[Zawgyi]

Lenovo Z6 Pro ကို ဧၿပီလ ၂၃ ရက္ေန႔မွာ ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ ထြက္ဖို႔ရက္ ကပ္လာေလေလ ေပါက္ၾကားမႈေတြက ပိုမ်ားေလေလ ျဖစ္ေနပါတယ္။ ၿပီးခဲ့တဲ့ သုံးေလးရက္တုန္းက Z6 Pro ရဲ႕ ေက်ာဘက္ကို ဓါတ္ပုံ႐ိုက္ထားတဲ့ ႐ုပ္ပုံ ေပါက္ၾကားလာပါေသးတယ္။

အဲဒီတုန္းကေတာ့ Lenovo Z6 Pro ရဲ႕ ေက်ာဘက္မွာ ကင္မရာ ၄ လုံးတပ္ဆင္ထားတယ္ဆိုတာကို အတည္ျပဳႏိုင္ခဲ့ပါတယ္။ Glass နဲ႔ ျပဳလုပ္ထားတယ္လို႔ ယူဆရတဲ့ ေက်ာျပင္ကိုယ္ထည္မွာ Fingerprint Scanner မေတြ႕ရတာေၾကာင့္ Under-Display Fingerprint ျဖစ္မယ္လို႔ ေမွ်ာ္လင့္ခဲ့ၾကတာဟာ အခုေပါက္ၾကားလာတဲ့ Promo Video ေၾကာင့္ အတည္ျပဳႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

Promo Video အရ ၿပီးခဲ့တဲ့ ေပါက္ၾကားမႈေတြတုန္းက ေျပာခဲ့တဲ့ Notch မပါတဲ့ မ်က္ႏွာျပင္ျဖစ္မယ္ဆိုတဲ့ သတင္းက မွားယြင္းေနတာကို ေတြ႕လိုက္ရၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ Pop-up ကင္မရာဆိုတဲ့ ေဝါဟာရကလည္း Lenovo Z6 Pro နဲ႔ ဘာမွမဆိုေတာ့ဘူးဆိုတာ အတည္ျပဳလိုက္ရၿပီ ျဖစ္ပါတယ္။ Lenovo Z6 Pro ဟာ Notch နဲ႔ျဖစ္ၿပီး Selfie ကင္မရာ တစ္လုံးတပ္ဆင္ေပးထားပါတယ္။

Lenovo Z6 Pro ဟာ Notch နဲ႔ ျဖစ္ေပမယ့္ Under-Display Fingerprint ပါဝင္ေၾကာင္းလည္း Promo Video ေၾကာင့္ အတည္ျပဳႏိုင္ခဲ့ပါတယ္။ Z6 Pro မွာ Snapdragon 855 SoC အသုံးျပဳထားမယ္၊ 48MP Primary sensor နဲ႔ 5G ေထာက္ပံ့ထားမ္ဆိုတဲ့အေၾကာင္းကိုေတာ့ Lenovo က အတည္ျပဳခဲ့ၿပီး ျဖစ္ပါတယ္။ ဘက္ထရီပမာဏ 4,000mAh သုံးထားေၾကာင္းကိုလည္း တရားဝင္ ဝက္ဘ္ဆိုက္က အတည္ျပဳလိုက္ၿပီ ျဖစ္တာေၾကာင့္ က်န္တဲ့အခ်က္အလက္ အျပည့္အစုံသိဖို႔ မိတ္ဆက္မယ့္ရက္ကိုပဲ ေစာင့္ရေတာ့မွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Lenovo Z6 Pro ရဲ့ Promo ဗွီဒီယို ထွက်လာပြီ

Lenovo Z6 Pro ကို ဧပြီလ ၂၃ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ ထွက်ဖို့ရက် ကပ်လာလေလေ ပေါက်ကြားမှုတွေက ပိုများလေလေ ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ သုံးလေးရက်တုန်းက Z6 Pro ရဲ့ ကျောဘက်ကို ဓါတ်ပုံရိုက်ထားတဲ့ ရုပ်ပုံ ပေါက်ကြားလာပါသေးတယ်။

အဲဒီတုန်းကတော့ Lenovo Z6 Pro ရဲ့ ကျောဘက်မှာ ကင်မရာ ၄ လုံးတပ်ဆင်ထားတယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ Glass နဲ့ ပြုလုပ်ထားတယ်လို့ ယူဆရတဲ့ ကျောပြင်ကိုယ်ထည်မှာ Fingerprint Scanner မတွေ့ရတာကြောင့် Under-Display Fingerprint ဖြစ်မယ်လို့ မျှော်လင့်ခဲ့ကြတာဟာ အခုပေါက်ကြားလာတဲ့ Promo Video ကြောင့် အတည်ပြုနိုင်ခဲ့ပြီဖြစ်ပါတယ်။

Promo Video အရ ပြီးခဲ့တဲ့ ပေါက်ကြားမှုတွေတုန်းက ပြောခဲ့တဲ့ Notch မပါတဲ့ မျက်နှာပြင်ဖြစ်မယ်ဆိုတဲ့ သတင်းက မှားယွင်းနေတာကို တွေ့လိုက်ရပြီ ဖြစ်ပါတယ်။ ဒါကြောင့် Pop-up ကင်မရာဆိုတဲ့ ဝေါဟာရကလည်း Lenovo Z6 Pro နဲ့ ဘာမှမဆိုတော့ဘူးဆိုတာ အတည်ပြုလိုက်ရပြီ ဖြစ်ပါတယ်။ Lenovo Z6 Pro ဟာ Notch နဲ့ဖြစ်ပြီး Selfie ကင်မရာ တစ်လုံးတပ်ဆင်ပေးထားပါတယ်။

Lenovo Z6 Pro ဟာ Notch နဲ့ ဖြစ်ပေမယ့် Under-Display Fingerprint ပါဝင်ကြောင်းလည်း Promo Video ကြောင့် အတည်ပြုနိုင်ခဲ့ပါတယ်။ Z6 Pro မှာ Snapdragon 855 SoC အသုံးပြုထားမယ်၊ 48MP Primary sensor နဲ့ 5G ထောက်ပံ့ထားမ်ဆိုတဲ့အကြောင်းကိုတော့ Lenovo က အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ ဘက်ထရီပမာဏ 4,000mAh သုံးထားကြောင်းကိုလည်း တရားဝင် ဝက်ဘ်ဆိုက်က အတည်ပြုလိုက်ပြီ ဖြစ်တာကြောင့် ကျန်တဲ့အချက်အလက် အပြည့်အစုံသိဖို့ မိတ်ဆက်မယ့်ရက်ကိုပဲ စောင့်ရတော့မှာ ဖြစ်ပါတယ်။

Ref: GSMArena