ ၃ လအတွင်းမှာ တတိယ မျိုးဆက် AirPods ကို ကြေညာမယ်လို့ ခန့်မှန်းလိုက်ပါတယ်။

Apple Insider က ဒုတိယမျိုးဆက် AirPods ရောင်းတာကို မကြာခင် ရပ်နားနိုင်တယ်လို့ ပြောပါတယ်။  Apple ဟာ ဒုတိယမျိုးဆက် AirPods Pro ကို  ၂၀၂၁ အကုန်မှာ အမြောက်အများ စတင် ထုတ်လုပ်ပြီး ၂၀၂၂ ခုနှစ် ပထမ ၃ လအတွင်းမှာ ရောင်းချမယ်လို့ Apple Insider က သတင်းပေးပါတယ်။

Kuo က AirPods အသစ်တွေကို ဈေးကွက်က အလိုရှိနေကောင်းရှိနေပေမယ့် Beats Model အသစ်ကိုပဲရမယ်လို့ ပြောပါတယ်။ သူက ဈေးကြီးပေမယ့် ဒုတိယမျိုးဆက် AirPods အစား AirPods Pro ကို ဝယ်လိုအား များနေတယ်လို့ ပြောပါတယ်။

Pro မဟုတ်တဲ့ နားကြပ် ရောင်းအားဟာ ကွာတား အလိုက် ၄၀ ရာခိုင်နှုန်း ကျဆင်းနိုင်ပြီး ၂၀၂၀ ခုနှစ် ဒုတိယနှစ်ဝက်မှာ ၁၁ သန်း ကနေ ၁၃ သန်းအတွင်းပဲ ရောင်းချနိုင်တယ်လို့ သုံးသပ်ပါတယ်။ သူက Apple ဟာ ၂၀၂၀ ခုနှစ် အကုန်မှာ သန်း ၉၀ အထိပဲ ရောင်းချရနိုင်ပြီး AirPods က ၅၀ ကနေ ၅၅ သန်းနဲ့ AirPods Pro က ၃၅ သန်း ကနေ ၄၀ သန်းရှိမယ်လို့ ခန့်မှန်းပါတယ်။

Ref : gsmarena