အခုနောက်ပိုင်းဖုန်းတွေက စခရင်ပိုကြီးပြီးလေးလာပေမယ့် Laptop တွေကတော့ စွမ်းဆောင်ရည်မြင့်ပြီး ပါးလာပါတယ်။

ဒီ Trend နဲ့ အညီ Lenovo ကုမ္ပဏီကလည်း ပါးလွှာပြီး ပေါ့ပါးတဲ့ Yoga 720 ကို အမေရိကန်ဒေါ်လာ ၈၀၀ ၀န်းကျင်နဲ့ ထုတ်လုပ်လိုက်ပါတယ်။

Yoga 720 Laptop က ၁၃.၃ လက်မကျယ်ပြီး Tablet လိုရော Laptop လိုရောပါ အသုံးပြုနိုင်ပါတယ်။

အလေးချိန်က ၂.၉ ပေါင်ဘဲ ရှိတာကြောင့် ပေါ့ပါးပြီး အလွယ်တကူ သယ်သွားနိုင်ပါတယ်။

ဒါပေမယ့် ဘက်ထရီကသက်တမ်းကတော့ တခြား ပေါ့ပေါ့ပါးပါး သယ်ဆောင်လို့ရတဲ့ Laptop တွေနဲ့စာရင် သိပ်မကောင်းပါဘူး။

ပေါ့ပေါ့ပါးပါး Laptop ကိုသုံးချင်ပြီး Macbook Air လောက်လဲ ပိုက်ဆံမသုံးချင်ဘူးဆိုရင် Macbook Air ထက် စွမ်းဆောင်ရည်တူ၊ ပိုကောင်းတယ်လို့ ပြောလို့ရတဲ့ Laptop က Lenovo Yoga 720 Laptop ဖြစ်ပါတယ်။

စခရင်က ၁၃ လက်မ ၀န်းကျင်ရှိပြီး 1920×1080 Touch စခရင် ရှိပါတယ်။ CPU က 2.5 GHz ရှိပြီး Intel Core i5-7200 U ကိုသုံးထားပါတယ်။

Memory မှာ 8 GB DDR4 SDRAM 2133 MHz ကို သုံးထားပြီး Intel HD Graphics 620 128 MB ကို သုံးထားပါတယ်။

Storage ကတော့ 256 GB SSD ဖြစ်ပြီး Windows 10 ကိုလည်း အသုံးပြုထားပါတယ်။

ဒါပေမယ့် Yoga 720 မှာ USB 3.0 (Type-A), Two USB 3.1 Ports (Type-C) နဲ့ Headphone/ Mic Jack အပေါက်တို့ဘဲ ပါပါတယ်။ တခြား Ultrabook တွေ လိုမျိုး ports တွေတော့ အများကြီးမပါဝင်ပါဘူး။

ဘက်ထရီသက်တမ်းကတော့ ၈နာရီနဲ့ ၄၆ မိနစ်ဝန်းကျင်လောက်ခံတာကြောင့် တခြား 2 in 1 တွေထဲမှာတော့ ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။

Yoga 720 ကို မျက်နှာပြင် အရွယ်အစား ၁၅.၆ လက်မ၊ CPU Core i7-7500 U, Memory 16 GB နဲ့ 1 TB SSD တို့နဲ့ ထုတ်လုပ်ထားတာမျိုးရှိပြီး အမေရိကန်ဒေါ်လာ ၁၆၀၀ လောက်ကုန်ကျမှဖြစ်ပါတယ်။