Lenovo Legion Y70 ဟာ Snapdragon 8+ Gen 1 Chipset ပါတဲ့  ကုမ္ပဏီရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာပါတယ်။ ၆.၆၇ လက်မ OLED 144Hz မျက်နှာပြင် တပ်ဆင်ထားပြီး 1500Hz Touch Sampling Rate ထောက်ပံ့ထားပါတယ်။ ဆဲလ်ဖီး ကင်မရာကို မျက်နှာပြင် အထက် အလယ်က Punch Hole မှာ တပ်ဆင်ထားပြီး Lenovo က လက်ဗွေရာ ကိရိယာအကြောင်း မပြောပေမယ့် ပါဝါခလုတ်အောက်မှာ မြှပ်နှံထားနိုင်ပါတယ်။

Lenovo Legion Y70 camera details, battery size official confirmed - Gizmochina

မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မပါတဲ့အတွက် Lenovo က ဖုန်းကို ပါးလွှာအောင် ပြုလုပ်ထားနိုင်ပြီး အထူက ၇.၉၉ မီလီမီတာ ရှိပါတယ်။ Graphite Sheet များစွာ အပါအဝင် Cooling Solution ၁၀ လွှာ ထည့်သွင်းထားပါတယ်။

Snapdragon 8+ Gen 1 Chipset နဲ့ UFS 3.1 Storage , LPDDR5 RAM တွေ ထည့်သွင်းထားပြီး 8/128GB, 12/256GB နဲ့ 16/512GB Memory Configuration တွေ ထုတ်လုပ်ထားပါတယ်။ အနောက်ဘက်မှာ 50MP Main , 13MP Ultrawide , 2MP Depth ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 16MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။

Lenovo Legion Y70 arrives as the company’s first phone with Snapdragon 8+ Gen 1

Legion Y70 မှာ 5,100mAh ဘက်ထရီ ပါလာပြီး 68W Fast Charging ထောက်ပံ့ထားပါတယ်။ Android 12 အခြေပြု ZUI 14 မောင်းနှင်ထားပြီး အနက်၊ အဖြူနဲ့ အနီရောင်တွေ ထုတ်လုပ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၃,၂၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၁၃သိန်းကနေ ၁၅သိန်းဝန်းကျင် ကျသင့်မှာပါ။

Ref : gsmarena