Unicode

Lenovo က အခုအချိန်မှာ အကြီးမားဆုံး PC Maker လို့ ပြောလို့ရနေပါပြီ။ Lenovo ဟာ High End Premium Laptop တွေကနေ Budget Laptop တွေအထိ နှစ်စဥ် Laptop ပေါင်း သန်းနဲ့ချီပြီး ရောင်းချနေရတာဖြစ်ပါတယ်။

အခုလည်း Lenovo ကနေ သူ့ရဲ့ Laptop တွေမှာ Feature အသစ်တစ်ခုကို စတင်ပြီး စမ်းသပ်နေပြီလို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒီ Feature ကိုတော့ “Ultra Quiet Mode” လို့ နာမည်ပေးထားပြီးတော့ တရုတ်နိုင်ငံမှာ စတင်စမ်းသပ်နေတာလည်းဖြစ်ပါတယ်။

အဆိုပါ Ultra Quiet Mode Feature ကို အသုံးပြုဖို့အတွက်က BIOS Setup ကနေ Enable ပြုလုပ်ဖို့ လိုအပ်မှာပါ။ ပြီးရင်တော့ Laptop ရဲ့ CPU Fan ဟာ Dynamic Mode ဖြစ်သွားမှာဖြစ်ပြီး CPU ကို Stress မဖြစ်တဲ့အခြေအနေမျိုးမှာ လုံးဝ တိတ်ဆိတ်နေအောင် အလုပ်လုပ်သွားမှာဖြစ်ပါတယ်။ တကယ်လို့ CPU ကို Cooling ပေးဖို့ လိုအပ်တဲ့အချိန်မှသာ CPU Fan က ပြန်လည် အလုပ်လုပ်မှာပါ။

ဒီ Feature ဟာ ပုံမှန် Budget နဲ့ Gaming Laptop တွေအတွက်တော့ အသုံးမဝင်ဘူးလို့ ပြောနိုင်ပေမယ့် ThinkPad လိုမျိုး Ultrabook တွေအတွက်တော့ အသုံးဝင်တဲ့ Feature တစ်ခုလို့ ပြောရမှာပါ။ Lenovo ကတော့ အဆိုပါ Ultra Quiet Mode Feature ကို ဘယ် Laptop တွေမှာ ရရှိအောင် Update ပြုလုပ်ပေးသွားမလဲဆိုတာကိုတော့ အတိအကျပြောကြားထားခြင်းမရှိသေးပါဘူး။

Ref – Gizmo China

Zawgyi





Ref – Gizmo China