[Unicode]

Lenovo က အိန္ဒိယမှာ Ego စမတ်နာရီကို ရောင်းချပေးလိုက်ပြီး ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်သူတွေအတွက် ဒီဇိုင်းထုတ်ထားပါတယ်။ Sport ဒီဇိုင်းဖြစ်ပြီး ကျန်းမာရေး အထောက်အကူပြု လုပ်ဆောင်ချက်များစွာ ထည့်သွင်းထားပါတယ်။ ၁,၉၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၄ သောင်းလောက်ပဲရှိပါတယ်။ Amazon India နဲ့ Flipkart တို့ကနေ ဝယ်ယူနိုင်ပါတယ်။

Lenovo Ego စမတ်နာရီမှာ စက်ဝိုင်းပုံ မျက်နှာပြင် ထည့်သွင်းထားပြီး ၄၂ မီလီမီတာ Anti-reflective Monochrome မျက်နှာပြင်ဖြစ်ပါတယ်။ အမှောင်ထဲမှာ မျက်နှာပြင်က အရာတွေကို ပိုပြီး ဖတ်လို့ကောင်းအောင် Light Button ထည့်သွင်းထားပြီး Bluetooth ကနေ Android / iOS Device တွေနဲ့ချိတ်ဆက်နိုင်ပါတယ်။ ချိတ်ဆက်ထားတဲ့ Device တွေကနေ Lenovo Life App ကို သုံးပြီး စမတ်နာရီက ဖန်ရှင်တွေကို ထိန်းချုပ်နိုင်ပါတယ်။

ဖုန်းနဲ့ ချိတ်ဆက်ပြီးတာနဲ့ စမတ်နာရီက Call, Email, SMS နဲ့ Social Media App တွေက Notification တွေကို မတူညီတဲ့ တုန်ခါမှု ပုံစံတွေနဲ့ အသိပေးနိုင်ပါတယ်။ Lenovo က ၁ ခါအားသွင်းထားတာနဲ့ ရက်ပေါင်း ၂၀ အသုံးခံတယ်လို့ ပြောတဲ့အတွက် အလုပ်ရှုပ်သက်သာစေပါတယ်။ နှလုံးခုန်နှုန်း၊ အိပ်စက်မှု၊ ကယ်လိုရီ လောင်ကျွမ်းမှုနဲ့ ခြေလှမ်းတွေကို တိုင်းတာတွက်ချက်ပေးဖို့ ဆန်ဆာများစွာ တပ်ဆင်ထားပါတယ်။ ရေအနက် ၅ မီတာ အထိ ဝတ်ဆင်ထားနိုင်ပြီး ရေကူးတာလောက်နဲ့ ချွတ်စရာ မလိုပါဘူး။

လက်ပတ်ကြိုးက ပျော့ပြောင်းပေမယ့် မာကျောပြီး ၁ နေ့လုံး သက်တောင့်သက်သာနဲ့ ဝတ်ဆင်နိုင်ပါတယ်။ ၄၅ ဂရမ်သာ အလေးချိန်ရှိပြီး အရမ်းပေါ့ပါးတဲ့ စမတ်နာရီလို့ ပြောနိုင်ပါတယ်။

Ref : gizmochina

[Zawgyi]

Lenovo Ego စမတ္နာရီကို အိႏၵိယမွာ ေရာင္းခ်

Lenovo က အိႏၵိယမွာ Ego စမတ္နာရီကို ေရာင္းခ်ေပးလိုက္ၿပီး ကိုယ္လက္လႈပ္ရွား အားကစား ျပဳလုပ္သူေတြအတြက္ ဒီဇိုင္းထုတ္ထားပါတယ္။ Sport ဒီဇိုင္းျဖစ္ၿပီး က်န္းမာေရး အေထာက္အကူျပဳ လုပ္ေဆာင္ခ်က္မ်ားစြာ ထည့္သြင္းထားပါတယ္။ ၁,၉၉၉ ႐ူပီး သတ္မွတ္ထားၿပီး ျမန္မာေငြ ၄ ေသာင္းေလာက္ပဲရွိပါတယ္။ Amazon India နဲ႔ Flipkart တို႔ကေန ဝယ္ယူႏိုင္ပါတယ္။

Lenovo Ego စမတ္နာရီမွာ စက္ဝိုင္းပုံ မ်က္ႏွာျပင္ ထည့္သြင္းထားၿပီး ၄၂ မီလီမီတာ Anti-reflective Monochrome မ်က္ႏွာျပင္ျဖစ္ပါတယ္။ အေမွာင္ထဲမွာ မ်က္ႏွာျပင္က အရာေတြကို ပိုၿပီး ဖတ္လို႔ေကာင္းေအာင္ Light Button ထည့္သြင္းထားၿပီး Bluetooth ကေန Android / iOS Device ေတြနဲ႔ခ်ိတ္ဆက္ႏိုင္ပါတယ္။ ခ်ိတ္ဆက္ထားတဲ့ Device ေတြက ေန Lenovo Life App ကို သုံးၿပီး စမတ္နာရီက ဖန္ရွင္ေတြကို ထိန္းခ်ဳပ္ႏိုင္ပါတယ္။

ဖုန္းနဲ႔ ခ်ိတ္ဆက္ၿပီးတာနဲ႔ စမတ္နာရီက Call, Email, SMS နဲ႔ Social Media App ေတြက Notification ေတြကို မတူညီတဲ့ တုန္ခါမႈ ပုံစံေတြနဲ႔ အသိေပးႏိုင္ပါတယ္။ Lenovo က ၁ ခါအားသြင္းထားတာနဲ႔ ရက္ေပါင္း ၂၀ အသုံးခံတယ္လို႔ ေျပာတဲ့အတြက္ အလုပ္ရႈပ္သက္သာေစပါတယ္။ ႏွလုံးခုန္ႏႈန္း၊ အိပ္စက္မႈ၊ ကယ္လိုရီ ေလာင္ကြၽမ္းမႈနဲ႔ ေျခလွမ္းေတြကို တိုင္းတာတြက္ခ်က္ေပးဖို႔ ဆန္ဆာမ်ားစြာ တပ္ဆင္ထားပါတယ္။ ေရအနက္ ၅ မီတာ အထိ ဝတ္ဆင္ထားႏိုင္ၿပီး ေရကူးတာေလာက္နဲ႔ ခြၽတ္စရာ မလိုပါဘူး။

လက္ပတ္ႀကိဳးက ေပ်ာ့ေျပာင္းေပမယ့္ မာေက်ာၿပီး ၁ ေန႔လုံး သက္ေတာင့္သက္သာနဲ႔ ဝတ္ဆင္ႏိုင္ပါတယ္။ ၄၅ ဂရမ္သာ အေလးခ်ိန္ရွိၿပီး အရမ္းေပါ့ပါးတဲ့ စမတ္နာရီလို႔ ေျပာႏိုင္ပါတယ္။

Ref : gizmochina