LG က GX Gallery OLED Series TV တွေနဲ့ တွဲသုံးဖို့ အရမ်းလိုက်ဖက်တဲ့ GX Soundbar အသစ်ကို ကြေညာလိုက်ပါတယ်။ Dolby Atmos, AI Sound Pro , Hi-res Audio Certification , DTX:S စတာတွေ ထောက်ပံ့ထားပါတယ်။

LG GX Soundbar ရဲ့ အရွယ်အစား အပြည့်အစုံမှာ 15cm x 144.6cm x 3.25cm ဖြစ်ပြီး အရှည်က ၆၅ လက်မ LG GX Gallery Series TV နဲ့ တူပါတယ်။ TV အောက် နံရံမှာ တပ်ဆင်ထားနိုင်သလို Steel Stand နဲ့လည်း တွဲသုံးနိုင်ပါတယ်။

Dolby Atmos နဲ့ DTX:S တို့ကြောင့် အသံအရည်အသွေးက အရမ်းလန်းမှာဖြစ်ပါတယ်။ Subwoofer နဲ့ Soundbar ကို ကြိုးမဲ့ ချိတ်ဆက်နိုင်ပြီး Latency နည်းပါးတဲ့အတွက် အသံနောက်ကျတာ သိပ်မဖြစ်ပါဘူး။ eARC Support ကြောင့် Dolby True HD နဲ့ DTS Master Audio တို့လို High-resolution Audio Formats တွေ ထောက်ပံ့ထားပါတယ်။

Soundbar ဟာ Hi-res Audio စံနှုန်းရှိပြီး 24bit/96kHz နှုန်း ထုတ်လုပ်ပေးနိုင်ပါတယ်။ Bluetooth ဆက်သွယ်မှုနဲ့ အကောင်းဆုံး Sound Settings ကို အလိုလို ပြောင်းပေးတဲ့ LG AI Sound Pro ပါပါတယ်။ ဥရောပ၊ မြောက်အမေရိကနဲ့ အာရှမှာ ဒီလထဲ ရောင်းမှာပါ။

Ref : fonearena