Leica ဟာ ပြီးခဲ့တဲ့နှစ်တုန်းက ကုမ္ပဏီရဲ့ ပထမဆုံးသော စမတ်ဖုန်းဖြစ်တဲ့ Leitz Phone 1 ကို မိတ်ဆက်ရောင်းချခဲ့ပါတယ်။ အခုလည်း ဒုတိယမြောက် Leitz Phone 2 အမည်ရတဲ့ စမတ်ဖုန်းအသစ်ကို ဂျပန်နိုင်ငံမှာ တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

Leica Leitz Phone 2 ဟာ Design ပိုင်းနဲ့ Specification ပိုင်းတွေမှာ Sharp ကနေ မိတ်ဆက်ထားပြီးဖြစ်တဲ့ Aquos R7 ဖုန်းနဲ့ ဆင်တူတာကိုတွေ့ရပါတယ်။ ယခင် Leitz Phone 1 ဟာလည်း Sharp Aquos R6 ဖုန်းကို အခြေခံပြီး ထုတ်လုပ်ထားတာကြောင့် Leica အနေနဲ့ လုံးဝ ကိုယ်ပိုင်စမတ်ဖုန်းအနေနဲ့တော့ ထုတ်လုပ်နိုင်ခြင်းမရှိသေးဘူးလို့ ယူဆရပါတယ်။

Leica Leitz Phone 2 ဟာ Display ပိုင်းမှာ 6.6″ IGZO OLED Display ကို အသုံးပြုထားပြီး 2730×1260 Pixels Resolution အပြင် 240Hz Refresh Rate ပါဝင်မှာဖြစ်ပါတယ်။ Display ရဲ့ အပေါ်ဘက်မှာ 16MP Selfie Camera ကို တပ်ဆင်ပေးထားတာကိုတွေ့ရပါတယ်။

Back Camera အနေနဲ့ကတော့ 47MP 1″ Sensor ကို အသုံးပြုထားပြီး Sharp နဲ့ Leica တို့က ပူးပေါင်းထုတ်လုပ်ထားတာဖြစ်ပါတယ်။ အဆိုပါ Sensor မှာ Seven-element Leica Summicron Lens ကို တပ်ဆင်ထားပြီး f1.9 Aperture အပြင် 19mm Focal Length ရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ် 1.9MP Portrait Sensor ကိုပါ ထည့်သွင်းပေးထားဦးမှာပါ။

ကျန်တဲ့ Specification တွေအနေနဲ့ကတော့ Qualcomm Snapdragon 8 Gen 1 Chipset ၊​ 12GB RAM ၊ 512GB Storage တွေပါဝင်မှာဖြစ်ပြီး 5000mAh Battery ကို အသုံးပြုထားမှာဖြစ်ပါတယ်။ Leica Leitz Phone 2 ဟာ အရောင်အနေနဲ့ အဖြူရောင်ပဲထွက်ရှိမှာဖြစ်ပြီး လာမယ့် နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ဒေါ်လာ ၁,၅၀၀ ကျော်နဲ့ညီမျှတဲ့ ဂျပန်ယန်းငွေ ၂၂၅,၃၆၀ နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – GSM Arena