Lenovo နဲ့ Motorola တို့က ကမ္ဘာအဝန်း ကူးစက်နေတဲ့ ကိုရိုနာဗိုင်းရက်စ်ကြောင့် စားသုံးသူတွေကို ထောက်ပံ့ ကူညီပေးချင်တဲ့အတွက် ကုမ္ပဏီရဲ့ ထုတ်ကုန် အားလုံးကို ၂၀၂၀ ခုနှစ် မေလ ၃၁ ရက်နေ့အထိ အာမခံ သက်တမ်း တိုးပေးလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ ၂၀၂၀ ခုနှစ် မတ်လ ၁၅ ရက်နေ့နဲ့ ၂၀၂၀ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အတွင်း အာမခံ သက်တမ်း ကုန်မယ့် ထုတ်ကုန် အားလုံးအတွက် အကျုံးဝင်ပါတယ်။

Lenovo နဲ့ Motorola တို့တင် မကပါဘူး။ တခြား စမတ်ဖုန်း ကုမ္ပဏီတွေကလည်း စားသုံးသူတွေကို ကူညီချင်တဲ့အတွက် အာမခံ သက်တမ်းကို တိုးပေးထားပါတယ်။ Realme , OnePlus , Vivo နဲ့ Samsung တို့က ၂၀၂၀ ခုနှစ် မေလ ၃၁ ရက်နေ့အထိ အာမခံ သက်တမ်းတိုးပေးတယ်လို့ မကြာခင်က ကြေညာခဲ့ပါတယ်။

ဒါ့အပြင် Vivo , OnePlus နဲ့ Xiaomi တို့က ကိုရိုနာ ဗိုင်းရက်စ်ကို ရှေ့တန်းကနေ တိုက်ဖျက်နေတဲ့ အိန္ဒိယက ဆရာဝန်တွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေအတွက် Masks နဲ့ ကာကွယ်ရေး ဝတ်စုံတွေကို လှူဒါန်းခဲ့ပါတယ်။ စမတ်ဖုန်း ကုမ္ပဏီများစွာဟာ အိန္ဒိယမှာ ကိုရိုနာဗိုင်းရက်စ် တိုက်ဖျက်ရေးအတွက် ငွေကြေးမြောက်များစွာကိုလည်း လှူဒါန်းထားပါတယ်။

Ref : gsmarena