[Unicode]

တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီး LG ကတော့ ဒီနှစ်ရဲ့နှောင်းပိုင်းမှာ သူတို့ရဲ့ ထုတ်ကုန်သစ် LG G9 ThinQ ကို ကြေညာလာဖွယ်ရှိပါတယ်။ ဒီ Flagship အသစ်နဲ့ပတ်သက်ပြီး သတင်းသိပ်မထွက်ခဲ့ဘူးဆိုပေမယ့် အခုတော့ ပေါက်ကြားသတင်းတွေမှာ ယုံကြည်စိတ်ချရတဲ့ @OnLeaks ကတစ်ဆင့် Renders တွေကို တွေ့မြင်ရပါပြီ။

ပေါက်ကြားထွက်ပေါ်လာတဲ့ CAD renders ကတစ်ဆင့် သိနိုင်တာကတော့ LG G9 ThinQ ဟာ Bezel-less ဒီဇိုင်းနဲ့ဖြစ်ပြီး Notch ကလည်း တော်တော်လေး သေးငယ်နေပါတယ်။ မျက်နှာပြင်အရွယ်အစားကတော့ 6.7-inch နဲ့ 6.9-inch ကြားမှာ ရှိမယ်လို့ ခန့်မှန်းရပါတယ်။ မျက်နှာပြင်အောက်မှာတော့ In-display fingerprint reader ရှိနေပါလိမ့်မယ်။

ကျောဘက်ကတော့ Glass panel နဲ့ တန်ဆာဆင်ထားပြီး ကင်မရာလေးလုံးကို အတန်းလိုက် တပ်ဆင်ထားတာတွေ့ရပါတယ်။ ဘေးဘက်ခြမ်းမှာတော့ အဖွင့်အပိတ်ခလုတ်၊ အသံအတိုးအချဲ့ခလုတ်၊ Google Assistant ခလုတ်တွေကို တပ်ဆင်ထားပါတယ်။ USB Type C အားသွင်းပေါက်၊ 3.5mm headphone jack တို့ကို အောက်ခြေမှာတွေ့ရပြီး SIM ကဒ်ပေါက်ကတော့ အပေါ်မှာပါ။

LG G9 ThinQ ဟာ 169.4 x 77.6 x 8.8mm အတိုင်းအတာ ရှိတယ်လို့ ခန့်မှန်းရပါတယ်။ အခုမှ Render ပဲ မြင်တွေ့ရသေးတာဖြစ်တဲ့အတွက် အဓိကအစိတ်အပိုင်းတွေအကြောင်းကို ပြောဖို့က စောနေသေးတယ်လို့ ဆိုရမှာပါ။ ဘာပဲဖြစ်ဖြစ် အစတစ်စထွက်လာပြီးရင် ကျန်တဲ့အပိုင်းတွေလည်း ဆက်တိုက်ထွက်လာတတ်တာကြောင့် LG G9 ThinQ နဲ့ပတ်သက်တဲ့ သတင်းတွေကို သိပ်မကြာခင် ထပ်ပြီးကြားသိရဦးမယ်လို့ မျှော်လင့်ရပါတယ်။

Ref: Android Authority

[Zawgyi]

ေက်ာဘက္ကင္မရာေလးလုံးနဲ႔ LG G9 ThinQ ရဲ႕ Renders မ်ား ေပၚထြက္လာ

ေတာင္ကိုရီးယား နည္းပညာကုမၸဏီႀကီး LG ကေတာ့ ဒီႏွစ္ရဲ႕ေႏွာင္းပိုင္းမွာ သူတို႔ရဲ႕ ထုတ္ကုန္သစ္ LG G9 ThinQ ကို ေၾကညာလာဖြယ္ရွိပါတယ္။ ဒီ Flagship အသစ္နဲ႔ပတ္သက္ၿပီး သတင္းသိပ္မထြက္ခဲ့ဘူးဆိုေပမယ့္ အခုေတာ့ ေပါက္ၾကားသတင္းေတြမွာ ယုံၾကည္စိတ္ခ်ရတဲ့ @OnLeaks ကတစ္ဆင့္ Renders ေတြကို ေတြ႕ျမင္ရပါၿပီ။

ေပါက္ၾကားထြက္ေပၚလာတဲ့ CAD renders ကတစ္ဆင့္ သိႏိုင္တာကေတာ့ LG G9 ThinQ ဟာ Bezel-less ဒီဇိုင္းနဲ႔ျဖစ္ၿပီး Notch ကလည္း ေတာ္ေတာ္ေလး ေသးငယ္ေနပါတယ္။ မ်က္ႏွာျပင္အ႐ြယ္အစားကေတာ့ 6.7-inch နဲ႔ 6.9-inch ၾကားမွာ ရွိမယ္လို႔ ခန႔္မွန္းရပါတယ္။ မ်က္ႏွာျပင္ေအာက္မွာေတာ့ In-display fingerprint reader ရွိေနပါလိမ့္မယ္။

ေက်ာဘက္ကေတာ့ Glass panel နဲ႔ တန္ဆာဆင္ထားၿပီး ကင္မရာေလးလုံးကို အတန္းလိုက္ တပ္ဆင္ထားတာေတြ႕ရပါတယ္။ ေဘးဘက္ျခမ္းမွာေတာ့ အဖြင့္အပိတ္ခလုတ္၊ အသံအတိုးအခ်ဲ႕ခလုတ္၊ Google Assistant ခလုတ္ေတြကို တပ္ဆင္ထားပါတယ္။ USB Type C အားသြင္းေပါက္၊ 3.5mm headphone jack တို႔ကို ေအာက္ေျခမွာေတြ႕ရၿပီး SIM ကဒ္ေပါက္ကေတာ့ အေပၚမွာပါ။

LG G9 ThinQ ဟာ 169.4 x 77.6 x 8.8mm အတိုင္းအတာ ရွိတယ္လို႔ ခန႔္မွန္းရပါတယ္။ အခုမွ Render ပဲ ျမင္ေတြ႕ရေသးတာျဖစ္တဲ့အတြက္ အဓိကအစိတ္အပိုင္းေတြအေၾကာင္းကို ေျပာဖို႔က ေစာေနေသးတယ္လို႔ ဆိုရမွာပါ။ ဘာပဲျဖစ္ျဖစ္ အစတစ္စထြက္လာၿပီးရင္ က်န္တဲ့အပိုင္းေတြလည္း ဆက္တိုက္ထြက္လာတတ္တာေၾကာင့္ LG G9 ThinQ နဲ႔ပတ္သက္တဲ့ သတင္းေတြကို သိပ္မၾကာခင္ ထပ္ၿပီးၾကားသိရဦးမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref: Android Authority