ကား စတီယာရင်ကို ကိုယ်တိုင် လှည့်ပြီး ကားလမ်းကြောင်း ပြောင်းရတာ အလုပ်ရှုပ်ရင် BMW ရဲ့ နောက်ဆုံးထုတ် ကားကို ဝယ်စီးလိုက်ပါ။

BMW ရဲ့ 5 Series Saloon လျှပ်စစ်ကားဟာ မျက်လုံးနဲ့ အမိန့်ပေးလိုက်တာနဲ့ ကားလမ်းကြောင်း အလိုအလျောက် ပြောင်းပေးနိုင်ပါတယ်။

အဲဒီကားဟာ စတာလင်ပေါင် ၅၀,၀၀၀ တန်ကြေးရှိပြီး စတီယာရင် အနောက်မှာ ကင်မရာတွေ တပ်ဆင်ထားပါတယ်။ ကင်မရာတွေက ယာဉ်မောင်းကို စောင့်ကြည့်ပေးနေပါတယ်။

အရှေ့က ကားဟာ မောင်းတာ နှေးနေတဲ့အခါ BMW ရဲ့ ကားက ကားလမ်းကြောင်းပြောင်းဖို့ အကြံပေးမှာပါ။ အဲဒီအခါမှာ ယာဉ်မောင်းက ဘေးဘက်က Wing mirror ကို မျက်လုံးနဲ့ ကြည့်လိုက်ကာ အတည်ပြုပေးရမှာပါ။

ယာဉ်မောင်းရဲ့ အတည်ပြုချက်ရတာနဲ့ ကားက စတီယာရင်ကို လှည့်ကာ အလိုအလျောက် လမ်းကြောင်းပြောင်းပေးမှာပါ။

BMW 5 Sereis မှာ ပါတဲ့ အဲဒီ လုပ်ဆောင်ချက်ကို Active Lane Change Assistant လို့ အမည်ပေးထားပြီး BMW က ကားတွေမှာ ပါတဲ့ ကမ္ဘာ့ ပထမဆုံး လုပ်ဆောင်ချက်လို့ ပြောပါတယ်။ ကားနဲ့ ယာဉ်မောင်းအကြား ဆက်သွယ်ရေးကို အဆင့်တစ်ဆင့် မြှင့်တင်ပေးလိုက်တာလို့ ကုမ္ပဏီက ပြောပါတယ်။

Ref: dailymail