[Zawgyi]

LG က G Pad 8 ကို ဖန္တီးေနၿပီး မၾကာခင္မွာ ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ အခုေတာ့ အဲဒီ တက္ဘလက္ရဲ႕ ဓါတ္ပံု၊ Specifications နဲ႔ ေစ်းႏႈန္း သတင္းအခ်က္အလက္ေတြ အြန္လိုင္းမွာ ေပါက္ၾကားထြက္ေပၚလာပါတယ္။ 91mobiles က LG G Pad 8 မွာ 8MP Main Camera နဲ႔ 5MP Selfie Camera တပ္ဆင္ထားမယ္လို႔ ေျပာပါတယ္။

8,200mAh Battery ပါလာမယ့္အတြက္ ဘက္ထရီ သက္တမ္းက ရွယ္လန္းပါတယ္။ မ်က္ႏွာျပင္ ပတ္လည္က ေဘာင္ေတြက ထူေနတာေတာ့ သိပ္မမိုက္ပါဘူး။ စပီကာနဲ႔ USB Type-C Port ကို ေအာက္ေျခမွာ တပ္ဆင္ထားတာေတြ႕ရပါတယ္။ သတၱဳ ကိုယ္ထည္နဲ႔ တည္ေဆာက္ထားတာက တန္ဖိုးႀကီး ဒီဇိုင္း ျဖစ္ပါတယ္။ ၃၆၇ ေဒၚလာနဲ႔ ေရာင္းမယ္လို႔ သတင္းထြက္ေနၿပီး ျမန္မာေငြ ၅၆၀,၀၀၀ ေလာက္ ရွိပါတယ္။ Processor , Graphics , Display , Connectivity ေတြရဲ႕ သတင္းအခ်က္အလက္ေတြ မထြက္ေပၚလာေသးပါဘူး။

ေနာက္ထပ္ တက္ဘလက္ ၁ လံုးကိုလည္း LG က ဖန္တီးေနပါတယ္။ LG G Pad 5 ျဖစ္ၿပီး Geekbench မွာ အဲဒီ တက္ဘလက္ရဲ႕ သတင္းအခ်က္အလက္ေတြ ထြက္ေပၚလာပါတယ္။ ေမာ္ဒယ္ နံပါတ္က LGE LM-T600 ျဖစ္ၿပီး ၃ ႏွစ္ၾကာေနၿပီ ျဖစ္တဲ့ Snapdragon 821 Chipset ထည့္ထားတာက သိပ္မမိုက္ပါဘူး။ 4GB RAM ထည့္ထားပါတယ္။

ေပါက္ၾကားထြက္ေပၚေနတဲ့ သတင္းေတြအရ G Pad 5 မွာ ၁၀.၁ လက္မ Full HD Display ထည့္သြင္းထားမွာ ျဖစ္ၿပီး 1920x1200p Resolution ျဖစ္ပါတယ္။ Android 9 Pie OS ေမာင္းႏွင္ထားမွာပါ။ 4G LTE, USB Type-C, Wi-Fi, Bluetooth v4.2, microSD Slot နဲ႔ 3.5mm AUX Port ေတြ တပ္ဆင္ထားမွာပါ။

Ref : gizmochina

[Unicode]

LG G Pad 8 ရဲ့ Key Specs တွေ ထွက်ပေါ်လာ

LG က G Pad 8 ကို ဖန်တီးနေပြီး မကြာခင်မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ အခုတော့ အဲဒီ တက်ဘလက်ရဲ့ ဓါတ်ပုံ၊ Specifications နဲ့ ဈေးနှုန်း သတင်းအချက်အလက်တွေ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပါတယ်။ 91mobiles က LG G Pad 8 မှာ 8MP Main Camera နဲ့ 5MP Selfie Camera တပ်ဆင်ထားမယ်လို့ ပြောပါတယ်။

8,200mAh Battery ပါလာမယ့်အတွက် ဘက်ထရီ သက်တမ်းက ရှယ်လန်းပါတယ်။ မျက်နှာပြင် ပတ်လည်က ဘောင်တွေက ထူနေတာတော့ သိပ်မမိုက်ပါဘူး။ စပီကာနဲ့ USB Type-C Port ကို အောက်ခြေမှာ တပ်ဆင်ထားတာတွေ့ရပါတယ်။ သတ္တု ကိုယ်ထည်နဲ့ တည်ဆောက်ထားတာက တန်ဖိုးကြီး ဒီဇိုင်း ဖြစ်ပါတယ်။ ၃၆၇ ဒေါ်လာနဲ့ ရောင်းမယ်လို့ သတင်းထွက်နေပြီး မြန်မာငွေ ၅၆၀,၀၀၀ လောက် ရှိပါတယ်။ Processor , Graphics , Display , Connectivity တွေရဲ့ သတင်းအချက်အလက်တွေ မထွက်ပေါ်လာသေးပါဘူး။

နောက်ထပ် တက်ဘလက် ၁ လုံးကိုလည်း LG က ဖန်တီးနေပါတယ်။ LG G Pad 5 ဖြစ်ပြီး Geekbench မှာ အဲဒီ တက်ဘလက်ရဲ့ သတင်းအချက်အလက်တွေ ထွက်ပေါ်လာပါတယ်။ မော်ဒယ် နံပါတ်က LGE LM-T600 ဖြစ်ပြီး ၃ နှစ်ကြာနေပြီ ဖြစ်တဲ့ Snapdragon 821 Chipset ထည့်ထားတာက သိပ်မမိုက်ပါဘူး။ 4GB RAM ထည့်ထားပါတယ်။

ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းတွေအရ G Pad 5 မှာ ၁၀.၁ လက်မ Full HD Display ထည့်သွင်းထားမှာ ဖြစ်ပြီး 1920x1200p Resolution ဖြစ်ပါတယ်။ Android 9 Pie OS မောင်းနှင်ထားမှာပါ။ 4G LTE, USB Type-C, Wi-Fi, Bluetooth v4.2, microSD Slot နဲ့ 3.5mm AUX Port တွေ တပ်ဆင်ထားမှာပါ။

Ref : gizmochina