Galaxy M51 ဟာ Samsung ရဲ့ လာမယ့် Mid-range ဟန်းဆက် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းကလည်း ဒီဟန်းဆက်နဲ့ပတ်သက်တဲ့ ပေါက်ကြားမှုတွေ အတော်လေး ဖြစ်ပေါ်ခဲ့သလို Support page ကိုလည်း ရုရှားမှာ တွေ့မြင်နေရပြီ ဖြစ်ပါတယ်။

ဒီတစ်ခေါက်ပေါက်ကြားသတင်းမှာတွေ့မြင်ရတာက လွန်ခဲ့တဲ့ ရက်ပိုင်းက ဖော်ပြခဲ့တဲ့ ပေါက်ကြားသတင်းနဲ့ ကွဲလွဲချက်လေးတွေ အနည်းငယ် ရှိနေပါတယ်။ အဲဒါကတော့ ကျောဘက်ကင်မရာ သုံးလုံးအစား လေးလုံး ဖြစ်လာတာပါပဲ။ ဒီသတင်းကို လတ်တလောရေပန်းစားနေတဲ့ Sudhanshu က ဖော်ပြခဲ့တာပါ။

Shdhanshu ရဲ့ ဖော်ပြချက်အရ Galaxy M51 ဟာ 6.67-inch Super AMOLED, 1080×2340 px, 60Hz, 386 PPI, 420 Nits မျက်နှာပြင် အမျိုးအစားလို့ သိရပါတယ်။ ကျောဘက်မှာတော့ 64MP (f/1.8) အဓိကကင်မရာ + 12MP Wide (f/2.2) + 5MP Depth (f/2.4) + 5MP (f/2.4) (Macro) စတဲ့ ကင်မရာလေးလုံး တပ်ဆင်ထားမယ်လို့ ဆိုပါတယ်။ အရှေ့ဘက်မျက်နှာပြင်က Selfie ကင်မရာကတော့ 32MP (f/2.2) လို့ သိရပါတယ်။

ဘက်ထရီပမာဏဟာ ကနဦးထွက်ပေါ်ထားတဲ့ သတင်းတွေအတိုင်းပဲ 7,000mAh အဖြစ် မပြောင်းမလဲ တွေ့မြင်ရပြီး၊ 25W အားသွင်းစနစ်ကို ထောက်ပံ့ပေးထားတာလည်း တွေ့မြင်ရပါတယ်။ Android 10 မောင်းနှင်ပြီး 163x78x8.5mm အတိုင်းအတာ၊ အလေးချိန် 213g ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

Chipset ပိုင်းမှာတော့ Snapdragon 730(G) လို့ သတင်းတွေထွက်ပေါ်ထားပေမယ့် အတည်ပြုလို့မရသေးပါဘူး။ ပုံအရ Fingerprint ဟာ ဘေးဘက်မှာ တပ်ဆင်ထားတာကိုလည်း တွေ့မြင်ရတာကြောင့် အရင်က ထွက်ထားတဲ့ Render ပုံတွေနဲ့လည်း ကွဲလွဲနေတာ ဖြစ်ပါတယ်။

Ref: Gizmochina