Letv စမတ်ဖုန်းတွေကို ယခင်တုန်းက မိတ်ဆက်ခဲ့ဖူးတဲ့ LeEco ကုမ္ပဏီဟာ နည်းပညာလောက ကနေ ပျောက်ကွယ်နေတာ နှစ်အတော်ကြာနေပြီဖြစ်ပါတယ်။ ဒါကလည်း အထူးသဖြင့် International စျေးကွက်အတွက်ဖြစ်ပြီး တရုတ်နိုင်ငံအတွင်းမှာတော့ ဆက်လက်ပြီး Accessories အချို့ကို ရောင်းချနေဆဲဖြစ်တယ်လို့ သိရပါတယ်။

အခုလည်း Letv ကနေ တရုတ်နိုင်ငံစျေးကွက်အတွက် True Wireless Earbuds တစ်ခုကို မိတ်ဆက်လိုက်ပြီလို့ သိရပါတယ်။ အဆိုပါ Earbuds ကိုတော့ Letv Super Earphone Ears Pro လို့နာမည်ပေးထားတာဖြစ်ပါတယ်။

Letv Super Earphone Ears Pro ဟာ Design ပိုင်းမှာ Apple AirPods Pro နဲ့ဆင်တူပြီးတော့ ပါဝင်တဲ့ Feature တွေလည်း အတော်များများဆင်တူတယ်လို့ ပြောလို့ရပါတယ်။ အထူးသဖြင့် Active Noise Cancellation (ANC) ၊ USB-C Charging အပြင် Qi Wireless Charging ပါဝင်တာတွေက ဆင်တူနေမှာဖြစ်ပါတယ်။ Letv ရဲ့ ပြောကြးချက်အရတော့ Bluetooth 5.0 ကို အသုံးပြုထားတဲ့အပြင် ချိတ်ဆက်မှုကို ပိုပြီးလွယ်ကူစေဖို့အတွက် L1+ Chip ကိုပါ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

Audio Codec တွေအနေနဲ့ HSP ၊ HFP ၊ A2DP ၊ AAC နဲ့ SBC Audio Codec တွေကို Support ပြုလုပ်ထားသလို Touch Gesture Feature တွေကိုလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Battery Life အနေနဲ့ကတေ့ာ Earbuds တွေမှာ ၄ နာရီဆက်တိုက်အသုံးပြုနိုင်မှာဖြစ်ပြီး Charging Case နဲ့ တွဲဖက်အသုံးပြုမယ်ဆိုရင် စုစုပေါင်း Battery Life ကို ၂၈ နာရီအထိ ရရှိမှာဖြစ်ပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ Letv Super Earphone Ears Pro TWS Earbuds တွေဟာ ၂၁၈ ယွမ် (မြန်မာငွေ ၄ သောင်းခွဲဝန်းကျင်) ပဲကျသင့်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီစျေးနဲ့ အခုလိုမျိုး ANC ၊ Wireless Charging Feature တွေပါဝင်တာကတော့ တော်တော်လေးကို ကောင်းမွန်တယ်လို့ ပြောရမှာပါ။

Ref – Gizmo China