OnePlus 8T ကို “Ultra stops at nothing” Tagline နဲ့ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ OnePlus က သရုပ်ဆောင်၊ စာရေးသူ Kalki Koechin နဲ့ ပူးပေါင်းကာ OnePlus 8T ရဲ့ ကြော်ငြာ ဗီဒီယို ၁ ခုကို ဖန်တီးလိုက်ပါတယ်။ ဗီဒီယိုမှာ Koechlin ဟာ ကိုယ်တိုင် ရေးထားတဲ့ ကဗျာ စာသားတွေကို ရွတ်ဆိုနေပြီး အဲဒီ ဗီဒီယိုကို OnePlus 8T နဲ့ ရိုက်ကူးထားတာက ထူးခြားပါတယ်။

OnePlus ဟာ အိန္ဒိယမှာ မကြာခင်က ကျင်းပခဲ့တဲ့ Open Ears Forum မှာ “ OnePlus Devices နဲ့ OxygenOS ကို သုံးပြီး အလုပ်ကိစ္စတွေ အများဆုံး ပြီးမြောက်အောင်နဲ့ အနှောင့်အယှက်တွေ အနည်းဆုံး ဖြစ်အောင် ဘယ်လို ပြုလုပ်မလဲ?” ဆိုတဲ့ မေးခွန်းကို မေးခဲ့ပါတယ်။ OnePlus ဟာ Users တွေရဲ့ ဒစ်ဂျစ်တယ် လူနေမှု ဘဝကို တိုးတက်အောင် ကူညီချင်နေပါတယ်။

OnePlus ဟာ တရုတ်မှာ မကြာခင်ကပဲ 8T ကို စတင် ရောင်းချပေးခဲ့ပြီး ရောင်းအား လန်းနေပါတယ်။ ၁ မိနစ်အတွင်း ယွမ် သန်း ၁၀၀ ကျော်ဖိုး ရောင်းချနိုင်ခဲ့တဲ့အတွက် မြန်မာငွေနဲ့တွက်ရင် သန်း ၁၉,၀၀၀ ကျော်လောက် ရှိပါတယ်။ ယွမ် သန်း ၂၀၀ ပြည့်ဖို့ ၁၀ မိနစ်ပဲ လိုတယ်လို့ သိရပါတယ်။ OnePlus 8T ရဲ့ 8/128GB ကို ၃,၃၉၉ ယွမ်နဲ့ 12/256GB ကို ၃,၆၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေနဲ့တွက်ရင် ၆ သိန်းခွဲနဲ့ ၇ သိန်း ၁ သောင်းလောက် အသီးသီး တန်ကြေးရှိပါတယ်။ ဖုန်း တန်ဖိုးနဲ့တွက်ကြည့်ရင် ၁ မိနစ်အတွင်း အလုံးရေ ၂၈,၀၀၀ နဲ့ ၃၀,၀၀၀ အတွင်း ရောင်းချနိုင်ခဲ့တာ ဖြစ်ပြီး ၁၀ မိနစ်အတွင်း ၆၀,၀၀၀ ကျော်သွားခဲ့တာပါ။

OnePlus ဟာ 8T ရဲ့ Cyberpunk 2077 Edition ကို နိုဝင်ဘာလ ၂ ရက်နေ့မှာ ရောင်းချမယ်လို့ မကြာခင်ကပဲ အတည်ပြုခဲ့ပါတယ်။  OnePlus 8T Cyberpunk 2077 Edition ရဲ့ အနောက်ဘက်က ကင်မရာ ဒီဇိုင်းကို ဆန်းသစ်ထားမှာပါ။

Ref : gsmarena