[Zawgyi]

Lenovo အေနနဲ႔ Z6 စမတ္ဖုန္းကို တ႐ုတ္ႏိုင္ငံမွာ မေန႔တုန္းက မိတ္ဆက္လိုက္တာ ျဖစ္ပါတယ္။ Lenovo Z6 ဟာ OLED Display , 8nm Chipset , 4000mAh Battery ေတြနဲ႔ ပြဲထြက္ခဲ့တဲ့ စမတ္ဖုန္းျဖစ္ၿပီး ေစ်းႏႈန္းအားျဖင့္ တ႐ုတ္ေငြ ၁၈၉၉ ယြမ္ ( ျမန္မာေငြ ၄၂၀,၀၀၀ က်ပ္ ဝန္းက်င္ ) အနည္းဆုံး က်သင့္မွာ ျဖစ္ပါတယ္။

Lenovo Z6 Specifications
Resolution 1080 x 2340 pixels ရွိတဲ့ 6.39” OLED Display ကို အသုံးျပဳထားၿပီး Waterdrop Notch နဲ႔ ျဖစ္ပါတယ္။ Aspect Ratio က 19.5:9 ျဖစ္တဲ့အတြက္ သာမန္ Display ေတြထက္ အနည္းငယ္ ပိုရွည္မွာပါ။ Display Brightness က 600nits အထိရွိတဲ့အျပင္ HDR10+ နဲ႔ DCI-P3 Color Gamut ေတြကိုလည္း ေထာက္ပံ့ေပးထားတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Sampling Rate ကလည္း 120Hz အထိ ရွိပါတယ္။

Processor အပိုင္းအတြက္ Snapdragon 730 SoC (8nm) ကို အသုံးျပဳထားၿပီး RAM အေနနဲ႔ 6GB/8GB ၂မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာပါ။ Memory Storage ကိုေတာ့ 64GB နဲ႔ 128GB ဆိုၿပီး ၂မ်ိဴး ထုတ္လုပ္ထားတယ္လို႔ သိရပါတယ္။ Security အပိုင္းအတြက္ 6th Gen In-display Fingerprint Sensor ကို အသုံးျပဳႏိုင္သလို Waterdrop Notch ထဲမွာပါတဲ့ Selfie Camera ကေန တစ္ဆင့္လည္း Face Unlock စနစ္ကို အသုံးျပဳႏိုင္မွာပါ။

ကင္မရာအပိုင္းအတြက္ 24MP (Main) + 8MP (Telephoto) + 5MP (Depth Sensor) ေတြကို ေနာက္ေက်ာဘက္မွာ ေဒါင္လိုက္တပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 16MP Selfie Camera ကို တပ္ဆင္ထားပါတယ္။ အသံပိုင္းဆိုင္ရာအတြက္ Dolby Atmos ေထာက္ပံ့မႈလည္း ရရွိဦးမွာပါ။ 4000mAh ဘက္ထရီကို USB Type-C ကေန 15W အျမန္အားသြင္းစနစ္နဲ႔ အားသြင္းႏိုင္မွာ ျဖစ္ပါတယ္။

Lenovo Z6 အတြက္ Blue အေရာင္တစ္မ်ိဴးတည္းသာ ထုတ္လုပ္ထားတာျဖစ္ၿပီး၊ ေလာေလာဆယ္မွာေတာ့ တ႐ုတ္ႏိုင္ငံမွာပဲ ဝယ္ယူရရွိႏိုင္မယ္လို႔ သိရပါတယ္။

Ref : Gizmochina

[Unicode]

Snapdragon 730 နဲ့ Flagship Display တွေကို သုံးထားပေမယ့် ၄သိန်းကျော်သာ ကျသင့်တဲ့ Lenovo Z6

Lenovo အနေနဲ့ Z6 စမတ်ဖုန်းကို တရုတ်နိုင်ငံမှာ မနေ့တုန်းက မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ Lenovo Z6 ဟာ OLED Display , 8nm Chipset , 4000mAh Battery တွေနဲ့ ပွဲထွက်ခဲ့တဲ့ စမတ်ဖုန်းဖြစ်ပြီး စျေးနှုန်းအားဖြင့် တရုတ်ငွေ ၁၈၉၉ ယွမ် ( မြန်မာငွေ ၄၂၀,၀၀၀ ကျပ် ဝန်းကျင် ) အနည်းဆုံး ကျသင့်မှာ ဖြစ်ပါတယ်။

Lenovo Z6 Specifications
Resolution 1080 x 2340 pixels ရှိတဲ့ 6.39” OLED Display ကို အသုံးပြုထားပြီး Waterdrop Notch နဲ့ ဖြစ်ပါတယ်။ Aspect Ratio က 19.5:9 ဖြစ်တဲ့အတွက် သာမန် Display တွေထက် အနည်းငယ် ပိုရှည်မှာပါ။ Display Brightness က 600nits အထိရှိတဲ့အပြင် HDR10+ နဲ့ DCI-P3 Color Gamut တွေကိုလည်း ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် Sampling Rate ကလည်း 120Hz အထိ ရှိပါတယ်။

Processor အပိုင်းအတွက် Snapdragon 730 SoC (8nm) ကို အသုံးပြုထားပြီး RAM အနေနဲ့ 6GB/8GB ၂မျိူး ရွေးချယ်ဝယ်ယူနိုင်မှာပါ။ Memory Storage ကိုတော့ 64GB နဲ့ 128GB ဆိုပြီး ၂မျိူး ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ Security အပိုင်းအတွက် 6th Gen In-display Fingerprint Sensor ကို အသုံးပြုနိုင်သလို Waterdrop Notch ထဲမှာပါတဲ့ Selfie Camera ကနေ တစ်ဆင့်လည်း Face Unlock စနစ်ကို အသုံးပြုနိုင်မှာပါ။

ကင်မရာအပိုင်းအတွက် 24MP (Main) + 8MP (Telephoto) + 5MP (Depth Sensor) တွေကို နောက်ကျောဘက်မှာ ဒေါင်လိုက်တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 16MP Selfie Camera ကို တပ်ဆင်ထားပါတယ်။ အသံပိုင်းဆိုင်ရာအတွက် Dolby Atmos ထောက်ပံ့မှုလည်း ရရှိဦးမှာပါ။ 4000mAh ဘက်ထရီကို USB Type-C ကနေ 15W အမြန်အားသွင်းစနစ်နဲ့ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။

Lenovo Z6 အတွက် Blue အရောင်တစ်မျိူးတည်းသာ ထုတ်လုပ်ထားတာဖြစ်ပြီး၊ လောလောဆယ်မှာတော့ တရုတ်နိုင်ငံမှာပဲ ဝယ်ယူရရှိနိုင်မယ်လို့ သိရပါတယ်။

Ref : Gizmochina