Qualcomm က စွမ်းရည်မြင့် Snapdragon 865+ Chipset ကို ပူပူနွေးနွေး ကြေညာလိုက်ပြီး စွမ်းရည်မြင့် Gaming ဖုန်းတွေ ဖြစ်တဲ့ Asus ROG Phone 3 နဲ့ Lenovo Legion တို့မှာ ပါလာမှာ သေချာနေပါပြီ။ အခုတော့ Lenovo က အဲဒီဖုန်းကို ဒီလ ၂၂ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပြီး Asus ROG Phone 3 ကိုလည်း အဲဒီနေ့မှာပဲ ကြေညာမှာ ဖြစ်တဲ့အတွက် Gaming ဖုန်း ၂ လုံး ထိပ်တိုက်တွေ့ကြပါပြီ။

Lenovo က ကြေညာမယ့်နေ့ကို ဝီဘို အကောင့်ကနေ Teaser ၁ ခုနဲ့ အသိပေးလိုက်တာ ဖြစ်ပြီး ဘေဂျင်းမှာ ဒေသစံတော်ချိန် ည ၇ နာရီခွဲမှာ မိတ်ဆက်ပွဲ ပြုလုပ်မှာပါ။ Snapdragon 865+ မှာ ပင်မ CPU Core ရဲ့ Clock Speed ဟာ ၁၀ ရာခိုင်နှုန်း ပိုကောင်းလာပြီး GPU Clock Speed ဟာ အနည်းငယ် ပိုတိုးတက်လာပါတယ်။ WiFi 6E , Bluetooth 5.2 , 144Hz Refresh Rate ကို ထောက်ပံ့ထားပြီး Lenovo Legion မှာလည်း အဲဒီ Refresh Rate ပါလာနိုင်ပါတယ်။

အရင် သတင်းတွေအရ Lenovo Legion မှာ FHD+ မျက်နှာပြင်နဲ့ 270Hz Touch Sampling Rate ပါလာနိုင်ပါတယ်။ 16GB LPDDR5 RAM နဲ့ 512GB UFS 3.1 Storage တွေ ထည့်ထားမှာ ဖြစ်ပြီး Landscape သုံးဖို့ ဒီဇိုင်းထုတ်ထားတာက ထူးခြားပါတယ်။ ၂၂ ရက်နေ့မှာတော့ Lenovo Legion နဲ့ Asus ROG Phone 3 တို့ကို အပြိုင်အဆိုင် ကြေညာတော့မှာပါ။

Ref : gsmarena