LG ဟာ စမတ်ဖုန်းလောကကို ကျောခိုင်းသွားပြီ ဖြစ်ပေမယ့် စမတ်ဖုန်း Accessory တွေကိုတော့ ဆက်လက် ထုတ်လုပ်နေပါသေးတယ်။ အခုလည်း Tone Free TWS နားကြပ်အသစ် ၂ ခုကို ကြေညာလိုက်ပြီး FP9 နဲ့ FP5 လို့ နာမည်ပေးထားပါတယ်။ နားကြပ်အသစ်တွေမှာ အရင်မျိုးဆက်ထက် ပိုတိုတဲ့ Stem တွေ တပ်ဆင်ထားပြီး IPX5 ကာကွယ်မှုနဲ့ Mode ၃ ခုပါတဲ့ Active Noise Cancellation တွေ ပါလာပါတယ်။

LG brings three new Tone Free earbuds with ANC, UV self-cleaning

နားကြပ်တွေမှာ Meridian Audio ရဲ့ Spatial Processing ထည့်သွင်းထားပြီး အသံအရည်အသွေး မြင့်မားပါတယ်။ ဆော့ဖ်ဝဲမှာလည်း မြင့်မားတဲ့ အသံအရည်အသွေးကို ခံစားနိုင်မယ့် 3D Sound Stage ပံ့ပိုးပေးထားပါတယ်။

နားကြပ်တွေမှာ မိုက်ကရိုဖုန်း ၃ လုံး ထည့်သွင်းထားပြီး ဥပမာအနေနဲ့ Whispering Mode ဟာ စာကြည့်တိုက်တွေ၊ ရထားတွေပေါ်မှာ အသံတိုးတိုးနဲ့ ပြောနိုင်အောင် ကူညီပေးပါတယ်။

LG ဟာ FP8 ရဲ့ UVnano Charging Case ကို FP9 မှာ ထည့်သွင်းထားပြီး ၅ မိနစ်လောက်အားသွင်းလိုက်ရင် ဘက်တီးရီးယားတွေကို ၉၉.၉ ရာခိုင်နှုန်း သန့်ရှင်းပေးပါတယ်။ FP9 ရဲ့ နောက်ထပ် မိုက်တဲ့လုပ်ဆောင်ချက်က Wireless Audio Dongle လို သုံးနိုင်တာဖြစ်ပြီး ဂိမ်းစက်တွေ၊ လက်ပ်တော့၊ ပီစီတွေနဲ့ ချိတ်ဆက်နိုင်ကာ Low-latency Sound ကို ခံစားနိုင်တာပါ။

FP9 ရဲ့ ဘက်ထရီ သက်တမ်းက ANC ပိတ်ထားရင် ၂၄ နာရီ ဖြစ်ပြီး FP5 က ၂၂ နာရီ ဖြစ်ပါတယ်။ LG က အဲဒီ နားကြပ် ၂ ခုရဲ့ ဈေးနှုန်းတွေကို မပြောသေးပေမယ့် ဒီလထဲ နိုင်ငံတချို့မှာ ရောင်းမယ်လို့ အတည်ပြုထားပါတယ်။ FP9 အတွက် Charcoal Black, Pearl White နဲ့ Haze Gold အရောင်တွေ ထုတ်လုပ်ထားပြီး FP5 အတွက်တော့ Haze Gold အရောင် မပါလာပါဘူး။

Ref : gsmarena