Lenovo Legion Gaming ဖုန်းကို ဒီလ ၂၂ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပြီး အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်မှာပဲ တရုတ်မှာ ကြိုတင်မှာယူခွင့်ပေးလိုက်ပါတယ်။ Lenovo ရဲ့ ဝက်ဘ်ဆိုက်မှာ အဲဒီဖုန်းရဲ့ အဓိက Specs တချို့ကို ဖော်ပြထားပြီး Snapdragon 865+ Chipset နဲ့ Ultra-fast Wireless Charging ပါမယ်လို့ သိရပါတယ်။

အဲဒီ ဖုန်းဟာ အလျားလိုက် အသုံးပြုဖို့ ဒီဇိုင်းထုတ်ထားတဲ့ Gaming ဖုန်းဖြစ်ပြီး အရင်ထွက်ပေါ်ခဲ့ဖူးတဲ့ ဓါတ်ပုံတွေအရ လက်ထဲမှာ မြဲမြံစွာ ကိုင်ထားကာ ဂိမ်းကစားလို့ ကောင်းအောင် တည်ဆောက်ထားပါတယ်။ အပို USB-C Port ၁ ခု ထည့်သွင်းထားပါတယ်။

USB Port ၂ ခု ထည့်သွင်းထားတာက ဘက်ထရီ ၂ ခုကို တစ်ပြိုင်နက် အားသွင်းဖို့ ဖြစ်ပြီး ဒီလို ဒီဇိုင်းထုတ်ထားတဲ့အတွက် 90W Super Flash Charge ကို ရရှိစေပါတယ်။ စုစုပေါင်း ဘက်ထရီ ပမာဏဟာ 5,000mAh ဖြစ်ပြီး တုန်ခါမှုအတွက် Dual X-axis Linear Motor ထည့်ထားပါတယ်။ 144Hz Refresh Rate ထောက်ပံ့ထားမှာ ဖြစ်တဲ့အတွက် ဂိမ်းကစားရင် ဖလန်းဖလန်းထနေမှာဖြစ်ပြီး Lenovo Legion ရဲ့ ဈေးကို မသိရသေးပါဘူး။

Ref : gsmarena