[Zawgyi]

ၾသဂုတ္လ ေနာက္ဆုံးရက္မွာတုန္းက Lenovo K10 Note နဲ႔ A6 Note တို႔ကို စက္တင္ဘာလ ၅ ရက္ေန႔မွာ မိတ္ဆက္မယ္ဆိုတဲ့သတင္းကို ေဖာ္ျပခဲ့ပါတယ္။ ဒီတုန္းကေတာ့ Lenovo ရဲ႕ K10 Note ဟာ ဧၿပီလတုန္းက မိတ္ဆက္ခဲ့တဲ့ Z6 Pro လိုပဲ Snapdragon 855 ကို သုံးထားႏိုင္တယ္လို႔ ခန႔္မွန္းေဖာ္ျပခဲ့ရပါတယ္။

အခုေတာ့ ဒီ Midranger ေတြအတြက္ ႐ုပ္ပုံေတြသာမကဘဲ Spec အျပည့္အစုံကိုလည္း သိလိုက္ရပါၿပီ။ ဒီ စမတ္ဖုန္းႏွစ္မ်ိဳးရဲ႕ အခ်က္အလက္ေတြကို Flipkart မွာ ေဖာ္ျပထားတာျဖစ္ပါတယ္။ Lenovo A6 Note ကေတာ့ အနည္းငယ္ ေသးငယ္တဲ့ အ႐ြယ္အစားျဖစ္ၿပီး Lenovo K10 Note ကေတာ့ အနည္းငယ္ ပိုႀကီးပါတယ္။

Lenovo A6 Note ဟာ 6.09-inch HD+ LCD မ်က္ႏွာျပင္နဲ႔ျဖစ္ပါတယ္။ Waterdrop Notch ပါဝင္ၿပီး အေရွ႕ကင္မရာကေတာ့ 5MP ျဖစ္ပါတယ္။ ေက်ာဘက္မွာေတာ့ ကင္မရာႏွစ္လုံးကို တပ္ဆင္ထားတာပါ။ အဓိက ကင္မရာက 13MP f/2.0 ျဖစ္ၿပီး ဒုတိယ ကင္မရာကေတာ့ 2MP depth Sensor ျဖစ္ပါတယ္။ LED ဖလက္ရွ္နဲ႔ လက္ေဗြဖတ္စကင္နာတို႔ကိုလည္း ေက်ာဘက္ကိုယ္ထည္မွာ တပ္ဆင္ေပးထားပါတယ္။

အတြင္းအစိတ္အပိုင္းေတြအျဖစ္ A6 Note ဟာ Helio P22 Chipset တပ္ဆင္ေပးထားပါတယ္။ Memory ကေတာ့ 2GB နဲ႔ 3GB of RAM ျဖစ္ၿပီး သိုေလွာင္မႈပမာဏကေတာ့ 16GB နဲ႔ 32GB ႏွစ္မ်ိဳး ျဖစ္ပါတယ္။ MicroSD နဲ႔ သိုေလွာင္မႈပမာဏ ထပ္ခ်ဲ႕ႏိုင္ၿပီး 4,000 mAh ဘက္ထရီတပ္ဆင္ေပးထားသလို 10W အျမန္အားသြင္းစနစ္ကိုလည္း ေထာက္ပံ့ေပးထားပါေသးတယ္။

Lenovo K10 Note ကေတာ့ 6.3-inch FHD+ LCD မ်က္ႏွာျပင္နဲ႔ျဖစ္ၿပီး သူလည္း Waterdrop Notch နဲ႔ျဖစ္ပါတယ္။ Notch ထဲမွာေတာ့ 16MP ကင္မရာတပ္ဆင္ေပးထားတာပါ။ ေက်ာဘက္မွာေတာ့ ကင္မရာသုံးလုံးတပ္ဆင္ေပးထားပါတယ္။ အဓိက ကင္မရာက 16MP f/1.8 ျဖစ္ၿပီး ဒုတိယကင္မရာက 8MP f/2.4 နဲ႔ 2x optical zoom ျဖစ္ပါတယ္။ တတိယကင္မရာကေတာ့ 5MP f/2.2 ျဖစ္ပါတယ္။

K10 Note ကေတာ့ Snapdragon 710 SoC ကို အသုံးျပဳထားတာေၾကာင့္ ပိုၿပီးေတာ့ စြမ္းေဆာင္ရည္ ေကာင္းပါလိမ့္မယ္။ ဘက္ထရီကလည္း 4,050 mAh ပမာဏ တပ္ဆင္ေပးထားသလို Type-C နဲ႔ 18W အျမန္အားသြင္းစနစ္ကိုလည္း ေထာက္ပံ့ေပးထားပါတယ္။ Dolby Atmos ကိုေထာက္ပံ့ေပးထားတာေၾကာင့္ အသံပိုင္းဆိုင္ရာမွာ ပိုၿပီးေတာ့ စိတ္တိုင္းက်စရာျဖစ္ပါလိမ့္မယ္။ ခန႔္မွန္းေဈးႏႈန္းကေတာ့ INR 15,000 (ျမန္မာေငြ ၃ သိန္း ၂ေသာင္းဝန္းက်င္) ေလာက္က စတင္မယ္လို႔ သိရပါတယ္။

Ref: Phone Arena

[Unicode]

Lenovo A6 Note နဲ့ K10 Note တို့ရဲ့ specs တွေသိရပြီ

သြဂုတ်လ နောက်ဆုံးရက်မှာတုန်းက Lenovo K10 Note နဲ့ A6 Note တို့ကို စက်တင်ဘာလ ၅ ရက်နေ့မှာ မိတ်ဆက်မယ်ဆိုတဲ့သတင်းကို ဖော်ပြခဲ့ပါတယ်။ ဒီတုန်းကတော့ Lenovo ရဲ့ K10 Note ဟာ ဧပြီလတုန်းက မိတ်ဆက်ခဲ့တဲ့ Z6 Pro လိုပဲ Snapdragon 855 ကို သုံးထားနိုင်တယ်လို့ ခန့်မှန်းဖော်ပြခဲ့ရပါတယ်။

အခုတော့ ဒီ Midranger တွေအတွက် ရုပ်ပုံတွေသာမကဘဲ Spec အပြည့်အစုံကိုလည်း သိလိုက်ရပါပြီ။ ဒီ စမတ်ဖုန်းနှစ်မျိုးရဲ့ အချက်အလက်တွေကို Flipkart မှာ ဖော်ပြထားတာဖြစ်ပါတယ်။ Lenovo A6 Note ကတော့ အနည်းငယ် သေးငယ်တဲ့ အရွယ်အစားဖြစ်ပြီး Lenovo K10 Note ကတော့ အနည်းငယ် ပိုကြီးပါတယ်။

Lenovo A6 Note ဟာ 6.09-inch HD+ LCD မျက်နှာပြင်နဲ့ဖြစ်ပါတယ်။ Waterdrop Notch ပါဝင်ပြီး အရှေ့ကင်မရာကတော့ 5MP ဖြစ်ပါတယ်။ ကျောဘက်မှာတော့ ကင်မရာနှစ်လုံးကို တပ်ဆင်ထားတာပါ။ အဓိက ကင်မရာက 13MP f/2.0 ဖြစ်ပြီး ဒုတိယ ကင်မရာကတော့ 2MP depth Sensor ဖြစ်ပါတယ်။ LED ဖလက်ရှ်နဲ့ လက်ဗွေဖတ်စကင်နာတို့ကိုလည်း ကျောဘက်ကိုယ်ထည်မှာ တပ်ဆင်ပေးထားပါတယ်။

အတွင်းအစိတ်အပိုင်းတွေအဖြစ် A6 Note ဟာ Helio P22 Chipset တပ်ဆင်ပေးထားပါတယ်။ Memory ကတော့ 2GB နဲ့ 3GB of RAM ဖြစ်ပြီး သိုလှောင်မှုပမာဏကတော့ 16GB နဲ့ 32GB နှစ်မျိုး ဖြစ်ပါတယ်။ MicroSD နဲ့ သိုလှောင်မှုပမာဏ ထပ်ချဲ့နိုင်ပြီး 4,000 mAh ဘက်ထရီတပ်ဆင်ပေးထားသလို 10W အမြန်အားသွင်းစနစ်ကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။

Lenovo K10 Note ကတော့ 6.3-inch FHD+ LCD မျက်နှာပြင်နဲ့ဖြစ်ပြီး သူလည်း Waterdrop Notch နဲ့ဖြစ်ပါတယ်။ Notch ထဲမှာတော့ 16MP ကင်မရာတပ်ဆင်ပေးထားတာပါ။ ကျောဘက်မှာတော့ ကင်မရာသုံးလုံးတပ်ဆင်ပေးထားပါတယ်။ အဓိက ကင်မရာက 16MP f/1.8 ဖြစ်ပြီး ဒုတိယကင်မရာက 8MP f/2.4 နဲ့ 2x optical zoom ဖြစ်ပါတယ်။ တတိယကင်မရာကတော့ 5MP f/2.2 ဖြစ်ပါတယ်။

K10 Note ကတော့ Snapdragon 710 SoC ကို အသုံးပြုထားတာကြောင့် ပိုပြီးတော့ စွမ်းဆောင်ရည် ကောင်းပါလိမ့်မယ်။ ဘက်ထရီကလည်း 4,050 mAh ပမာဏ တပ်ဆင်ပေးထားသလို Type-C နဲ့ 18W အမြန်အားသွင်းစနစ်ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ Dolby Atmos ကိုထောက်ပံ့ပေးထားတာကြောင့် အသံပိုင်းဆိုင်ရာမှာ ပိုပြီးတော့ စိတ်တိုင်းကျစရာဖြစ်ပါလိမ့်မယ်။ ခန့်မှန်းဈေးနှုန်းကတော့ INR 15,000 (မြန်မာငွေ ၃ သိန်း ၂သောင်းဝန်းကျင်) လောက်က စတင်မယ်လို့ သိရပါတယ်။

Ref: Phone Arena